အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပြည်ပခရီးစဥ်တွေအပြီးမှာ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းအသုံးပြုကာ အကြမ်းဖက်မှုတွေ တိုးပြီး ကျူးလွန်လာနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် မိန့်ခွန်းမှာ ဦးရည်မွန်က ပြောကြားခဲ့တာဖြစ်ပါတယ်။

“တလောက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် စစ်ကောင်စီရဲ့ ပြည်သူအပေါ် စေတနာမဲ့မှု၊ စွမ်းဆောင်ရည်မဲ့မှု၊ အင်အားချိနဲ့မှုဟာ မဖုံးနိုင် မဖိနိုင် ပေါ်လာတယ်။ သူ့ရဲ့ ဒီအားနည်းချက်တွေကို ဖုံးကွယ်ဖို့ ငလျင်ဒဏ်သင့် ပြည်သူတွေအပေါ် မျက်ကွယ်ပြုပြီး လေကြောင်းအကြမ်းဖက်မှုကို တိုးပြီး ကျူးလွန် လာတာလည်း ဖြစ်တယ်။ ဒီအချိန်ဟာ အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ ပြည်ပခရီးစဥ်များ အပြီးနဲ့လည်း တိုက်ဆိုင်နေတယ်။” လို့ NUG ဝန်ကြီး ဦးရည်မွန်က ပြောကြားထားပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ဆိုးဆိုးဝါးဝါး ကျူးလွန်လာတာကြောင့် ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ယူထားတဲ့ PDF တပ်မတော် ရဲဘော်တွေအနေနဲ့ ပြည်သူတွေ လေကြောင်းအန္တရယ် ကင်းဝေးဖို့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ၊ အဆက်မပြတ် သတိပေးနှိုးဆော်မှုတွေ ပိုပြီး အားစိုက်ဆောင်ရွက်ကြဖို့ NUG ကာကွယ်ရေးဝန်ကြီးက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ဦးရည်မွန်က စစ်ကောင်စီရဲ့ လူမဆန်မှုတွေကို လူမိုက်အားပေးလုပ်နေတဲ့ ပြည်ပနိုင်ငံတချို့ ရှိလာတယ်လို့လည်း ပြောဆိုထားပါတယ်။

“အခုဆိုရင် မြန်မာ့အရေးဟာ ကမ္ဘာ့အခင်းအကျင်းနဲ့လည်း ဆက်စပ်လာတယ်။ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားကို လစ်လျူရှုပြီး မြန်မာပြည်အပေါ် သြဇာလွှမ်းမိုးဖို့၊ ကိုယ်ကျိုးစီးပွား အမြတ်ထုတ်ဖို့ ကြံရွယ်ချက်နဲ့ စစ်ကောင်စီရဲ့ လူမဆန်မှုတွေကို လူမိုက်အားပေးလုပ်နေတဲ့ ပြည်ပနိုင်ငံတချို့ ရှိလာတယ်ဆိုတာကိုလည်း သတိကြီးကြီးထားရတယ်။” လို့ ဝန်ကြီး ဦးရည်မွန်က ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာတွင် သာစည်​ထောင်ကြီးကွင်းနှင့် ရဲစခန်းအား ဗမာ့တပ်တော်နှင့် ပူးပေါင်းတပ်များ သွားရောက်တိုက်ခိုက်၊ ရဲ ၃ ဦးသေပြီး အဆောက်အဦးတချို့ ထိခိုက်ပျက်စီး

" တိုက်ပွဲက ၄၅ မိနစ်ကြာပါတယ်။ ၆၀ မမတွေနဲ့ ရန်သူ့ဘန်ကာတွေကို အနီးကပ် ပစ်ခတ်တာ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ခဲ့ပါတယ်။ မိမိတို့တော်လှန်ရေးပူးပေါင်းတပ်တွေ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်" လို့ ဗမာ့တပ်တော် (Bamar Army) ရဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်အုပ်စုကို K.N.D.O ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ရာ သေနတ် ၆ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် အာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် K.N.D.O တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားပါတယ်။
Read More

ကိုထိန်လင်း၏ နယူးယောက်နှင့် ဘော်စတွန် ခရီးစဉ်ကနေ ထောက်ပံ့ငွေ ဒေါ်လာ ၉၀၀၀၀ နီးပါးရရှိ၊ မြန်မာပြည်တွင်းရှိ လိုအပ်နေသည့်နေရာများကို ထောက်ပံ့သွားမည်…

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်အဲရစ်(ခ) ကိုထိန်လင်းရဲ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ နဲ့ ဘော်စတွန်မြို့ ခရီးစဉ်ကနေ အမေရိကန်ဒေါ်လာ ၉၀၀၀၀ နီးပါးရရှိခဲ့တယ်လို့ ကိုထိန်လင်းက လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
Read More

လားရှိုးအနီး အီနိုင်းကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ဗုံးတွေ ကြဲချတိုက်ခိုက်လို့ ပြည်သူ ၃ ယောက် သေဆုံး

လားရှိုးမြို့အနီး အီနိုင်းကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၃ ယောက်သေဆုံးခဲ့ရပြီး ၂ယောက်ဒဏ်ရာရရှိခဲ့ကြောင်း MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူ-စေတုတ္တရာအစပ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PDF တွေ တိုက်ပွဲပြင်းထန်နေ၊ နေအိမ်တွေ မီးလောင်ကာ ဒေသခံတွေ ထွက်ပြေးနေရ

မကွေးတိုင်း၊ ပွင့်ဖြူနဲ့ စေတုတ္ထရာမြို့နယ်တို့မှာအကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြ​စ်က ပြောပါတယ်။