စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ရဲဘော် ၅ ယောက်ရဲ့ နာရေးစျာပနကို ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ Mon Liberation Army က သတင်းထုတ်ပြန်ထားပါတယ်။

ဧပြီ ၁၅၊ ၁၆ နဲ့ ၃၀ ရက်တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေမှာ တပ်ခွဲမှူး ကိုထွန်းထွန်းဝင်း၊ ရဲဘော် အောင်မျိုးဦး၊ ရဲဘော် ငြိမ်းထက်၊ ရဲဘော် မျိုးဝင်းအောင်နဲ့ ရဲဘော် သူရအောင်တို့ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
သူတို့ရဲ့ စျာပနအခမ်းအနားမှာတော့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က အမိန့်ပြန်တမ်းထုတ်ပြန်ခြင်းနဲ့ သေနတ်ပစ်ဖောက် ဂုဏ်ပြုခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Video – Mon Liberation Army

0 Shares:
You May Also Like
Read More

TRI ဗျူဟာ၏ အပတ်စဉ် (၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲအခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စလင်းမြို့နယ်အတွင်း ရိက္ခာအတွက် အစားအသောက်ခိုးယူနေသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၂ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း ရိက္ခာပြတ်ကာ ပြည်သူနေအိမ်တွေကနေ အစားအသောက် ခိုးယူနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၂ ယောက် သေဆုံးခဲ့တယ်လို့ Rocket Fighter အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထီးခီးစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီးစခန်းကို တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Force for Federal Democracy အဖွဲ့က ဒီက‌နေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကော်မရှင်တပ်သားတွေ ဝှက်ထားတဲ့ လက်နက်တွေကို သိမ်းဆည်းရရှိ (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကော်မရှင်တပ်သားတွေ ဝှက် ထားတဲ့ လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Chin Defence Force - Mindat မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ နမခမှ ဝမ်ပေါင်ကုမ္ပဏီသို့ ကြေးနီသယ်လာသည့် ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ဝမ်ပေါင်ကုမ္ပဏီသို့ ကြေးနီ သယ်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area71Local People Defense Force Monywa အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၆ ရက် နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ 925 ပြောက်ကျားအဖွဲ့(ငါန်းဇွန်)ထံက သိရပါတယ်။