၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/ ရက္ခိုင့်တပ်တော် AA ရဲ့ နိုင်ငံရေးမှူးအဖြစ် တာဝန်ယူထားတဲ့ ဦးဦးလှစောဟာ မနေ့က ညပိုင်းမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ် ရှိပြီဖြစ်တဲ့ ဦးဦးလှစောဟာ မေလ ၅ ရက် မနေ့က ညပိုင်းမှာ လည်ချောင်းကင်ဆာရောဂါနဲ့ ဆေးရုံတက်ရောက် ကုသချိန်အတွင်း ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

၁၉၅၃ ခုနှစ် မေလ ၂၇ ရက် (၁၃၁၅ ခု ကဆုန် လပြည့်နေ့)မှာ မွေးဖွားခဲ့တဲ့ ဦးဦးလှစောဟာ ၁၉၇၀ နောက်ပိုင်း တက္ကသိုလ်မှာ မြေအောက်ကျောင်းသားလှုပ်ရှားမှုတွေ၊ ခေတ်ပေါ်ကဗျာလှုပ်ရှားမှုတွေထဲမှာ ပါဝင်ခဲ့ပြီး ခေတ်ပေါ်ကဗျာနဲ့ ဝတ္ထုတို၊ ရသ စာတွေ ရေးသားရာမှာ ထင်ရှားတဲ့သူတစ်ယောက် ဖြစ်ပါတယ်။

ကျောင်းသားလှုပ်ရှားမှုနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ဦးဦးလှစောကို စစ်အာဏာရှင်တွေက ၁၉၇၅ ခုနှစ်မှာ ထောင်ဒဏ် ၉ နှစ်နဲ့ ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလမှာ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ဦးဦးလှစောဟာ ANP ရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်အဖြစ် တာဝန်ယူခဲ့သလို ၂၀၂၁ ခုနှစ် နောက်ပိုင်း ULA/AA ရဲ့ နိုင်ငံရေးမှူးအဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

(ဓာတ်ပုံ ငြိမ်းအေးအိမ်)
0 Shares:
You May Also Like
Read More

ကျားဖြန့်မှ ဖမ်းမိထားသည့် နိုင်ငံခြားသားများအတွက် ကျွေးမွေးစရိတ် ကျပ်သိန်းပေါင်း ၁၃၀၀၀ ကျော်ရှိဟု ဇော်မင်းထွန်း ငြီးတွားပြ

အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းတွေကနေ ဖမ်းဆီးရမိထားတဲ့ နိုင်ငံခြားသားတွေကို ထိန်း သိမ်းစောင့်ရှောက်ထားရတာဟာ ကုန်ကျစရိတ်များပြားပြီး တစ်နှစ်အတွင်း ငွေကျပ်သိန်းပေါင်း ၁၃၀၀၀ ကျော် သုံးစွဲကုန်ကျခဲ့ရတယ်လို့ အကြမ်းဖက်စစ်တပ်ပြောခွင့်ရ ဇော်မင်းထွန်းက ပြောပါတယ်။
Read More

ဖာပွန်ကနေ တပ်စခန်းစွန့် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ကြားဖြတ်တိုက်ခိုက်ခံရလို့ ၁၀ယောက်သေ

ဖာပွန်မြို့နယ်၊ မထောစခန်းကနေ ထွက်ပြေးလာတဲ့ စစ်တပ်စစ်ကြောင်းကို လိုက်လံတိုက်ခိုက်မှုမှာ စစ်သား ၁၀ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိမိခဲ့ကြောင်း KNU တပ်မဟာ ၅၊ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမြို့အတွင်းက ငလျင်ဘေးသင့် ပြည်သူတွေကို NUG ကယ်ဆယ်ရေးဆောင်ရွက်

ယမန်နေ့က လှုပ်ခတ်သွားတဲ့ ပြင်းအားမြင့် ငလျင်ဘေးဒဏ်သင့်ခဲ့တဲ့ စစ်ကိုင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပအဖ၊ ပကဖ၊ ပလဖ တို့ ပူးပေါင်းကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပြီလို့ သိရပါတယ်။
Read More

အမ်းကို စစ်ကူပို့တဲ့ စစ်ကောင်စီတပ်သားတွေ အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခံနေရပြီး ရခိုင်ရိုးမထဲ ကစဉ့်ကလျား ထွက်ပြေးနေရ

ရခိုင်ပြည်နယ်၊ အမ်းကို စစ်ကောင်စီက ကုန်းလမ်းကရော ဝေဟင်ကပါ စစ်ကူတွေပေးပို့နေပေမယ့် ကြားဖြတ်တိုက်ခိုက်ခံရမှုတွေကြောင့် စစ်ကူတွေ မရောက်ရှိတဲ့ အခြေအနေမျိုးစုံနဲ့ ကြုံတွေ့နေရကြောင်း CDM စစ်တပ်အရာရှိတွေ က ပြောပါတယ်။
Read More

BPLA အညာစစ်ဒေသ လေ့ကျင့်တည်ဆောက်ခဲ့မှု (ဓာတ်ပုံသတင်း)

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ အမှတ် (၃၀၈) အညာစစ်ဒေသ ဖြစ်တည်လာဖို့ လေ့ကျင့်တည်ဆောက် ဖြတ်သန်းခဲ့ရတဲ့ မှတ်တမ်းဓာတ်ပုံတွေကို အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ငလျင်ဒဏ်သင့်ဒေသများကို လေကြောင်းတိုက်ခိုက်နေသည့် စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ရန်ကုန်မှာ ဆန္ဒပြ

လုံခြုံရေးတင်းကျပ်တဲ့ ရန်ကုန်မြို့မှာ ငလျင်ဒဏ်သင့် ဒေသတွေကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီအပေါ် ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်က ထုတ်ပြန်ပါတယ်။