မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သား၂ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ကြောင်း ညောင်ဦးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မေလ ၂ရက်နေ့က ညောင်ဦးမြို့နယ်၊ ငါ့သရောက် မြို့နယ်ခွဲကနေ ကျောက်ပန်းတောင်းမြို့နယ် တောင်ဘက် ကမ်းဖြူကျေးရွာဆီ စစ်ကြောင်း ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေဟာ လမ်းတစ်လျှောက် ကျေးရွာတွေမှာရှိတဲ့ အရပ်သားတွေကို လူသားဒိုင်းလုပ် ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ငါ့သရောက်မြို့နယ်ကနေ ထွက်ခွာရင်း အို့ရင်း၊ ကြို့ပင်သာ၊ ထောက်ဝ၊ ကမ်းဖြူ၊ ကြီးကန်နဲ့ ကူတောရွာတွေက အရပ်သား၃၀ နီးပါးကို လူသားဒိုင်းလုပ်ဖမ်းဆီးရင်း ကမ်းဖြူရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့သည့် ကမ်းဖြူရွာမှ ပြည်သူတစ်ဦး

အကြမ်းဖက်စစ်အုပ်စုတွေဟာ မေလ ၄ရက်နေ့မှာ ကမ်းဖြူကျေးရွာ လယ်ပြင်သာတဲတိုက်မှာရှိတဲ့ ထန်းတက်သမား၁ယောက်ကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့သလို မေလ ၅ရက်နေ့မှာလည်း အရပ်သား၁ယောက်ကို ခြေထောက်ကြိုးတုပ်ချည်နှောင်ရင်း စစ်ကြောင်းထွက်ခွာချိန် လည်ပင်း လှီးဖြတ် သတ်ဖြတ်ခဲ့​ကြောင်း သိရပါတယ်။

“၄ရက်နေ့ အသတ်ခံရတဲ့ ထန်းတက်သမားကိုရင်ကြီးဆိုတာ ကိုရင်လူထွက်ပါ။ အသက် ၂၀ မပြည့်သေးပါဘူး။ စစ်ကြောင်းဝင်လာလို့ ထွက်ပြေးတာကို နောက်က စစ်သား ၃ယောက်က သေနတ်နဲ့လိုက်ပစ်တာ အဲ့ဒီ ဒဏ်ရာနဲ့ပဲ ဆုံးပါတယ်။ ကမ်းဖြူရွာက ကိုအောင်ဆန်းဝင်းကိုလည်း ခြေထောက်တွေကြိုးနဲ့ချည်ပြီး ဗိုက်ကိုဓားနဲ့ခွဲ လည်ပင်းလှီး ရက်ရက်စက်စက် သတ်သွားတာပါ။” လို့ ညောင်ဦးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ မေလ ၅ရက်နေ့မှာတော့ ငါ့သ​ရောက်မြို့နယ်ခွဲဆီပြန်ပြီး ဆုတ်ခွာသွားကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်အခြေစိုက် စစ်ကောင်စီတပ်က ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ (၂၇၃)တပ်ရင်းက ဒုတပ်ကြပ်တစ်ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၂) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မြို့အနောက်ပိုင်းကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှု ၁၃ ဦးသေပြီး ၂၀ ဝန်းကျင်ဒဏ်ရာရ…

"လေယာဉ်အန္တရာယ်နဲ့ ပတ်သက်ပြီးတော့ ပညာပေးသတိပေးတာတွေတော့ ရှိတာပေါ့၊ လေယာဉ်လာတဲ့အချိန်က သတိပေးတာမျိုးတော့မရှိဘူး၊ လေယာဉ်ကအသံကြားတာ နဲ့ ကြဲပြီးသားဖြစ်သွားတာ၊ TNLA က လမ်းပြင်ဖို့ ဆိုပြီးတော့မှ မြို့ ၊ အဝင်အထွက်လမ်းတွေကို ပြင်ဖို့ကို ပိတ်ထားတာ ကားတွေကတော့ သွားလို့မရဘူး" လို့ ဆိုပါတယ်။
Read More

နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွါးနေပြီး စစ်ကောင်စီတပ်က တစ်ရက်အတွင်း လက်နက်ကြီး (၁၂၇) လုံးနှင့် ဒရုန်းဖြင့် ဗုံး (၄၂) လုံး ပစ်ကူတိုက်ခိုက်ခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ မျက်ချီးနု၊ ရေမောင်းတန်း၊ နောင်လင်၊ ကျောက်ကြမ်း၊ နန်းကျီးကုန်းနဲ့ နားမိုင်ကျေးရွာတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဆက်လက် ဖြစ်ပွားနေရာ ဇူလိုင် ၇ ရက်နေ့၊ ၁ ရက်တာအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၁၂၇) လုံး၊ ဒရုန်းနဲ့ ဗုံး (၄၂) လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မြောက်ဥက္ကလာ EPC ရုံး လုံခြုံရေးဂိတ် လက်ပစ်ဗုံးနဲ့ပစ်ခံရပြီး အစောင့်ကျတဲ့ အကြမ်းဖက်စစ်သား၊ ရဲအချို့ ထိခိုက်ဒဏ်ရာရ

နိုဝင်ဘာလ ၈ရက်၊ ည ၇နာရီကျော်လောက်က ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့ EPC ရုံး လက်ပစ်ဗုံးနဲ့အပစ်ခံရပြီး ကင်းအစောင့်ချထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ရဲအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဆီကနေ သိရပါတယ်။
Read More

အရာတော်မြို့နယ်တွင်း စီးပွားဖြစ် ဆေးခြောက် (ဝိ) စိုက်ပျိုးမှုကို ပအဖ၊ ပကဖ၊ ပလဖ တို့ အရေးယူ ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း စီးပွားဖြစ် ဆေးခြောက် (ဝိ) စိုက်ပျိုးမှုကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ - ပလဖ တို့က စက်တင်ဘာ ၂၅ ရက်မှာ ကွင်းဆင်းပညာပေးခြင်း၊ အရေးယူခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတို့ လုပ်ဆောင်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ရွာကထိန်ပွဲ ပြုလုပ်နေချိန် အကြမ်းဖက်စစ်တပ် လေယာဉ်ဗုံးကြဲလို့ ဒေသခံ ၅ ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ယောအိုင်းမကျေးရွာမှာ ကထိန်ပွဲ ပြုလုပ်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲချခဲ့လို့ ဒေသခံ ၅ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။