ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁ ယောက် သေဆုံးပြီး အရာရှိ ၁ ယောက်အပါ ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၇၀၃ တပ်ရင်း – Fire Dragon တပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

မေလ ၆ ရက် ညနေပိုင်းမှာ ရွှေကျင်မြို့နယ်၊ ရုံးတိုင်းကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ သံဆိပ်စခန်းကနေ ရွှေကျင်ကို ပြန်လာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က ၁ ယောက် သေဆုံးပြီး အရာရှိအပါအဝင် ၆ ယောက် ဒဏ်ရာရရှိကာ သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Fire Dragon တပ်ဖွဲ့နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၇) ပူးပေါင်းစစ်ကြောင်းက လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အင်အားပြင်း ငလျင်ကြောင့် သေဆုံးခဲ့ရသူ ၃၇၀၀ နီးပါး ရှိလာ

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၇၀၀ နီးပါးရှိသွားပြီလို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမှာ စစ်ကြောင်းထိုးမီးလိုက်ရှို့နေတဲ့ စစ်အုပ်စုက ဇီးကုန်းတိုက်နယ် ရွာ ၃ရွာကို ထပ်မံမီးဝင်ရှို့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကြောင်းထိုးမီးလိုက်ရှို့နေတဲ့ အကြမ်းဖက်စစ်အုပ်စုက ဇီးကုန်းတိုက်နယ်ထဲက ကျေးရွာ ၃ရွာကို ထပ်မံ မီးရှို့ခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။
Read More

ကနီမြို့နယ် သမင်ခြံကျေးရွာတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း ကနီမြို့နယ် သမင်ခြံစံပြကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်လေယာဥ်နဲ့ လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်ထိုးစစ်တွေကြောင့် အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၁၈၀ ကျော် သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အရပ်သားပြည်သူ ၁၈၀ ကျော်သေဆုံးခဲ့ရတယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်းက အလင်းဝင်လာသူတွေ အဆိုပါစစ်ကြောင်းကို ချေမှုန်းနေတဲ့ တော်လှန်ရဲဘော်တွေအတွက် နောက်တန်းမှာ ချက်ပြုတ်ပေးနေ (ဓာတ်ပုံသတင်း)

စစ်ကောင်စီက ကရင်ပြည်နယ်ပြန်လည်စိုးမိုးရေးအတွက် နိုင်ငံတော်အဆင့်စစ်ဆင်ရေးအဖြစ် သတ်မှတ်ခဲ့တဲ့ အောင်ဇေယျစစ်ကြောင်းကနေ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာသူတွေ ရှိခဲ့ပါတယ်။
Read More

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် မြောက်ဦးမြို့ကို စစ်ကောင်စီ ဗုံးသီး ၂၁ လုံးခန့် ကြဲချတိုက်ခိုက်၊ အရပ်သား ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်ရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် မြောက်ဦးမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရခိုင်ဒေသတွင်း သတင်းဌာနတွေ ဖော်ပြမှုနဲ့ ဒေသခံတွေဆီက သိရပါတယ်။