ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးမြို့နယ် အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုကျော်ကျော်မြင်နဲ့ ကိုမင်းသူစိုးတို့ကို တခြား ရာဇဝတ်အကျဉ်းသားအုပ်စုက သတ်ဖြတ်ဖို့ ကြံစည်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃၀ရက်နေ့မှာ ထောင်ဒဏ် (၁၅)နှစ် ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသား ကိုကျော်ကျော်မြင့်နဲ့ ထောင်ဒဏ် (၄)နှစ် ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသား ကိုမင်းသူစိုးတို့ ၂ ယောက်ဟာ ထောင်ကကျွေးတဲ့ ငါးဟင်း ဘာကြောင့် ဒီနေ့ နောက်ကျရကြောင်းကို ထောင်ပိုင်လေးရဲ့ လူယုံ လက်ရင်း တပည့် ထက်နိုင်က အိပ်ဆောင်အတွင်း ဝင်ရောက်ပြောကြားခိုင်းတာကြောင့် ဝင်ရောက်ပြောကြားရာကနေ အုပ်စုဖွဲ့ ဝိုင်းဝန်း ရိုက်နှက်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဥ်းသား ကိုကျော်ကျော်မြင့်ဟာ ပြောခိုင်းတာတွေကို ပြောနေချိန် ရာဇဝတ် အကျဥ်းသား စပရိန်က အသင့်ပြုလုပ်ထားတဲ့ ပုံစံအပြာ ပုဆိုးနဲ့ ထုတ်ပတ်ထားတဲ့ ကွန်ကရစ်တုံးနဲ့ ဦးခေါင်း နောက်စေ့ကို စတင် ရိုက်နှက်ခဲ့ကြောင်း၊ တခြားရာဇဝတ်အကျဉ်းသား မင်းမင်း(ခ)ပါပြတ်ဆိုသူကလည်း ကွန်ကရစ်တုံးနဲ့ ဦးခေါင်းကို ဝင်ရောက် ထုနှက်ခဲ့ကြောင်း၊ အဲဒီနောက် ကိုကျော်ကျော်မြင့်ကို မင်းထက်(ခ)ဘိုဘို၊ ပေါင်ချိန်၊ နွားကြီး ဆိုတဲ့ တခြားအကျဉ်းသားတွေကလည်း ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခြားနိုင်ကျဥ်းဖြစ်တဲ့ ကိုမင်းသူစိုးကိုလည်း ရာဇဝတ်အကျဥ်းသားတွေ ဖြစ်ကြတဲ့ ဝင်းသန်းထွန်း၊ ကျော်သက်လွင်၊ ပေါင်ချိန်၊ မင်းထက်(ခ)ဘိုဘို၊ မိုးကောင်းကင်၊ ပါပြတ်၊ နွားကြီး၊ စပရိန် နဲ့ တန်းစီးဖြစ်သူ သွားကြိုး ၊ ဂျိုကာ၊ ကောင်းရွှေထက်၊ မန္တလေးမြို့ရှိ Mobile Mother ဖုန်းဆိုင်ပိုင်ရှင်ရဲ့ သားဖြစ်သူ (အမည်မသိရသေး) တို့ကလည်း ဝိုင်းဝန်း ထိုးကြိတ်ခဲ့ကြတယ်လို့ သိရပါတယ်။

အခုလို အုပ်စုဖွဲ့ ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြသူတွေဟာ ယခင်ထောင်ပိုင်လေး စိုးမိုးအောင် ဦးဆောင်မှုနဲ့ MJ မှ စစ်/စည်း ရဲ/စည်း တွေကနေ နိုင်ငံရေးအကျဉ်းသားတွေကို သီးသန့်နှိပ်ကွပ်ဖို့ ထောင်တွင်းဖွဲ့စည်းထားတဲ့ ဘားကုတ်ဂိုဏ်းမှာ ဦးဆောင်သူတွေ ဖြစ်ပြီး သူတို့ရဲ့ ဂုတ်မှာ ပုံစံတူ ဘားကုတ်ပုံစံ တက်တူးထိုးထားကြတယ်လို့ ဆိုထာားပါတယ်။

အဲဒီလို အုတ်စုဖွဲ့ပြီး လူသတ်ဖို့ ကြိုးစားခဲ့သူတွေကြောင့် နိုင်ငံရေးအကျဉ်းသား ကိုကျော်ကျော်မြင့်မှာ ဦးခေါင်းကွဲအက် ဒဏ်ရာ၊ ခန္ဓာကိုယ် ဖူးယောင် ပေါက်ပြဲဒဏ်ရာ၊ မျက်နှာဖူးယောင်ဒဏ်ရာ၊ တံတောင်ဆစ် လက်မောင်း ညိုမည်းဒဏ်ရာတွေ ရရှိခဲ့ပြီး ဦးခေါင်းကွဲသွားတာကြောင့် ဒဏ်ရာကို (၃)ချက် ချုပ်ခဲ့ရတယ်လို့ သိရပါတယ်။

