ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ တပ်ရင်းစံပြုတည်မြဲအမိန့်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD) ၊ PDF စစ်ရုံးချုပ်က မေလ ၆ ရက် ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

PDF စံပြုတည်မြဲအမိန့်မှာ အချက် ၇ ချက်ပါဝင်ပြီး ပထမဆုံးအနေနဲ့ ရည်ရွယ်ချက်၊ သမိုင်းကြောင်း၊ ရည်မှန်းချက်နဲ့ စံတန်ဖိုးတွေဖြစ်ပါတယ်။

အဲ့ဒီနောက် စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေ၊ တပ်ရင်းတွေ စံပြုဖွဲ့စည်းပုံ၊ အခြေခံတာဝန်ဝတ္တရားတွေ၊ သက်ဆိုင်ရာလုပ်ငန်းတာဝန်ဝတ္တရားတွေ၊ စံပြုလုပ်ထုံးလုပ်နည်းတွေနဲ့ စည်းကမ်းသတ်မှတ်ချက်တွေ၊ ထုတ်ပြန်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း စတာတွေ ပါဝင်တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF လက်အောက်ရှိ တပ်ရင်းအားလုံး အဆိုပါ တပ်ရင်းစံပြုတည်မြဲအမိန့် နဲ့အညီ ကျင့်သုံးဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ PDF စစ်ရုံးချုပ်က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကော့သောင်းတွင် စစ်ကောင်စီနှင့် ပကဖ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ အရာခံဗိုလ်အပါ ၃ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းနဲ့ ကော့သောင်းပကဖတို့ ထိတွေ့တိုက်ပွဲ ၂ ကြိမ်ဆက် ဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီဘက်က အရာခံဗိုလ် အပါအဝင် ၃ ယောက် သေဆုံးခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာ၀န်ခံ အင်းဘီလူးက မောင်းကို ပြောပါတယ်။
Read More

ရန်ကုန်တက္ကသိုလ်မှ ကထိကဒေါ်ဝင်းဝင်းအောင် PDF ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ AA နှင့် ကြိုတင်ကြံစည်ပူးပေါင်းခြင်းသာ ဖြစ်ဟု စစ်ကောင်စီ ဆို

ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနက ကထိက ဒေါ်ဝင်းဝင်းအောင်ဟာ PDF တွေ ဖမ်းဆီးခံရတာမဟုတ်ဘဲ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းသွားတာဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီက မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ညောင်ကျိုးတိုက်ပွဲ စစ်ကောင်စီတပ် တင်းခံနေပြီး AA ထိုးစစ် ပြင်းထန်နေ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

တောင်သာ ရုံးစည်ကြီးစခန်းကို PDF ဝင်ရောက်တိုက်ခိုက်မှု စစ်အုပ်စု ၆ ဦး သေ၊ ၄ ဦး ဒဏ်ရာပြင်းထန်ခဲ့၊ ခဲယမ်းကျည် မလုံလောက်မှုကြောင့် စခန်းကို အပြီးသတ်မရရှိခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က စစ်အုပ်စုအထိုင်ချရာ ရုံးစည်ကြီးရွာ တိုက်နယ်စခန်းကို တော်လှန်ရေးတွေ ဝင်ရောက်သိမ်းပိုက်မှုမှာ စစ်အုပ်စုဘက်က ၆ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူတွေလည်းရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

နမ့်ဆန်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၈ တန်းကျောင်းသူ သေဆုံး၊ ညီမဖြစ်သူ ၅ တန်းကျောင်းသူ ဒဏ်ရာ ပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအောင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်းကျေးရွာကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ မိန်းကလေးတဦး သေဆုံးခဲ့ရတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

သီပေါမြို့ပေါ်ကို စစ်ကော်မရှင်တပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မ​တော် - PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကော်မရှင်တပ်တွေက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။