အကြမ်းဖက်စစ်ကောင်စီဟာ ငလျင်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အပစ်ရပ်ကာလကို မေ ၆ ရက်ကနေ ၃၁ ရက်အထိ ၁ လ သက်တမ်းတိုးကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ အစိုးရရုံး၊ လူနေအိမ်၊ လမ်းပန်းဆက်သွယ်ရေးတွေကို ပြန်လည်တည်ဆောက်ဖို့နဲ့ ပြန်လည်ထူထောင်ရေးလုပ်ဖို့ အပစ်ရပ်သက်တမ်းတိုးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ မတ်လ ၂၈ ရက် ငလျင်လှုပ်ပြီးတဲ့နောက် စစ်ကောင်စီက သုံးကြိမ်မြောက် သက်တမ်းတိုးတာ ဖြစ်ပြီး ပထမတစ်ကြိမ်အနေနဲ့ ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိ၊ ဒုတိယတစ်ကြိမ်ကို ဧပြီ ၂၃ ရက်နေ ရက် ၃၀ အထိ သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီက အပစ်ရပ်ကြောင်း ကြေညာနေပေမယ့် တကယ်တမ်း လက်တွေ့မှာ မြန်မာနိုင်ငံ နေရာအနှံ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်နေသလို အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေ များစွာရှိနေပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အကြမ်းဖက် စစ်ကောင်စီက ဧပြီတစ်လလုံး လေကြောင်းတိုက်ခိုက်မှု ၂၄၄ ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သား ၂၀၁ ယောက် သေဆုံးပြီး အယောက် ၃၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကလေးက စစ်တပ်ဂိတ်တွေကို အသေခံဒရုန်းတွေနဲ့တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ၆ ဦး ဒဏ်ရာရ

ကလေးမြို့နယ်၊ ဇင်းဂလင်းရွာနဲ့ ထိုမာရွာမှာရှိ တဲ့စစ်တပ်ဂိတ်တွေကို အသေခံ အရုန်း တွေနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်တပ်ဘက်မှ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း  ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ပါတယ်။
Read More

ကျောင်းသားလက်ရုံးတပ်တော်၏ ပထမအကြိမ် ညီလာခံမှာ ဗဟိုဦီးဆောင်ကော်မတီ (စစ်ကော်မရှင်) ဖွဲ့စည်း

ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်၏ ပထမအကြိမ် ညီလာခံကို မေလ ၁၅ရက်ကနေ ‌၂၀ ရက်အထိ ဗဟိုဌာနချုပ်နယ်‌မြေမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲမှာ နိုင်ငံတကာအဖွဲ့တွေကို စံနှုန်းနဲ့အညီ စောင့်ကြည့်လေ့လာခွင့်ပြုမယ်လို့ စစ်ကောင်စီ ပြော

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက စောင့်ကြည့်လေ့လာခွင့်ပြုမယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။ 
Read More

သံဖြူဇရပ် – ရေးလမ်းမကြီးပေါ်က စစ်တပ်ဂိတ်စခန်းကို အနီးကပ်ဝင်ရောက်တိုက်ခိုက်၊ ၅ ယောက်ထက်မနည်း သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သံဖြူဇရပ် - ရေးလမ်းမကြီးပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းကို အနီးကပ် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) - NMSP (AD) က ထုတ်ပြန်ထားပါတယ်။
Read More

PJ ကိုင်ဆောင်ထားသူများကို အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မရပါကပြည်ပထွက်ခွင့် စတင်ရပ်ဆိုင်း

အလုပ်အကိုင်ပတ်စ်ပို့ (Passport for Job - PJ) သမားတွေအနေနဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် မရဘဲ ပြည်ပထွက်ခွင့် ရပ်ဆိုင်းလိုက်တယ်လို့  ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
Read More

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာစစ်ကောင်စီတပ်က ၁၀ ယောက် ထက်မနည်း ထိခိုက်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ Special Operation Group - SOG က ထုတ်ပြန်ထားပါတယ်။