အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း ၁၉၀ မှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်ပေးနေကြောင်း NUG က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

NUG ကျန်းမာရေးဝန်ကြီးဌာနက မြို့နယ် ၁၉၀ မှာ ဒေသဆိုင်ရာကျန်းမာရေးတာဝန်ခံ ၂၉ ယောက်၊ မြို့နယ် ကျန်းမာရေးတာဝန်ခံ ၂၂၇ ယောက်တို့နဲ့ ချိတ်ဆက်ပြီး မြေပြင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒေသအသီးသီးမှာ ဆေးရုံပေါင်း ၁၀၆ ခု၊ ဆေးခန်း ၈၀၈ ခု၊ ရွေ့လျားဆေးခန်းပေါင်း ၁၉၂ ခုကျော်နဲ့အတူ ကျန်းမာရေးလုပ်သားအင်အား ၅၀၉၈ ယောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတယ်လို့ ဆိုပါတယ်။

၄ နှစ်တာအတွင်း စစ်ကိုင်းတိုင်း တစ်ခုတည်းမှာတင် ပြင်ပလူနာ (၁၂၄၁၆၃၃) ယောက်အထိ ကုသပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဘေးသင့်ပြည်သူများ စားသုံးဖို့ ဖြန့်ဖြူးထားသည့် ဘီစကွတ်များကို ရောင်းချပါက အရေးယူမည်ဟု ကုလ ထုတ်ပြန်

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ငလျင်ဘေးသင့်ပြည်သူတွေ စားသုံးဖို့ ဖြန့်ဖြူးပေးထားတဲ့ ဘီစကွတ်တွေကို ရောင်းချရင် အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ United Nations Myanmar က အသိပေးထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်-ပြည် ကားလမ်းမှာ ခရီးသည်တင်ယာဉ်တစ်စီး အပူရှိန်များပြီး မီးလောင်၊ လူတွေထိခိုက်မှု မရှိခဲ့ 

ရန်ကုန်-ပြည် ကားလမ်းပေါ် ရွှေတောင်နဲ့ ပြည်ကြားမှာ ဇန်နဝါရီ ၂၇ ရက် မနေ့က ညနေ ၄နာရီဝန်းကျင်က ခရီးသည်တင် ယာဉ်တစ်စီး အပူရှိန်လွန်ကဲကာ မီးလောင်မှု ဖြစ်ပွါးခဲ့တယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။
Read More

အာဏာသိမ်းမှုနှင့် ငလျင်ဒဏ် ပြိုင်တူ ခံစားနေရသည့် မြန်မာတွင် လူပေါင်း ၆ သန်းကျော် အရေးပေါ် အကူအညီ လိုအပ်နေ

အာဏာသိမ်း စစ်ကောင်စီလက်အောက် ကျရောက်နေတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း ငလျင်ဒဏ် အကြီးအကျယ် ခံစားရပြီးတဲ့နောက် အရေးပေါ် အကူအညီတွေ လိုအပ်နေသူ အရေအတွက်ဟာ ၆ သန်းကျော်အထိ ရှိလာပြီလို့ UNICEF က ပြောပါတယ်။
Read More

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ပါဝင်ဆင်နွှဲနေတဲ့ ရန်ကုန်တိုင်းစစ်ဌာနက ရဲဘော်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁ နဲ့ တပ်ရင်း ၅၁၀၂ က ရဲဘော်တွေပ လူ့အခွင့်အရေးကို တန်ဖိုးထား လေးစားတဲ့အနေနဲ့ "လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ" စာတမ်းပါအင်္ကျီတွေ ဝတ်ဆင်ပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ပါဝင်ဆင်နွှဲခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ဗမာ့တပ်တော်၏ အခြေခံစစ်ပညာသင်တန်း၊ အမှတ်စဉ် (၃/၂၀၂၅) သင်တန်းနှင့် ကျမ်းသစ္စာကျိန်ဆိုခြင်းအခမ်းအနား… (ဓာတ်ပုံသတင်း)

အညာဒေသအခြေစိုက် ဗမာ့တပ်တော်၊ အမှတ် (၁) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အခြေခံစစ်ပညာသင်တန်း၊ အမှတ်စဉ် (၃/၂၀၂၅) သင်တန်း၊ ကျမ်းသစ္စာကျိန်ဆိုခြင်းနဲ့ သင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဗမာ့တပ်တော်က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ဇွန်လ ၂၇ ရက် မနေ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မင်းပလောင်ကျေးရွာက ပြည်သူတွေကို စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်ရှိ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မင်းပလောင်ကျေးရွာက ဒေသခံပြည်သူတွေကို စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် - DSNDA က ထုတ်ပြန်ထားပါတယ်။