အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက စစ်သား ၃ ယောက်ဟာ လက်နက်အချို့ကို ယူဆောင်ကာ အလင်းဝင်ရောက်လာတယ်လို့ ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲက ဒီနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သား ၃ ယောက်ဟာ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့ကတည်းက အလင်းဝင်ရောက်လာခဲ့ပေမယ့် အဲဒီကာလမှာ ငလျင်ဒဏ်ကြောင့် အများပြည်သူ စိတ်သောကရောက်နေချိန် ဖြစ်တာမို့ အခုမှ ထုတ်ပြန်အသိပေးတာလို့ ဆိုပါတယ်။

အောင်ဇေယျစစ်ကြောင်းက အဆိုပါ စစ်ကောင်စီ တပ်သား ၃ယောက်ဟာ သေနတ် ၁ လက်၊ ကျည် ၃၉၀ တောင့်၊ ကျည်ဘောက် ၆ ခုကို ယူဆောင်ဟာ ဗျူဟာ ၃၁ ထံ အလင်းဝင်လာခဲ့တာပါ။

ဗျူဟာ ၃၁ ကလည်း လက်နက်ယူဆောင်လာတဲ့ အလင်းဝင် စစ်သားကို ကျပ် သိန်း ၃၀ ပေးအပ်ခဲ့ပြီး သူနဲ့အတူပါလာတဲ့ တခြားစစ်သား ၂ ယောက်ကိုလည်း ကျပ် ၅ သိန်းစီ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးခံယူချက် မခိုင်မာ၊ စည်းကမ်းမလိုက်နာရင် တောထဲ မလာပါနဲ့ ဆိုတဲ့  Giant Dragon Column

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ စစ်ဒေသခွဲ (၂)၊ ပဲခူးခရိုင် အမှတ် (၁) တပ်ရင်း Giant Dragon Column က တပ်သားသစ်တွေ ခေါ်ယူနေပါတယ်။
Read More

တော်လှန်ရေး အရှိန်မြင့်လာသလို ပြည်သူတွေ လုံခြုံရေး ပိုဂရုစိုက်ကြဖို့ ရန်ကုန်မြို့ပြ တော်လှန်ရေးအဖွဲ့တွေ သတိပေး

စစ်အာဏာရှင် အမြစ်ပြတ်စေဖို့ တော်လှန်ရေးအရှိန်အဟုန် မြင့်လာတာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေး ပိုမိုဂရုစိုက်စေချင်တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က သတိပေးပြောဆိုလိုက်ပါတယ်။
Read More

အစိုးရအဖွဲ့တွင် ချန်လှပ်ခံခဲ့ရသည့် ဦးမိုးဇော်ဦးအား နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးအဖြစ် NUG ခန့်အပ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရအဖွဲ့သစ် ပြန်လည်ဖွဲ့စည်းရာမှာ ပြန်လည်မပါဝင်ခဲ့တဲ့ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးကို နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးအဖြစ် ခန့်အပ်လိုက်ကြောင်း NUG က ဒီဇင်ဘာလ ၁၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပေါက်မြို့နယ်မှာ ပျူစောထီး ၁ ယောက် တာဝန်ကျစစ်သားတွေဆီက လက်နက်တွေယူပြီး ပကဖ တွေထံ ထွက်ပြေးခိုလှုံလာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ တော်လှန်ရေးတပ်တွေ ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ ဇီးပြားကျေးရွာက ပျူစောထီး၁ယောက် လက်နက်ခဲယမ်းတွေယူဆောင်ပြီး မြိုင်-ပေါက် ပကဖ အဖွဲ့တွေဆီ အလင်းဝင်ရောက်လာတယ်လို့ မြိုင်ပကဖ က သတင်းထုတ်ပြန်ပါတယ်။
Read More

နတ်မောက်မြို့မှာ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရန် ဆက်သွယ်လာသည့် ရဲတပ်သား ၁ ဦး သွားရောက်ကယ်ထုတ်နိုင်ခဲ့

မကွေးတိုင်း၊ နတ်မောက်မြိုနယ်ရှိ အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ အမှတ် ၁၁ ရဲတပ်ရင်း (တောင်ငူ) ကနေ ရဲတပ်သားတစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် ၃ တပ်ရင်း၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

“လဲ့ဇင်ဘုန်းကြီးကျောင်းက ကားကိုယူပြီး သူတို့က ဆင်ပေါင်ဝဲမြို့​ပေါ်မှာ လချုပ်ချုပ်ဖို့သွားကြတာပါ။ အဲ့ဒါစခန်းကိုအပြန်မှာ ကျနော်တို့က ကြားထဲကဖြတ်တိုက်တာပေါ့။ စခန်းမှူးကတော့ ပစ္စတိုကအစ သိမ်းမိ​ပေမယ့် လူကတော့လွတ်မြောက်သွားပါတယ်”

မကွေးတိုင်း၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မှာ ဘုန်းကြီးကားကို အသုံးပြု စီးနင်းပြီး ပြန်လာတဲ့ ရဲတွေ ကြားဖြတ်တိုက်ခိုက်ခံရကာ ၃ ယောက် သေဆုံး၊ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။