မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှု မရရှိတာကြောင့် အခုနှစ် ဇန်နဝါရီလကနေ ဧပြီလအတွင်း နိုင်ငံရေးအကျဉ်းသား ၉ ယောက် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်လာပါတယ်။

သေဆုံးသူတွေမှာ ကိုမျိုးမင်းဦး အသက် ၂၇ နှစ်၊ ကိုသူရအောင် (ကုလားကြီး) အသက် ၃၂ နှစ်၊ ကိုကျော်ဇင်လတ် အသက် ၃၆ နှစ်၊ ဒေါ်စန်းရီ (ဒေါ်ကုလားမ) အသက် ၆၅ နှစ်၊ ကိုအောင်ထွန်း အသက် ၂၈ နှစ်၊ ကိုမိုးကျော်၊ ကိုသီဟ အသက် ၄၅ နှစ်၊ ဦးလူအောင် အသက် ၅၉ နှစ်နဲ့ ကိုဟိန်းမင်းသူ အသက် ၃၃ နှစ် တို့ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကျရောက်ခဲ့တဲ့ အကျဉ်းထောင်တွေကတော့ ဒိုက်ဦးထောင်၊ သာယာဝတီထောင်၊ မြောင်းမြထောင်၊ အိုးဘိုထောင်တို့က ဖြစ်ပြီး အများစုမှာ အိုးဘိုထောင်က ဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့အ‌ချိန်အထိ သေဆုံးသူ စုစုပေါင်း(၉) ယောက်အထိ ရှိလာခဲ့ပေမယ့် အကျဉ်းထောင်အတွင်း လုံလောက်တဲ့ဆေးဝါးကုသမှု မရရှိခြင်းအပြင် အခြားသော လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကိုလည်း နိုင်ငံရေးအကျဉ်းသားတွေ များစွာ ကြုံတွေ့ ခံစားရနေရတယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တနှစ်တာမှာလည်း အခုလိုပဲ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတဲ့အတွက် နိုင်ငံရေးအကျဉ်းသား အမျိုးသမီး (၃)ယောက်၊ အမျိုးသား (၁၈)ယောက်၊ LGBT (၁)ယောက်၊ စုစုပေါင်း (၂၂) ယောက် သေဆုံးခဲ့ရပါသေးတယ်။

(ဓာတ်ပုံ PPNM)
0 Shares:
You May Also Like
Read More

တော်လှန်ရေးကာလ ၄ နှစ်တာအတွင်း ပကဖ ရဲဘော် ၁ ထောင်ကျော် ကျဆုံးခဲ့

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၄ နှစ်ကျော်ကာလမှာ တိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရဲဘော် ၁၀၀၀ ကျော် ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က ဒီနေ့မှာ လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
Read More

မတ်လတစ်လတာအတွင်း စစ်ကောင်စီတပ်က အလင်းဝင် (၆၈) ဦးနှင့် စစ်သုံ့ပန်း (၅၉) ဦးရှိဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း မတ်လတစ်လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အလင်းဝင်လာသူ (၆၈) ယောက်နဲ့ ဖမ်းဆီးရမိသူ (၅၉) ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီနဲ့ ခရိုင်ပကဖတွေ တွေ့ဆုံခဲ့

ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီနဲ့ တိုင်းပကဖဦးဆောင်အဖွဲ့က ပုသိမ်ခရိုင်၊ ​မြောင်းမြခရိုင် ပကဖ၊ မအူပင်ခရိုင် နဲ့ ဟင်္သာတခရိုင်ပကဖ  တာဝန်ရှိသူတွေ၊ ရဲ​ဘော်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီတပ် သံပြားကာကားယာဥ်တန်းကို တော်လှန်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာမှာ ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ရဲ့ သံပြားကာကားတွေနဲ့ ကင်းပုန်းဝပ်နေတဲ့ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ( ၃ ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကြို့ပင်ကောက်မြို့အဝင် စစ်တပ်ဂိတ် ပစ်ခတ်ခံရပြီး စစ်အုပ်စု ၅ ဦး သေ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့အဝင်က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ စစ်သား၊ ရဲနဲ့ ပျုစောထီး ၅ ယောက် သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရေးမြို့နယ်မှာ စစ်ကောင်စီတပ်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်၊ ၃ ယောက် သေပြီး ၁၀ ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၃ ယောက် သေပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။