တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းနဲ့ ကော့သောင်းပကဖတို့ ထိတွေ့တိုက်ပွဲ ၂ ကြိမ်ဆက် ဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီဘက်က အရာခံဗိုလ် အပါအဝင် ၃ ယောက် သေဆုံးခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာ၀န်ခံ အင်းဘီလူးက မောင်းကို ပြောပါတယ်။

ဧပြီလ ၂၉ရက်နေ့က ကော့သောင်းနဲ့ ခမောက်ကြီး အခြေစိုက် စစ်ကောင်စီတပ်သားတွေပါတဲ့ အင်အား ၇၀ ခန့်ရှိ အကြမ်းဖက်စစ်ကြောင်းဟာ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ၊ သက်ကယ်ကျင်းကိုဝင်ရောက်လာချိန် ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့မှုစတင် ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ကော့သောင်း ပကဖ တပ်ဖွဲ့ဝင်တွေ ပစ်ခတ်လိုက်တဲ့ ၆၀ မမ လက်နက်ကြီး ထိမှန်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ ခမောက်ကြီးမြို့နယ်အခြေစိုက် ၅၈၄ တပ်ရင်းက အရာခံဗိုလ်၁ယောက် နေရာတင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲ၂ကြိမ်အတွင်း ထိခိုက်ဒဏ်ရာရခဲ့တဲ့ စစ်ကောင်စီတပ်သား၂ယောက်ဟာလည်း ကော့သောင်းမြို့ ၆မိုင် စစ်တပ်ဆေးရုံမှာ ထပ်မံသေဆုံးခဲ့ကြောင်း သိရပါတယ်။

“ကော့သောင်း ခမရ ၄၃၁ တပ်ရင်းနဲ့ ခမောက်ကြီးမြို့ ၅၈၄ တပ်ကကောင်တွေ စစ်ကြောင်းထိုးလာတာ သတင်းရလို့ စောင့်တိုက်ခဲ့တာပါ။ သက်ကယ်ကျင်းဆိုတဲ့နေရာမှာ ပစ်ခတ်မှု ၁နာရီလောက်ဖြစ်ပြီး ထိခိုက်မှုမရှိ ပြန်ဆုတ်ခဲ့ပါတယ်။ သူတို့ဘက်က အင်အားဖြည့်ပြီး စစ်ကြောင်းအင်အားများလာလို့ ပြန်ဆုတ်ခဲ့ရတာပါ။” လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာ၀န်ခံ အင်းဘီလူးက မောင်းကိုပြောပါတယ်။

ကော့သောင်း ပကဖ အနေနဲ့ အဲဒီနေ့တိုက်ပွဲမတိုင်ခင် ပြီးခဲ့တဲ့ ဧပြီလ ၉ရက်နေ့ ညနေပိုင်းကလည်း အေးချမ်းသာရွာကနေ ဆက်ကြေးကောက်ပြီးပြန်လာတဲ့ ရဲအရာရှိတွေ လိုက်ပါလာတဲ့ကားတွေကို စောင့်ကြိုတိုက်ခိုက်ရင်း လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်ကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၁၅) ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ပထမ ၅ လနီးပါးအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၁၅) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲမှာ နိုင်ငံတကာအဖွဲ့တွေကို စံနှုန်းနဲ့အညီ စောင့်ကြည့်လေ့လာခွင့်ပြုမယ်လို့ စစ်ကောင်စီ ပြော

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက စောင့်ကြည့်လေ့လာခွင့်ပြုမယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။ 
Read More

ချင်းလွှတ်တော်က ပြဋ္ဌာန်းတဲ့ အခွန်ကောက်ဥပဒေကို ဇိုဖေရမ်ကောင်စီ ဒေသတွင်းမှာ စတင်ကျင့်သုံးမယ်

ချင်းပြည် (Chinland) လွှတ်တော်က ပြဋ္ဌာန်းတဲ့ အခွန်ကောက်ဥပဒေကို စတင်အကောင်အထည်ဖော်မယ်လို့ ဇိုဖေရမ်ကောင်စီက အသိပေး ထုတ်ပြန်ပါတယ်။
Read More

မှတ်ပုံတင် ၈/ ဖြစ်တာကြောင့် PDF အဖြစ် စွပ်စွဲခံရပြီး စစ်တပ်ထဲ ဆွဲခေါ်ခံခဲ့ရသူ ပြန်လည်လွတ်မြောက် အလင်းဝင်လာ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ကမ္မ-ပေါက်လမ်းပိုင်းရှိ ဆေးခန်း ၁ခု လေကြောင်းတိုက်ခိုက်ခံရပြီး အမျိုးသား၂ ဦး ထိခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့က ဆေးပေးခန်းတစ်ခုကို အကြမ်းဖက်စစ်ကောင်စီက ဒီနေ့(မေ ၁၈) မနက်အစောပိုင်းမှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသား၂ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ အညာ​မြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အခန်းငှါးစားနေတဲ့ ကလေးအကျဉ်းထောင်နှင့် ကိုယ့်စရိတ်နဲ့ကိုယ် အကျဉ်းကျခံရသူများ

စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင်မှာ အကျဉ်းသားတွေကို ထောင်ပိုင်တွေနဲ့ ထောင်ဝန်ထမ်းတွေက အကျဉ်းခန်းခတွေ တောင်းယူပြီး စီးပွားရေးဆန်ဆန်နဲ့ အနိုင်ကျင့်နှိပ်စက်မှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။