တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာနဲ့ ထိုင်း-မြန်မာနယ်စပ် မောတောင်ကုန်သွယ်ရေးလမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တိုက်ပွဲ ၄ လကျော် ဖြစ်ပွားခဲ့ရာ စစ်တပ်က တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့ ဒုဗိုလ်မှူး ၁ ယောက်အပါအဝင် ထိခိုက်သေဆုံးသူ ၁၅၀ ခန့် ရှိတယ်လို့ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက မနေ့က ထုတ်ပြန်ပါတယ်။

တနင်္သာရီမြို့နယ်အခြေစိုက် KNU တပ်မဟာ (၄) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA တပ်ရင်း(၁၁) စိုးမိုးထိန်းချုပ်ထားတဲ့ သိန်ခွန်းကျေးရွာနဲ့ မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းမှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်ကနေ အခုနှစ် မေလ ၆ ရက်အထိ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာရာ KNLA ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့ နေ့တိုင်းနီးပါး တိုက်ပွဲတွေ ပြင်းထန်ပြီး တိုက်ပွဲအကြိမ်ပေါင်း (၁၀၀) ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က သေဆုံးထိခိုက်သူ အယောက် ၁၅၀ ခန့်ရှိရာ တပ်ရင်းမှူး ၁ ယောက်၊ ဒုတပ်ရင်းမှူး ၁ ယောက်နဲ့ ဒုဗိုလ်မှူး ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ(၄)လကျော်ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င် (၁၂) ယောက်က KNLA ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ (Black Cobra) စစ်ကြောင်း ဆီ လက်နက်တွေနဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ(၄၃၁) က ၃ ယောက်က MA1 (၃) လက်၊ ခမရ (၂၈၀) က ၃ ယောက်က MA1 (၂)လက်၊ ခလရ (၁၇) က ၆ ယောက် က MA1 (၄) လက်၊ MA2 (၂) လက်နဲ့ လက်ပစ်ဗုံး (၆) လုံးတို့ကို ယူဆောင်အလင်းဝင်လာရာ KNLA တပ်ရင်း (၁၁) တပ်ရင်းမှူးက ဆုကြေးငွေအဖြစ် တစ်ယောက်ကို ငွေကျပ်သိန်း (၅၀)စီ ဂုဏ်ပြုချီးမြင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ခင်ဦးမှာ စစ်ကောင်စီထုတ် မြန်မာဘီယာတွေ မြို့နယ် ပအဖ နဲ့ ပကဖ က ဖမ်းဆီးရမိပြီး ဖျက်ဆီးခဲ့…

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီထုတ် မြန်မာဘီယာတွေကို ဖမ်းဆီးရမိပြီး ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် Mobye Local PDF ရဲဘော် ၂ ဦး ပြင်းထန်ဒဏ်ရာရ၊ ဆေးကုသစဥ် ၁ ဦး ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Mobye Local PDF က ရဲဘော် ၂ ယောက် အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြင်းထန်ဒဏ်ရာရပြီး ၁ ယောက် ကျဆုံးသွားတယ်လို့ Mobye Local PDF က ထုတ်ပြန်ထားပါတယ်။
Read More

နတ်မောက်နှင့် မြို့သစ်တွင် စစ်ထောက်ပို့ကားတန်းနှင့် ကင်းပုန်းဝပ်စစ်သားများ တိုက်ခိုက်ခံရပြီး ၇ ဦး ထက်မနည်း သေ

မကွေးတိုင်း၊ မကွေးခရိုင်အတွင်းက မြို့သစ်နဲ့ နတ်မောက်မြို့နယ်တို့မှာ ကင်းပုန်းဝပ် စစ်သားတွေနဲ့ ထောက်ပို့ စစ်ကားတန်း တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၇ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ အဖွဲ့တွေက အသီးသီး ထုတ်ပြန်ထားပါတယ်။
Read More

ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ်ယာဥ်တန်းကို တိုက်ခိုက်ရာ ၁၀ ယောက်သေပြီး အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ၊ အမ်း-ပဒါန်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်တန်းကို တိုက်ခိုက်ရာ ၁၀ ယောက်သေပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ထုတ်ပြန်ထားပါတယ်။
Read More

ပဲခူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၂၂) ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ (ဓာတ်ပုံသတင်း)

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။
Read More

ကနီမြို့နယ်၊ ချောင်းမရွာ တိုက်ပွဲမှ အောင်ပွဲဖြင့် ပြန်လာသည့် BLDF ရဲဘော်များကို ပြည်သူများ ဂုဏ်ပြုကြိုဆို

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချောင်းမရွာ တိုက်ပွဲကနေ အောင်ပွဲနဲ့ ပြန်လာတဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) ရဲဘော်တွေကို ပြည်သူတွေ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။