မန္တလေးကနေ ရန်ကုန်ကို ပျံသန်းမယ့် မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines _ MNA)ခရီးသည်တင်လေယာဉ် ၁ စီး ဟာ မေလ ၆ ရက် မနေ့ညပိုင်းက လေယာဉ်ပြေးလမ်းမှာ ဘီးပေါက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ခရီးသည်က လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါတယ်။

“စက်ချို့ယွင်းနေတယ် စစ်ဆေးနေတယ်ချည်း ပြောပြီး ၁၅ မိနစ်လောက် ခရီးသည်တွေကို ထိုင်ရာက မထခိုင်းဘူး။ စောင့်နေရင်းနဲ့ ညှော်နံ့က ထွက်လာပြီ။ ဘာတံခါးမှ ဖွင့်မပေးဘူး။ ကိုယ်တွေကို ညှော်ခံခိုင်းတယ်။ အဲ့ချိန်မှာ ခရီးသည်တွေ ငိုသူ အော်သူ open the door ဆိုပြီး နိုင်ငံခြားသားတွေအော်သံနဲ့ ယောက်ယက်ခတ်ကုန်ပြီ။ နောက်ဖက်က မီးလောင်နေတယ်ဆိုတဲ့အသံနဲ့အတူ ရှေ့ဖက်ကို ထွက်လာကြတော့ ပိုဆိုးရော” လို့ လေယာဉ်မီးလောင်မှုမှာ ကြုံတွေ့ခဲ့ရတဲ့ ခရီးသည်က ဆိုပါ တယ်။

လေယာဉ်ဟာ ပျံသန်းဖို့ အရှိန်ယူနေစဉ်အတွင်း ဘီးပေါက်မှုဖြစ်ပွားရာ Captain က အရှိန်ထိန်းလိုက်နိုင်ပေမယ့် ဘီးပေါက်တဲ့ဖြစ်စဉ်ကြောင့် မီးလောင်ကျွမ်းခဲ့ပြီး ခရီးသည်တွေကို ကြေညာပေးတာမျိုးမရှိခဲ့ဘူးလို့ ဆိုပါတယ်။

”Captain ကိုယ်တိုင် ဘီးပေါက်နေလို့ မီးလောင်သွားပါတယ်။ မီးလည်း ငြိမ်းသွားပြီ။ safe ဖြစ်ပါပြီ”လို့ ဖြစ်စဉ် ၁၀ မိနစ်ကြာအပြီး လေယာဉ်တာဝန်ရှိသူက ဆိုခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုဖြစ်စဉ်မှာ ခရီးသည်တွေကို လေယာဉ်အရေးပေါ်ထွက်ပေါက်ကနေ ထွက်ခွာခွင့်မပေးဘဲ မီးငြှိမ်းသတ်ပြီးနောက်မှာ ခရီးသည်တွေကို အသိပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် ခရီးသည်တွေ ထိခိုက်မှု တစုံတရာမရှိခဲ့ဘူးလို့ သိရပါတယ်။

Video-လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

မန္တလေးမြို့လယ်ခေါင်မှာ အာဏာသိမ်းစစ်အုပ်စုဆန့်ကျင်ကြဖို့ လူထုလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ပျူစောထီးတွေ ပတ်လည်ဝိုင်းနေတဲ့ မန္တလေးမြို့လယ် ခေါင်စျေးမှာ ယနေ့ အောက်တိုဘာ ၁၀ ရက်က အာဏာသိမ်းစစ်အုပ်စုဆန့်ကျင်ကြဖို့ လူထုသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုထံက သိရပါတယ်။
Read More

သထုံခရိုင်အတွင်း KNLA ပူးပေါင်းတပ်နှင့် အကြမ်းဖက်စစ်တပ် တိုက်ပွဲဆက်တိုက်ဖြစ်ပွား (ရုပ်/သံ)

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ကရင်အမျိုးသားများကာကွယ်ရေးတပ် KNLA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

လောင်းလုံးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်လှုပ်ရှားမှု ပြုလုပ် (ရုပ်/သံ)

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ ၂၀၂၄ ရဲ့ နောက်ဆုံးရက် ဒီဇင်ဘာ ၃၁ ရက်က “ကြောက်စိတ်တွေကို ဖယ်ရှား အမှောင်ခေတ်ကို ရဲရဲကျော်လွှား”ခေါင်းစဉ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကံသစ်ကျေးရွာကို စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ကို စောင့်ဆိုင်းတိုက်ခိုက်မှု စစ်သား ၄ ယောက် အပြင်းအထန်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ် ကံသစ်ကျေးရွာကို ဧပြီ ၁၃ ရက်မှာ ခလရ ၂၅၈ တပ်ရင်းက အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖထံက သိရပါတယ်။
Read More

တောင်ကြီးမြို့နယ် တောင်နီရွာအထွက်က ဗိုလ်အောင်ဒင်ဓာတ်ဆီဆိုင် မီးလောင် (ရုပ်/သံ)

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် တောင်နီရွာအထွက်က ဗိုလ်အောင်ဒင်ဓာတ်ဆီဆိုင်ဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။