ပဲခူး – ရန်ကုန် လမ်းပိုင်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်အောက်ရှိ Southern Eagle PDF တပ်ရင်းက ဆေးမှူး ရဲဘော် Lightning ဟာ တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။

မေလ ၈ ရက်​ ဒီနေ့မှာ ပဲခူး-ရန်ကုန်လမ်းပိုင်းရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ စခန်းသိမ်းတိုက်ပွဲမှာ ရဲဘော် Lightning က ​တော်လှန်​ရေးတာဝန်တွေ ထမ်း​ဆောင်ရင်း ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဆေးမှူး ရဲဘော် Lightning ဟာ ၂၀၂၁ ခုနှစ် ၄လပိုင်းမှာ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ဖို့ တောထဲရောက်လာခဲ့သူပါ။ ရဲဘော်တစ်ယောက်အနေနဲ့ အခြေခံ ဆေးကုသရေး ပညာကို သင်ယူရင်း တော်လှန်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းရင်းကနေ ဆေးမှူးတစ်ယောက် ဖြစ်လာခဲ့တယ်လို့ မောင်းသတင်းဌာနနဲ့ သီးသန့်တွေ့ဆုံစဉ်က ပြောပြခဲ့ပါတယ်။

Southern Eagle PDF အနေနဲ့ စခန်းသိမ်း၊ မြို့သိမ်း အောင်မြင်မှုတွေ ရရှိရေးအတွက် လိုအပ်ချက်များစွာ ရှိနေပြီး ခဲယမ်းတွေအပြင် ထိခိုက်ဒဏ်ရာရရှိတဲ့ တော်လှန်ရေးရဲဘော်တွေအတွက် ကုသရေးဆိုင်ရာဆေးဝါးတွေပါ လိုအပ်နေတယ်လို့ သိရပါတယ်။

ရဲဘော် Lightning ဟာ တော်လှန်ရေးတပ်ဖွဲ့တွေထဲ CDM ဆရာဝန်တွေ ပါဝင်ကြဖို့လည်း တိုက်တွန်းခဲ့ဖူးပါတယ်။

“တော်လှန်ရေးတပ်ထဲမှာ ဆရာဝန်တွေ လိုပါတယ်။ ဆရာဝန်တစ်ယောက်လောက် ရှိနေခဲ့ရင် ရဲဘော်တွေအတွက် အများကြီး အထောက်အကူ ပြုတယ်။ အဓိကက CDM ဆရာဝန်တွေ.. ငါကတော့ CDM လုပ်ထားတာပဲ ဆိုပြီးတော့ သက်သက်စီ မနေပါနဲ့.. သက်ဆိုင်ရာ မြေပြင်တာဝန်တွေကို သွားရောက်ထမ်းဆောင်ပေးကြဖို့ တောင်းဆိုချင်ပါတယ်” လို့ ဆေးမှူး ရဲဘော် Lightning က မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဗန်းမော်မြို့ အပြီးသတ်သိမ်းပိုက်နိုင်ရေး KIA ပူးပေါင်းတပ်များ ယနေ့ ပြန်လည်ထိုးစစ်ဆင်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက မေလ ၂၇ရက် ဒီနေ့မှာ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စခန်းအချို့ သိမ်းပိုက်ရရှိထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

တနင်္သာရီမြို့မှ မြိတ်မြို့ကို ဒဏ်ရာရစစ်သားများ သယ်ဆောင်လာသော စစ်ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်…

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့ကနေ မြိတ်မြို့ကို ဒဏ်ရာရစစ်သားတွေ သယ်ဆောင်လာတဲ့ စစ်ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စုအတွက် စစ်မှု‌ထမ်းကြေး ကောက်ခံပေးသည့် ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မြောက်ကုန်းကြီးအုပ်စုမှာ အကြမ်းဖက်စစ်‌ကော်မရှင်တပ်သား‌တွေအတွက် စစ်မှုထမ်းကြေး ကောက်ခံပေးနေတဲ့ ရာအိမ်မှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံရဲဘော် Shadowက မောင်းကို ပြောပါတယ်။
Read More

အမှတ် (၁)စစ်ဒေသ၊ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ ၊ ပခုက္ကူခရိုင် P1-4019 တပ်ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ (၉) ရက် မနေ့က တပ်ခွဲ(၁)၊ (၂) နဲ့ (၃)တို့ စုပေါင်းကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့တွင် ဒေသခံ အမျိုးသား (၂)ဦး မြေမြှုပ်မိုင်းနင်းမိကာ ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒေသခံ အမျိုးသား (၂) ယောက် မြေမြှုပ်မိုင်းကို နင်းမိခဲ့ရာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

NUG အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန ၂ ခု၏ ဒုဝန်ကြီး မြေပြင်ကွင်းဆင်း တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့ရဲ့ ဒုဝန်ကြီးအဖြစ် ပူးတွဲတာဝန်ယူထားတဲ့ ဦးကျော်နီ မြေပြင်ကွင်းဆင်းပြီး အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်တွေနဲ့ ပြည်သူတွေကို တွေ့ဆုံခဲ့တယ်လို့ NUG ရဲ့ သတင်းပြန်ကြားရေးမီဒီယာက ဩဂုတ် ၄ ရက် မနေ့က သတင်းဖော်ပြထားပါတယ်။