ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သေနတ်ကိုင် ရမ်းကားနေသူ ၁ ယောက်ကို ထိုင်းအာဏာပိုင်တွေက ပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြကြပါတယ်။

ဒီနေ့ မေလ ၆ ရက် မနက်အစောပိုင်းက သေနတ်ကိုင်ဆောင်သူ အမျိုးသား ၁ ယောက်ဟာ ပတ်ဝန်းကျင်ကို ပစ်ခတ်မှုတွေလုပ်ဆောင်နေတဲ့အတွက် ထိုင်းအာဏာပိုင်တွေက သွားရောက်ဖမ်းဆီးခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ သေနတ်သမားကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုအတွင်း အသေအပျောက်မရှိခဲ့ဘဲ ဒဏ်ရာရရှိသွားတဲ့ သေနတ်ကိုင်အမျိုးသားကို မဲဆောက်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့နေရာအနှံအပြားမှာ ၈ လေးလုံး ထီးသပိတ်လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

မနေ့သြဂုတ် ၈ ရက်မှာ ကျရောက်တဲ့ (၃၇) ကြိမ်မြောက် ၈ လေးလုံးအထိမ်းအမှတ်အဖြစ် ရန်ကုန် မြို့ရဲ့ အထင်ကရနေရာအနှံ့အပြားမှာ ၈ သင်္ကေတစာလုံးရေးဆွဲထားတဲ့ ထီးတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေ တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ပေါ်ရှိ ဒီပဲယင်းရဲစခန်းနဲ့ ဒီပဲယင်းအထကကျောင်းထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တိုဘာ ၅ ရက် က တော်လှန်ရေးတပ်တွေ ဝင်ရောက်စီး နင်းတိုက်ခိုက်ခဲ့တယ်လို့ ရေဦးပကဖ ထံက သိရပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း တော်လှန်ရေတပ်တွေ အသင့်ပြင်ထားတဲ့ နေရာသို့ ဝင်ရောက်တဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြိုပေါ်ကနေ သာယာကြီးရွာဘက်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်၃တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၇ ရက်က တောင်သာမြို့ပေါ်ကနေ သာယာကြီးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက အသင့်ပြင်ထားနေရာသို့ အရောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အဆင်သင့်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အင်းတော် မြို့မဘုန်းကြီးကျောင်းကို စစ်ကော်မရှင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရှိ မြို့မဘုန်းကြီးကျောင်းကို ဧပြီလ ၁ ရက်နေ့တုန်းက စစ်ကော်မရှင်ရဲ့ တိုက်လေယာဉ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို Indaw Revolution-IR က ထုတ်ပြန်ထားပါတယ်။
Read More

ယနေ့ နေ့လယ် မိုးကုတ်မြို့ ဘုရားငါးဆူကို စစ်ကော်မရှင် ဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ဘုရားငါးဆူအနီးကို အကြမ်းဖက်စစ်ကော်မရှင်က ဒီနေ့ အောက်တိုဘာ ၂၁ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာတွင် အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးတွေကြဲချ တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၇ ယောက် သေဆုံးခဲ့တယ်လို့ Wetlet Informational Network က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။