အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ စစ်တပ်၊ ရဲနှင့် ဝန်ကြီးဌာနအသီးသီးမှာ အမျိုးသမီး တပ်/ဌာနတွင်း အမာခံသတင်းပေး(PreCDM) နဲ့ PreCDM အရေး ကူညီပေးနေသူ တပ်/ဌာနမိသားစုဝင် အမျိုးသမီးများစွာ ရှိပြီး လေးစားဂုဏ်ယူကြောင်း ပြည်သူ့ရင်ခွင်က ဒီနေ့ ထု​တ်ပြန်ကြေညာပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီး တာဝန်ထမ်းဆောင်နေတဲ့ တပ်/ဌာနတွင်း အမာခံသတင်းပေး (PreCDM) တွေထဲမှာ တပ်/ရဲနဲ့ ဝန်ကြီးဌာနအသီးသီးရဲ့ လက်အောက်ရှိ ဦးစီးဌာနတွေက နိုင်ငံ့ဝန်ထမ်းအမျိုးသမီးများစွာ ပါဝင်နေပြီး တပ်/ဌာန မိသားစုဝင် အမျိုးသမီးများလည်း ကျရာကဏ္ဍကနေ တာဝန်ကျေလျက်ရှိကြောင်း ဖော်ပြထားပါတယ်။

နိုင်ငံ့ဝန်ထမ်း အမျိုးသမီး PreCDM တွေနဲ့ တပ်/ဌာနမိသားစုဝင် အမျိုးသမီးတွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ အသိုင်းအဝိုင်းအတွင်း နေထိုင်လျက် တော်လှန်ရေးအောင်မြင်စေရေးအတွက် စစ်ရေးနဲ့ နိုင်ငံရေး အထောက်အကူပြု အရေးကြီးသတင်းအချက်အလက်တွေ ပေးပို့တာဝန်ကျေနေတယ်လို့လည်း ဆိုပါတယ်။

အမျိုးသားတွေနဲ့တန်းတူ တော်လှန်ရေးတာဝန် ကျေပွန်နေတဲ့ တပ်/ဌာနတွင်းနေ အမျိုးသမီးဝန်ထမ်းနဲ့ တပ်/ဌာနမိသားစုဝင် အမျိုးသမီးတွေကို တော်လှန်ရေးကာလအတွင်းရော တော်လှန်ရေးပြီးဆုံးချိန်မှာပါ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက်အမှတ် ၉/၂၀၂၂၊ အပိုဒ် (၂)၊ အပိုဒ်ခွဲ (ဃ)အရ ကာကွယ်ပေးသွားမှာဖြစ်ပြီး သတ္တိနဲ့ တာဝန်သိမှုအတွက် အသိအမှတ်ပြုလေးစားဂုဏ်ယူကြောင်း ပြည်သူ့ရင်ခွင်က ထုတ်ပြန်ကြေညာထားပါတယ်။

ပြည်သူ့ရင်ခွင်၏ ထုတ်ပြန်ကြေညာချက်
0 Shares:
You May Also Like
Read More

ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးတွင် စစ်ကောင်စီ တစ်ရက်အတွင်း ၅ ကြိမ် လေကြောင်းတိုက်ခိုက်၊ အရပ်သား ၁ ဦး သေဆုံးပြီး နေအိမ် ၉ လုံး မီးလောင်ပြာကျ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် လုပ်ဆောင်ခဲ့ရာ အရပ်သား ၁ယောက် သေဆုံးပြီး နေအိမ် ၉ လုံး မီးလောင်ပြာကျခဲ့ကြောင်း ပြည်သူ့ဘက်တော်သားအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

NUG ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်သည့် အစိုးရအဖွဲ့ တာဝန်ရှိသူများ ထိန်းချုပ်နယ်မြေများရှိ ဒေသခံများ၊ တော်လှန်ရေးရဲဘော်များနှင့် တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်တဲ့ NUG အစိုးရ တာဝန်ရှိသူတွေဟာ NUG ထိန်းချုပ်နယ်မြေတွေဆီ သွားရောက်ပြီး ဒေသခံ ပြည်သူလူထုအပါအဝင် တော်လှန်ရေးရဲဘော်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ NUG သမ္မတရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းကို AA ထိုးစစ် အရှိန်မြှင့်နေ

အမ်းမြို့နယ်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနီးက စစ်ကောင်စီတပ်ရင်းတွေကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်တွေက ဖော်ပြလာပါတယ်။
Read More

ညောင်ဦးမြို့နယ်၊ စဉ့်ကူရဲစခန်းမှ စစ်ကြောင်းထွက်လာသည့် စစ်တပ်ကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း၊ ညောင်ဦးမြို့နယ်၊ စဉ့်ကူနယ်မြေရဲစခန်းကနေ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်က ၄ ယောက် သေဆုံးခဲ့တယ်လို့ Bagan Bo Cho PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၁၁) တပ်ရင်း၏ အပတ်စဥ် (၉) အခြေခံ စစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရှမ်း-ကရင်နီ တိုင်းစစ်ဒေသ လက်အောက်ခံ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၁၁) တပ်ရင်း)ရဲ့ အပတ်စဥ် (၉) သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ Pa-O National Defense Force (PNDF) က ထုတ်ပြန်ထားပါတယ်။