အလားတူ နိုင်ငံရေးအကျဉ်းသား ကိုမင်းသူစိုးမှာလည်း ဦးခေါင်းကွဲအက်ဒဏ်ရာကြောင့် (၇) ချက်ချုပ်ရပြီး ဘယ်မျက်ခုံး ကွဲအက်ဒဏ်ရာ၊ မျက်နှာတပြင်လုံး ဖူးယောင်ညိုမဲဒဏ်ရာနဲ့ ခန္ဓာကိုယ်အနှံ့ ညိုမည်းယောင်ကိုင်းဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရေး အကျဉ်းသား ၂ယောက်ကို ဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့ နေရာဟာ အိပ်ဆောင်မှူး ရုံးခန်းရှေ့မှာဖြစ်ပေမယ့် အိပ်ဆောင်မှူး ဗိုလ်လေး အောင်ရဲနိုင်၊ တပ်ကြပ် ဝင်းမောင်၊ တပ်ကြပ် သိန်းသန်းဦး(ခ)ပြောင်ကြီးတို့ဟာ ဝင်ရောက်ဟန့်တားတာတွေ လုံးဝမပြုလုပ်ခဲ့ကြဘူးလို့ သိရပါတယ်။

အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့သူတွေ စုစုပေါင်း (၁၂) ယောက် ဖြစ်ပေမယ့် မင်းထက်(ခ) ဘိုဘို ၊ ပေါင်ချိန်၊ နွားကြီး၊ မင်းမင်း(ခ) ပါပြတ်၊ စပရိန်တို့ ၅ယောက်သာ ပါဝင်တယ်ဆိုပြီး အဲဒီ ၅ယောက်ကိုသာ အကျဥ်းထောင် တိုက်ထဲမှာ ထားတယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်ကို ကရင်ပြည်နယ် တာဝန်ခံ ညွှန်ကြားရေးမှူးက ဦးဆောင်ပြီး (Department Enquiry) DE စစ်ဆေးနေကာ နစ်နာသူတွေကလည်း တရားရုံး ပြင်ပမှာ တရားစွဲဆိုသွားမှာဖြစ်ကြောင်း၊ DE ဖြစ်စဥ် ရရှိချက်တွေနဲ့ တရားရုံး ဖြစ်စဥ်တွေကိုလည်း တောင်ကလေး အကျဉ်းထောင်က နိုင်ကျဥ်းတွေနဲ့ တခြား အကျဉ်းသားတွေကပါ ဆက်လက်စောင့်ကြည့်သွားမယ်လို့ PPNM က ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

မြောက်ဦးကို စစ်ကော်မရှင် လေကြောင်းတိုက်လို့ မိသားစုဝင် ၆ ဦးအပါ ၁၂ ဦး သေဆုံး၊ ၂၁ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများစွာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် စစ်ဗျူဟာအမှတ် (၈) ရဲ့ အပတ်စဥ်(၅) မွမ်းမံသင်တန်းဆင်းပွဲ

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် စစ်ဗျူဟာအမှတ် (၈) က ပြုလုပ်တဲ့ အပတ်စဥ်(၅) မွမ်းမံသင်တန်းဆင်းပွဲကို နိုဝင်ဘာ ၂ရက်နေ့ မနက်ပိုင်းမှာ ကရင်နီပြည်က လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရိက္ခာထုပ် ထွက်ကောက်တဲ့ ပျူတွေ တိုက်ခိုက်ခံရပြီး ၂ ယောက် သေ၊ ၄ ယောက် ဒဏ်ရာရ

ကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီ လေယာဥ်က ချပေးတဲ့ ရိက္ခာထုပ်ထွက်ယူတဲ့ ကန်နီရွာ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ယောက် သေဆုံးကြောင်း ဗစ်တာပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ 
Read More

ကောလင်း သယံဇာတကော်မတီ အတွင်းရေးမှူး လုပ်ကြံခံရမှုကို NUG အနေနဲ့ အမြန်ဆုံးဖော်ထုတ်ပေးဖို့ CDM အဖွဲ့အစည်းတွေ တောင်းဆို

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့က သယံဇာတအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူး ဖြစ်သူ ဦးအရိန္ဒမာ လုပ်ကြံခံရမှုအတွက် NUG အနေနဲ့ ကျူးလွန်သူတွေကို အမြန်ဆုံးဖော်ထုတ်ပြီး အရေးယူပေးဖို့ CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းတွေက တောင်းဆို တိုက်တွန်းလိုက်ပါတယ်။
Read More

ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်အိမ်ထောင်စု ၅၀၀ ကျော်အတွက် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA နဲ့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေ ပူးပေါင်း ပြုလုပ်ခဲ့တယ်လို့ PLA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မြိုင် နဲ့ မြင်းခြံမြို့နယ်များအတွင်းရှိ အကြမ်းဖက်စစ်တပ်ရှိရာနေရာများကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း၊ မြိုင်နဲ့ မန္တလေးတိုင်း မြင်းခြံမြို့နယ်များအတွင်း အကြမ်းဖက်စစ်တပ်ရှိရာနေရာများကို တော်လှန်ရေးအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။