မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သား၂ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့ကြောင်း ညောင်ဦးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မေလ ၂ရက်နေ့က ညောင်ဦးမြို့နယ်၊ ငါ့သရောက် မြို့နယ်ခွဲကနေ ကျောက်ပန်းတောင်းမြို့နယ် တောင်ဘက် ကမ်းဖြူကျေးရွာဆီ စစ်ကြောင်း ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေဟာ လမ်းတစ်လျှောက် ကျေးရွာတွေမှာရှိတဲ့ အရပ်သားတွေကို လူသားဒိုင်းလုပ် ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ငါ့သရောက်မြို့နယ်ကနေ ထွက်ခွာရင်း အို့ရင်း၊ ကြို့ပင်သာ၊ ထောက်ဝ၊ ကမ်းဖြူ၊ ကြီးကန်နဲ့ ကူတောရွာတွေက အရပ်သား၃၀ နီးပါးကို လူသားဒိုင်းလုပ်ဖမ်းဆီးရင်း ကမ်းဖြူရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့သည့် ကမ်းဖြူရွာမှ ပြည်သူတစ်ဦး

အကြမ်းဖက်စစ်အုပ်စုတွေဟာ မေလ ၄ရက်နေ့မှာ ကမ်းဖြူကျေးရွာ လယ်ပြင်သာတဲတိုက်မှာရှိတဲ့ ထန်းတက်သမား၁ယောက်ကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့သလို မေလ ၅ရက်နေ့မှာလည်း အရပ်သား၁ယောက်ကို ခြေထောက်ကြိုးတုပ်ချည်နှောင်ရင်း စစ်ကြောင်းထွက်ခွာချိန် လည်ပင်း လှီးဖြတ် သတ်ဖြတ်ခဲ့​ကြောင်း သိရပါတယ်။

“၄ရက်နေ့ အသတ်ခံရတဲ့ ထန်းတက်သမားကိုရင်ကြီးဆိုတာ ကိုရင်လူထွက်ပါ။ အသက် ၂၀ မပြည့်သေးပါဘူး။ စစ်ကြောင်းဝင်လာလို့ ထွက်ပြေးတာကို နောက်က စစ်သား ၃ယောက်က သေနတ်နဲ့လိုက်ပစ်တာ အဲ့ဒီ ဒဏ်ရာနဲ့ပဲ ဆုံးပါတယ်။ ကမ်းဖြူရွာက ကိုအောင်ဆန်းဝင်းကိုလည်း ခြေထောက်တွေကြိုးနဲ့ချည်ပြီး ဗိုက်ကိုဓားနဲ့ခွဲ လည်ပင်းလှီး ရက်ရက်စက်စက် သတ်သွားတာပါ။” လို့ ညောင်ဦးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ မေလ ၅ရက်နေ့မှာတော့ ငါ့သ​ရောက်မြို့နယ်ခွဲဆီပြန်ပြီး ဆုတ်ခွာသွားကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူ-ရေစကြိုလမ်းပိုင်းတွင် စစ်အုပ်စုဆီပို့ဆောင်ရန် ဘိလပ်မြေအိတ်နှင့် စားဆီ​ပုံးတင်ဆောင်လာသည့် ကား ၂ စီးအား Southern YSO PDF  ဖမ်းဆီးသိမ်းဆည်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူ-ရေစကြိုလမ်းပိုင်းမှာ ပျူစောထီးခေါင်းဆောင်နဲ့ စစ်အုပ်စုတွေဆီပို့ဆောင်မယ့် ဘိလပ်မြေအိတ်နဲ့ စားဆီပုံးတွေ တင်ဆောင်လာတဲ့ ကား၂ စီးကို ဖမ်းဆီးသိမ်းဆည်းနိုင်ခဲ့ကြောင်း Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကို ပြောပါတယ်။
Read More

ကန့်ဘလူမြို့နယ်အတွင်း စစ်အုပ်စုစစ်ကြောင်း ရွာ ၆ ရွာမှ နေအိမ် ၄၃၀ ကျော်ကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၉ ဦးကို မီးရှို့သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်တပ်နဲ့ ပျူစောထီးတွေပေါင်းပြီး စစ်ကြောင်းထိုးနေရာ ကျေးရွာ ၆ ရွာက နေအိမ် ၄၃၀ ကျော် ဖျက်ဆီးခံခဲ့ရပြီး ပြည်သူ ၉ ယောက်ကိုလည်း မီးရှို့သတ်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

နတခ က စစ်ဦးစီးအဆင့်နဲ့ တပ်ရင်းမှူးအဆင့် အပါအဝင် စစ်တပ်အရာရှိ ၅ယောက်ကို တပ်သားအင်အား လိမ်လည်ဖော်ပြမှု၊ စက်သုံးဆီ မှောင်ခိုမှုတွေနဲ့ ဖမ်းဆီးစစ်ဆေးနေ

ဧရာဝတီတိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံ အရာရှိ ၅ယောက်ကို တပ်သားအင်အား လိမ်လည်ဖော်ပြမှု၊ စက်သုံးဆီ မှောင်ခိုလုပ်ကိုင်မှုတွေနဲ့ ဖမ်းဆီးစစ်ဆေးနေကြောင်း စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ကြို့ပင်ကောက်တွင် စာမေးပွဲအတွက် စာလုပ်နေသည့် ၁၀ တန်းကျောင်းသား စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဥ်ကြီးကျေးရွာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၀ တန်းကျောင်းသားတစ်ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ (၁) တပ်ခွဲမှူးထံက သိရပါတယ်။
Read More

ဟန်ချက်ညီ အထွေထွေထိုးစစ် ဆင်နွှဲရန် လိုအပ်သည့် အခင်းအကျင်းများ ရှိထားပြီးပြီဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောကြား

လက်ရှိ နွေဦးတော်လှန်ရေးရဲ့ အလှည့်အပြောင်းကို ဖန်တီးနိုင်ဖို့အတွက် ဟန်ချက်ညီတဲ့ အထွေထွေထိုးစစ်ကြီး ဆင်နွှဲဖို့ လိုအပ်ပြီး ဒီအတွက်လည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားပြီပြီလို့ ဝန်ကြီး ဦးရည်မွန်က ပြောကြားထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေ စီးနင်းလာတဲ့ ကားကို ရေးဘီးလူးအဖွဲ့ တိုက်ခိုက်ရာ စစ်သား ၃ယောက်သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အမှတ်(၈) လမ်းမကြီးပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ စစ်ကာင်စီကားကို တိုက်ခိုက်ရာ စစ်သား ၃ယောက် သေဆုံးသွားတယ်လို့ ရေးဘီလူးအဖွဲ့ထံက သိရပါတယ်။