မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အင်အား ၂၀၀ ခန့်နဲ့ မြိုင်မြို့နယ်ဘက်သို့ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၇ ယောက်သေဆုံးခဲ့တယ်လို့ M.V.P Revolution Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပခုက္ကူမြို့နယ်ကနေ အင်အား ၂၀၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မေလ ၂ ရက်မှာ မြိုင်မြို့နယ် လေးတန်ကျေးရွာအနောက်ဘက် ဆည်ပေါင်အနီး တော်လှန်ရေးတပ်တွေ စတင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ ယောက်သေကာ ၆၀ မမ၊ ၄၀ မမ လက်နက်ကြီး တွေနဲ့ ပစ်ခတ်တဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ဆုတ်ခွာခဲ့ကြပြီး လေးတန်ရွာမှာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ လေးတန်ရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ကျည်ပြတ်လပ်မှုကြောင့် ဆုတ်ခွာခဲ့ကြရတယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်သား ၅ ယောက်ထပ်မံသေဆုံးကာ တိုက်ပွဲအတွင်း ကျန်ခဲ့တဲ့ ရဲဘော် ၁ ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းဟာ လေးတန်ရွာ၊ သစ်ကြီး‌‌တောရွာ၊ ပေါက်ပင်ကိုင်ရွာတွေကို စစ်ကြောင်းထိုးနေရာယူထားပြီး မေလ ၂ ရက် ညနေပိုင်းမှာ သစ်ကြီးတောရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မေလ ၃ ရက်ကလည်း လေကြောင်းကနေ အနီးအနားရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူနေအိမ်တွေနဲ့ တိရစ္ဆာန်တွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီနေ့ ညနေပိုင်းမှာလည်း ပေါက်ပင်ကိုင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းက ပေါက်ပင်ကိုင်းရွာနဲ့ သစ်ကြီးတောရွာ၊ လေးတန်ရွာတွေမှာ အထိုင်ချထားတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးမှာ 8+အညာမြေစစ်ဆင်ရေးအဖွဲ့၊ M.V.P Revolution Force ၊ U A V frighter၊ မဟူရာအလင်းတန်းပြောက်ကျားမြိုင်၊ scoprion people defense force၊ phoneix people defense force၊ ဇာမဏီပြောက်ကျား၊ ဋ္ဌေးအောင်ပြောက်ကျား၊ စနေမင်း၊ တမာမြေပြောက်ကျားတပ်ဖွဲ့ – မြိုင်နဲ့ မဟာမိတ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

Video-M.V.P Revolution force

0 Shares:
You May Also Like
Read More

ပေါက်နယ်နဲ့ မြိုင်နယ်အစပ်ရှိ တောရဘုန်းကြီးကျောင်းအား စစ်ကော်မရှင်တပ်က Y-12 လေယာဉ်နဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ရှိ တောရဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က Y-12 လေယာဉ်နဲ့ ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TYK ပြောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
Read More

အင်းလေးဒေသ ကေလာရွာမှာ သေဆုံးသူ ၄၁ ဦးရှိပြီး အသက်ရှင်ကျန်ရစ်သူများအတွက် အကူအညီများ လိုအပ်နေ (ရုပ်/သံ)

ရှမ်းပြည်နယ်၊ အင်းလေးဒေသ ကေလာရွာမှာ အင်အားပြင်းငလျင်ဒဏ်ကြောင့် အိမ်ခြေ ၇၅ ရာခိုင်နှုန်းကျော် ထိခိုက်ပျက်စီးခဲ့ပြီး လူဦးရေ ၄၁ သေဆုံးခဲ့ရတယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးခဲ့သည့် ပေါက်တိုင်းတံတားဂိတ်တိုက်ပွဲ ရုပ်သံ ဒေါင်းညီနောင်စစ်ကြောင်း ထုတ်ပြန်

တနင်္သာရီတိုင်း ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်ကို‌ မေလ ၇ ရက်က တော်လှန်ရေးတပ်ပေါင်းစုတွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၉ ယောက် သေဆုံးခဲ့တဲ့ တိုက်ပွဲမှတ်တမ်းရုပ်သံကို ဒေါင်းညီနောင်စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

ငါန်းဇွန်မြို့နယ်အတွင်း အင်အား ၁၀၀ ခန့်ဖြင့် ရောက်ရှိလာသည့် အကြမ်းဖက်စစ်သားများကို လက်နက်ကြီးနှင့် ဒရုန်းဗုံးသီးများ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တောင်ဘက်သို့ အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TGYR-youthguerrillacounterrevolution-nz က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နမ့်ဆန်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်းရှိ TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်အတွင်း စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အုတ်တွင်းမြို့နယ်နဲ့ ထန်းတပင်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူခရိုင် အုတ်တွင်းမြို့နယ်နဲ့ ထန်းတပင်မြို့နယ်တွေကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးခဲ့တယ်လို့ People's Defence Organization - Oktwinမှ သတင်းထုတ်ပြန်ထားပါတယ်။