မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်ခုလုံးကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်-AA နှင့် ဆက်သွယ်ဆက်ဆံနေမှုအပေါ် ကန့်ကွက်သည့် စစ်ကောင်စီ၏ ကန့်ကွက်ချက်ကို ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံပေး Khalilur Rahman က ပယ်ချလိုက်ပါတယ်။

၄င်းတို့ကြားဖြတ်အစိုးရအနေနဲ့ နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကို ကာကွယ်မြှင့်တင်ဖို့အတွက် လိုအပ်တယ်လို့ ယူဆတဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ချိတ်ဆက်ဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

အာရက္ခတပ်တော် AA နဲ့ ဆက်သွယ်မှုအပေါ် စိုးရိမ်ကြောင်း မြန်မာစစ်ကောင်စီက စာပေးပို့တာကြောင့်၊ ဒီအရေးအပေါ် သတင်းထောက်တစ်ဦးက မေလ ၆ ရက်နေ့မှာမေးမြန်းခဲ့တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံပေး Khalilur Rahman

ဘင်္ဂလားဒေ့ရှ်ဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားအတွက် တွေ့ဆုံသင့်သူတိုင်းနဲ့ တွေ့ဆုံသွားမှာဖြစ်ကြောင်း…စသဖြင့် ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံပေးရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဖြေဆိုခဲ့တာကို ဘင်္ဂလားဒေ့ရှ်သတင်းများမှာ ဖော်ပြနေကြတာပါ။

အာရက္ခတပ်တော်- AA နဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တို့ ပြီးခဲ့တဲ့လအတွင်းက ဆက်သွယ်ပြောဆိုမှုများ ရှိခဲ့တယ်လို့ သတင်းများထွက်ပေါ်ခဲ့အပြီး စစ်ကောင်စီက အဆိုပါလုပ်ရပ်ကို ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့တယ်လို့ သတင်းများကဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေး Md. Towhid Hossain ကလည်း “လက်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တခုလုံးကို စစ်ကောင်စီက မထိန်းချုပ်နိုင်တော့ဘဲ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုရဲ့ လက်အောက်ကို ရောက်သွားပြီ” လို့ ပြီးခဲ့တဲ့ရက်သတ္တပတ်က ဆိုထားပါတယ်။

“မြန်မာဗဟိုအစိုးရ (စစ်ကောင်စီ) အနေနဲ့ အဲဒီမှာ ထိန်းချုပ်မှု လုံးဝမရှိ‌နေတော့ဘူး။ ဒါ‌ကြောင့် (ကျနော်တို့အနေနဲ့) အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုနဲ့ တရားဝင် ဆက်သွယ်လို့ မရပေမယ့်၊ လုံးဝ အဆက်အသွယ် မလုပ်လို့လည်း မရပါဘူး။ ကျနော်တို့အနေနဲ့ AA နဲ့ ကင်းကင်းရှင်းရှင်း နေချင်ရင်တောင် နေလို့မရတဲ့အနေအထားပါ။ ဒါကြောင့် ကိုယ်ပိုင်အကျိုးစီးပွားအတွက် ကျနော်တို့အနေနဲ့ ဆက်သွယ်ရေးကို လိုအပ်သလို ထိန်းထိန်းသိမ်းသိမ်း လုပ်သွားမှာပါ”လို့ သူက မြို့တော် ဒါကာမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို အာဆီယံ တက်ကြွစွာ အားပေးကူညီနေဟု Justice For Myanmar ထုတ်ပြန်

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ စစ်အုပ်စုကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှု တွေကို တက်တက်ကြွကြွ အားပေးကူညီနေတယ်လို့ Justice For Myanmar က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။  
Read More

မြန်မာငလျင်ဘေးအတွက် ဝမ်းနည်းကြောင်း အရှေ့တီမောနိုင်ငံသမ္မတက NUG ယာယီသမ္မတ ဒူဝါလရှီးလထံ သဝဏ်လွှာပေးပို့ 

ငလျင်ဒဏ်သင့် မြန်မာပြည်သူတွေအတွက် စိတ်ထိခိုက် ဝမ်းနည်းရပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတယ်လို့ အရှေ့တီမောနိုင်ငံသမ္မတ José Ramos-Horta က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ယာယီသမ္မတ ဒူဝါလရှီးလဆီ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

ဖူးခက်တွင် မြန်မာအမျိုးသားတဦး ဓားထိုးခံရပြီး သေဆုံး

ထိုင်းနိုင်ငံ၊ ဖူးခက်က ပတောင်မြို့မှာ အောက်တိုဘာလ ၃ ရက်နေ့က ခိုက်ရန်ဖြစ်ပွားမှုတခု ဖြစ်ပွားခဲ့ပြီး မြန်မာအမျိုးသားတယောက် ဓားထိုးခံရလို့ သေဆုံးသွားခဲ့ပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းတွေရှိရာ ထိုင်း-မြန်မာ နယ်စပ်မြို့များကို ထိုင်းအစိုးရမှ လျှပ်စစ်ဓာတ်အား စတင် ဖြတ်တောက် 

ထိုင်းအစိုးရက ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ထိုင်း-မြန်မာ နယ်စပ်မြို့တွေဖြစ်တဲ့ တာချီလိတ်၊ မြဝတီနဲ့ ဘုရားသုံးဆူမြို့တို့ကို ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ပိုင်းကနေ စတင်ပြီး လျှပ်စစ်ဓာတ်အားပေးနေမှုတွေကို ဖြတ်တောက်လိုက်ပြီလို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှုတွေအကြောင်း အမေရိကန်အောက်လွှတ်တော်မှာ ကြားနာ

အကြမ်းဖက် မြန်မာစစ်တပ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှုတွေအကြောင်း အမေရိကန် အောက်လွှတ်တော် ကြားနာပွဲတစ်ရပ်ကို ဖေဖော်ဝါရီ ၃ ရက်က ဝါရှင်တန်ဒီစီမြို့တော် လွှတ်တော်အမတ်တွေရဲ့ ရုံးအဆောက်အဦးမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဥရောပအခြေစိုက် Airbus ကုမ္ပဏီအနေနဲ့ စစ်ကောင်စီကို လေယာဉ်တွေရောင်းပေးနေတဲ့ AVIC ကနေ ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းပေးဖို့ တောင်းဆို

ကမ္ဘာကျော် လေကြောင်းကုမ္ပဏီကြီးဖြစ်တဲ့ Airbus အနေနဲ့ စစ်ကောင်စီကို လေယာဉ်တွေရောင်းချနေတဲ့ တရုတ်အစိုးရပိုင် AVIC နဲ့ ပူးပေါင်းနေမှုကို ရပ်တန်းက အမြန်ဆုံးရပ်ဖို့ မြန်မာပြည်သူတွေတောင်းဆိုသင့်ပြီလို့ သွေးစွန်းငွေ ဖြတ်တောက်ရေး (Blood Money Campaign ) အဖွဲ့က တိုက်တွန်းပြောကြားလိုက်ပါတယ်။