စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ထိတွေ့ပစ်ခတ်မှု ၃ ကြိမ်ဆက် ဖြစ်ပွားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိကာ လက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ် ပအဖ တာဝန်ခံ ကိုငယ်လေးက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် ညပိုင်းက ကန့်ဘလူမြို့နယ်၊ တောင်ဘက် ချင်မြစ်ကျင်းရွာ ပြည်သူ့စစ်ခေါင်းဆောင် အောင်ခိုင်နဲ့ အပေါင်းအပါတွေကို တင်ကုတ်ကြီးရွာစခန်းနဲ့ ချင်မြစ်ကျင်းရွာ စခန်းကြားလမ်းပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ရင်း G3 သေနတ် ၁ လက်နဲ့အတူ ကျည်ဘောက် ၁ ခု၊ ၇.၆၂ ကျည် ၁၉ တောင့်နဲ့ ဆက်သွယ်ရေးစကားပြောစက် (I-Con) ၁ လုံး သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဧပြီလ ၂၉ရက် မနက်ပိုင်းကလည်း ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာ ပျူစောထီးစခန်းကနေ ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ ဆိုင်ကယ်နဲ့စစ်အုပ်စုအဖွဲ့ဝင်တွေကို ဂွေးကုန်းကျေးရွာ၊ မြောက်ဘက်မှာ တော်လှန်ရေးမဟာမိတ် အင်အားစုတွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ 

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်အုပ်စုဘက်က ၃ယောက် နေရာတင်သေဆုံးပြီး G3 သေနတ်၁လက်၊ ကာဘိုင် သေနတ်၁လက်၊ 125ဆိုင်ကယ်၁စီး၊ ဖုန်း၁လုံး၊ ဆက်သွယ်ရေး စကားပြောစက် ၁လုံး၊ G3 ကျည်ဘောက် ၃ခု၊  ကာဘိုင်ကျည်ဘောက် ၁ခု၊ 7.62 ကျည် ၂၄တောင့်၊ ကာဘိုင်ကျည် ၁၄တောင့် နဲ့ လေးခွ ၁လက်သိမ်းပိုက်ရရှိပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံ ကိုငယ်လေးက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲတဲ့ ဧပြီလ ၂ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်၊ ကာဘိုး-ဇီးကုန်းလမ်းပိုင်း၊ ဝက်တိုး(တ)ကျေးရွာအတွင်း အထိုင်ချ တပ်စွဲထားတဲ့ စစ်အုပ်စုအဖွဲ့ဝင်တွေ လမ်းပိုင်းတစ်နေရာကနေ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့သေးကြောင်းသိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်သားနဲ့ ပြည်သူ့စစ်၁ယောက် နေရာတင်သေဆုံးပြီး အရှင်အဖမ်းဆီးရမိသူ ပြည်သူ့စစ်၁ယောက်နဲ့ AK 47 သေနတ်၁လက်၊ ကျည်ဘောက် ၁ ခု၊ ၇.၆၂ကျည် ၁၅တောင့်၊ ဖုန်း၁လုံးသိမ်းပိုက်ရရှိခဲ့ကြောင်းကိုငယ်လေးကပြောပါတယ်။

“လက်ရှိမှာ လက်နက်ခဲယမ်းပိုင်းအားနည်းလို့ မစ်ရှင်ရပ်နားထားရတာတွေရှိတယ်။ အခုရက်ပိုင်းထဲ နယ်မြေစကားပြောတာမျိုး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရတာမျိုး ရှိပါတယ်။ ခဲယမ်း၊မီးတောက်တွေ နောက်ကနေ ပံ့ပိုးပေးနိုင်ရင် ရန်သူ့စစ်ကြောင်းကို ဖြတ်တောက်ထိန်းချုပ်နိုင်ပါမယ်။ ရှိတဲ့လက်နက် နဲ့ စုဖွဲ့မှုအားကောင်းမယ်။ အမိန့်နာခံမယ်။ စကစဒေါက်တိုင်တွေကို တိုက်ခိုက်ချေမှုန်းနိုင်မယ်။ ဒါတွေကအဓိကပါပဲ။ ” လို့ ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ် ပအဖ တာဝန်ခံကိုငယ်လေးက မောင်းကိုပြောခဲ့ပါတယ်။

ထန်းကုန်းတိုက်နယ် ပအဖ သိမ်းဆည်းရမိသည့် လက်နက်များ (ဓာတ်ပုံ ထန်းကုန်တိုက်နယ် ပအဖ)

0 Shares:
You May Also Like
Read More

ရေဦးမှာ သင်တန်းဆင်းပွဲလုပ်နေတဲ့ ပျူတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၃ယောက်သေ၊ ၇ယောက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊ ရေဦးမြို့နယ်မှာ ပျူစောထီးသင်တန်းဆင်းပွဲကျင်းပတဲ့နေရာကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၃ယောက်သေပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ​၇ယောက်ရှိခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရပါတယ်။
Read More

ရန်ကုန်၊ ထောက်ကြံ့ရဲစခန်းကို ပြောက်ကျားအဖွဲ့ဝင်တွေ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က ထောက်ကြံ့နယ်မြေရဲစခန်းကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်မှုမှာ ရဲတွေ ထိခိုက်မှုရှိခဲ့ကြောင်း Operation Flame အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။
Read More

မန္တလေးမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှု ပြုလုပ်…

အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေ အသက်ဆုံးရှုံးနေတဲ့အပေါ် “ STOP THE JUNTAS WAR ON THE CHILDREN OF MYANMAR - ဒို့ကလေး တွေကို သတ်ဖြတ် နေတဲ့ ဖက်ဆစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ အမြန်ဆုံး ရပ်” ဆိုတဲ့ စာသားနဲ့ ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြိုင်တွင် ရိက္ခာပြတ်ပြီး ငတ်နေသည့် သရက်ကန်ပျူစောထီးများ အကြမ်းဖက်စစ်တပ်ကို အကူအညီတောင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ သရက်ကန်ရွာ ပျူစောထီးတွေက ရွာထဲ ငတ်ပြတ်နေမှုကြောင့် အကြမ်းဖက်စစ်ကော်မရှင်ထံ ရိက္ခာချပေးဖို့ တောင်းဆိုနေကြကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
Read More

ရေဖြူမြို့နယ် အမှတ် ၄၀၇ တပ်ရင်းမှ ထွက်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၂ ဦးအပါ ၁၅ ဦး သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ် အမှတ် ၄၀၇ တပ်ရင်းကနေထွက်လာသည့် စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေ‌ဆုံးသူတွေ ရှိခဲ့တယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်ထံက သိရပါတယ်။
Read More

မအူပင်မြို့မှာ စစ်မှုထမ်းထောက်ပံ့ဖို့ ဒေသခံတွေဆီက ငွေကြေးကောက်ခံနေ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်မှုထမ်းဥပဒေကြောင့် အကြမ်းဖက်စစ်တပ်ထဲ ရောက်သွားသူတွေကို ထောက်ပံ့ပေးဖို့ဆိုပြီး ငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။