ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ စိန်ဘုံကျေးရွာအနီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့ တော်လှန်ရေးတပ်တွေကို အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း စစ်ကြောင်း ၃ (Kanbauk Defense Force) က ထုတ်ပြန်ထားပါတယ်။

မေလ (၁)ရက် မနက်ပိုင်းမှာ ဒေါနစစ်ကြောင်း (၃) က နတ်ကြီးစင်ကျေးရွာအုပ်စု၊ စိန်ဘုံကျေးရွာအနီး နယ်မြေရှင်းလင်းရေးသွားချိန် စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အပြန်အလှန် ပစ်ခတ်မှုအတွင်း တော်လှန်ရေးတပ်တွေရဲ့ ပြန်လည် ခုခံတိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်သား(၂) ယောက် ‌သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ကလည်း ရဲဘော် (၁) ယောက် ကျဆုံးခဲ့သလို စစ်ကောင်စီတပ်သားတွေက အရပ်သား(၂) ယောက်ကိုပါ ပစ်ခတ် ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေက 16-KR အရှည် ၁ လက်၊ ပစ္စတို ၁လက်နဲ့ ကျည်ဘောက် ၂ခု ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအပြီး စစ်ကောင်စီတပ်သားတွေက ခရီးသွားပြည်သူတွေကို ဖမ်းဆီး စစ်ဆေး ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့သလို ဘုရားသုံးဆူ၊ စိန်ဘုံကျေးရွာအနီး စစ်ရေး ဆက်လက် တင်းမာနေတာကြောင့် ပြည်သူတွေအနေနဲ့ အဆိုပါဒေသတွေဆီ ခရီးမသွားဖို့ တော်လှန်ရေးပူးပေါင်းမဟာမိတ်တပ်ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

လက်ဝဲ+မြင်းနီရွာမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် အသက် ၈၂ နှစ်အရွယ် အဘိုးအို ၁ ဦး သေဆုံး… သပိတ်ကျင်း၊ ကြက်ရိုးပင်ရွာမှာလည်း လေကြောင်း​တိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိ…

မန္တလေးတိုင်း၊ နွားထိုးကြီးနဲ့ သပိတ်ကျင်းမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၄ ယောက်အထိ ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

NUG ဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေက PDF သင်တန်းသူ၊ သင်တန်းသားတွေကို သွားရောက်တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သင်တန်းကျောင်းတွေဆီ သွားရောက်ပြီး သင်တန်းနည်းပြအဖွဲ့များ၊ သင်တန်းသူ၊ သင်တန်းသားများကို တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

မုဒုံမှာ စစ်ကောင်စီရဲ့ အမြောက်တပ်ကို ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ လက်နက်တိုက်ပျက်စီးပြီး စစ်ကောင်စီတပ်က ၃ ယောက် သေဆုံး

မွန်ပြည်နယ်၊ မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ အမြောက်တပ် အမတ - ၃၁၈ ကို ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ လက်နက်တိုက်ပျက်စီးပြီး စစ်ကောင်စီတပ်က ၃ ယောက်သေဆုံးကာ ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲသည် ပြည်တွင်းစစ်ကို သက်ဆိုးရှည်အောင် လောင်စာထည့်ပေးသလို ဖြစ်နေဟု NUG ယာယီသမ္မတ ပြော၊ ရွေးကောက်ပွဲ ထောက်ခံနေသည့် ဒေသတွင်းနိုင်ငံများ စစ်အာဏာရှင်ရဲ့ မျက်နှာကို မကြည့်ဘဲ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ မျက်နှာကို ငဲ့ဖို့ တောင်းဆို

အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဖြေ မဟုတ်ဘဲ ပြည်တွင်းစစ်ကို သက်ဆိုးရှည်အောင် လောင်စာထည့်ပေးသလို ဖြစ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။
Read More

၂၀၂၅ ခုနှစ်မှာ အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား အများဆုံးသေဆုံးခဲ့…

“အိုးဘိုထောင်က မကြာခဏဆိုသလို ဆေးဝါးလုံလောက်မှုမရှိတာတွေလည်း ဖြစ်နေပါတယ်။ အရင်ကထက်စာရင် သိသိသာသာကို ပိုများလာပါတယ်။ အကျဉ်းထောင်တွေက အကျဉ်းသား ၁ဦးစီတိုင်းဟာ အသက်ရှင်သန်ပိုင်ခွင့်ကို သေချာပေါက် ရရှိမှာပါဖြစ်ပါတယ်။ ဆေးမလောက်တာတွေ၊ ပြင်ပဆေးရုံကို ပို့ပေးဖို့ ကြန့်ကြာတာတွေ ဒါမျိုးတွေက တဖက်လှည့်ကနေပြီး နိုင်ငံရေးအကျဉ်းသားတွေကို သေဆုံးအောင် သတ်ဖြတ်နေတဲ့ ကိစ္စဖြစ်တယ်လို့ မြင်ပါတယ်” လို့ MPW ဒုပြန်ကြားရေးတာဝန်ခံ မဆူးငယ်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပြည်သူ့အားဖြင့် သွားနေသည့် တော်လှန်ရေးမှာ စဥ်းစားမှုတိုင်းက ပြည်သူ့ဆန္ဒကို အခြေပြုဖို့ လိုအပ်ဟု NUG ဝန်ကြီးချုပ် ပြော

ပြည်သူ့အားနဲ့ သွားနေတဲ့ တော်လှန်ရေးမှာ ပြည်သူ့ဆန္ဒကို အခြေပြုတဲ့ စဥ်းစားမှုမျိုးတွေသာ ဖြစ်ဖို့လိုအပ်တယ်လို့ ဧပြီလ ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၁၁ /၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ကြောင်း NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။