တနင်္သာရီတိုင်း၊ ပုလောမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ပျူစောထီး ၃ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။

မနေ့က မေလ ၆ ရက်နေ့  ညနေပိုင်းမှာ အဆိုပါ ပျူစောထီး ၃ ယောက်ဟာ ပုလောမြို့၊ အမှတ် ၂ ရပ်ကွက်က ဆန်းဝင်း အရက်ဆိုင်မှာ သောက်စားနေစဉ် တော်လှန်ရေး ရဲဘော်တွေက ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။

ပစ်ခတ်ရှင်းလင်းခံရတဲ့ ပျူစောထီး ၃ ယောက်ဟာ ကုလားနီ (ပျူစောထီးခေါင်းဆောင်၊ ပုလောကုန်းကျေးရွာ)၊ ကျော်သူရ (ပျူစောထီးခေါင်းဆောင်၊ ပလမြို့) နဲ့ သန်းနိုင် (ပျူစောထီး၊ အမှတ် ၂ ရပ်ကွက်၊ ပုလောမြို့) တို့ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပျူစောထီး ၃ ယောက်ဟာ ပြည်သူတွေကို ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ဖမ်းဆီးခြင်း၊ ဂိတ်ကြေးကောက်ခြင်း၊ လူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းခေါ်ဆောင်ခြင်းတွေ လုပ်ဆောင်ခဲ့တဲ့အပြင် ပုလောမြို့တွင်း တိုက်ပွဲတွေမှာ ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အဓိက တရားခံတွေဖြစ်တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ချင်းညီနောင်စစ်ဆင်ရေး တစ်နှစ်တာအတွင်း အောင်မြင်မှုတွေနဲ့အတူ တပ်ဖွဲ့ဝင်ရဲဘော် ၁၀၀ ခန့် ကျဆုံးခဲ့

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ကနေ စတင်ခဲ့တဲ့ ချင်းညီနောင်ရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင် ရဲဘော် အယောက် ၁၀၀ ခန့် ကျဆုံးခဲ့ရတယ်လို့ ချင်းညီနောင်အဖွဲ့ စစ်ရေးဥက္ကဋ္ဌ ထန်ချွန်းဖေက ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပြောဆိုသွားပါတယ်။
Read More

NUG ၏ လမ်းညွှန်မှုနှင့်အတူ ကနီ ပအဖ တာဝန်ရှိသူများကို ငွေအလွဲသုံးစားလုပ်မှု သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းထား

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူပိုင်ငွေကြေးတွေကို စီမံခန့်ခွဲရာမှာ အလွဲသုံးစားလုပ်မှုတွေရှိတယ်ဆိုပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့အကြောင်း ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

အာသံအကျဉ်းထောင်အတွင်း ချင်းလူငယ်တွေ ရုပ်ပိုင်း၊ စိတ်ပိုင်း အခြေအနေတွေကြောင့် အစာငတ်ခံဆန္ဒပြမှုကို ရပ်နား

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မှာ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ ချင်းလူငယ် ၃၂ယောက်ရဲ့ အစာငတ်ခံဆန္ဒပြမှုဟာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေကြောင့် ရပ်နားထားကြောင်း India For Myanmar တာဝန်ရှိသူ ဆလိုင်းဒိုရ်ခါက မောင်းကို ပြောပါတယ်။
Read More

မြင်းခြံမြို့အနီး အင်အားထောင်ချီ စစ်တပ်နှင့် ၁၁ ရက်တာ တိုက်ပွဲဖြစ်၊ အကြမ်းဖက်စစ်သား ၇၀ အထက် သေ၊ ၁၇၀ ကျော် ဒဏ်ရာရပြီး MBT တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့အနီးမှာ ၁၁ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က တပ်သား ၇၀ နဲ့အထက် သေဆုံးခဲ့သလို ၁၇၀ ကျော် ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

တီးတိန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် လက်နက် ၁ လက်နဲ့ အလင်းဝင်လာ… (ဓာတ်ပုံသတင်း)

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ စစ်ကောင်စီရဲ့ လက်အောက် တာဝန်ထမ်းဆောင်နေတဲ့ စစ်သား ၂ ယောက်နဲ့ ရဲ ၂ ယောက် အလင်းဝင်လာတယ်လို့ CDF - CDM - Siyin က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မော်ချီးဒေသ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၃၂ ဦးအထိ ရှိလာ

ကရင်နီပြည်နယ်၊ မော်ချီးဒေသက အရပ်သားပြည်သူတွေ နေထိုင်ရာနေရာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ အရေအတွက်ဟာ ၃၂ ယောက်အထိ ရှိလာနေပြီလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က သတင်းထုတ်ပြန်လာပါတယ်။