ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာနဲ့ နှစ်နိုင်ငံကြား အပြန်အလှန်ဆွေးနွေးမှုဟာ ဘာရလဒ်မှ ထွက်မှာမဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေး Md Touhid Hossain က မေလ ၄ ရက်မှာ ပြောပါတယ်။

“ရိုဟင်ဂျာတွေအနေနဲ့ သူတို့ရဲ့အခွင့်အရေးနဲ့ လုံခြုံရေးကို အာမခံချက်မပေးမချင်း မြန်မာနိုင်ငံကို ပြန်မှာမဟုတ်ဘူး။ ရိုဟင်ဂျာတွေအနေနဲ့ သူတို့နိုင်ငံကို ပြန်ဖို့လိုတယ်၊ ဒါပေမယ့် အတင်းအကြပ်မဖြစ်သင့်ဘူး။ လုံခြုံရေးအာမခံချက်ရှိရင် ပြန်သွားလိမ့်မယ်” လို့ တနင်္ဂနွေနေ့က ဒါကာမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ သူက ပြောပါတယ်။

“ကျနော်တို့တွေ ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ မျှော်လင့်ချက်တွေ မထားပါဘူး။ သူတို့ကို နှိပ်စက်ညှဉ်းပန်းခံရဖူးတဲ့နေရာကို ပြန်ပို့ရမှာလား” လို့ သူက မေးခွန်းထုတ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေး Md Touhid Hossain (ဓာတ်ပုံUNB)

မြန်မာနိုင်ငံမှာ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ စစ်မှန်တဲ့အပြောင်းအလဲဖြစ်ဖို့ လိုအပ်ကြောင်း သူက ပြောဆိုပြီး “ဒါဟာ ခက်ခဲပြီး အချိန်ယူရမယ့် လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်။ ညီညွတ်ရေးမရှိရင် မအောင်မြင်ဘူး” လို့ သူက ပြောပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်လို့ လမ်းပြမြေပုံတစ်ခု ရှိရမယ်လို့လည်း သူက ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဆက်ဖြစ်နေတာကြောင့် ရိုဟင်ဂျာတွေရဲ့ နေရပ်ပြန်ရေး အလားအလာက ဆိုးရွားနေဆဲဖြစ်တဲ့အပြင် နေရပ်စွန့်ခွာပြည်သူတွေအတွက် လုံခြုံရေး အာမခံချက်က မရှိနေဆဲပဲ” လို့ Touhid က ဆက်ပြောပါတယ်။

ဒါ့အပြင် ရေရှည်တည်တံ့တဲ့ ဆုံးဖြတ်ချက်တစ်ခုခု ချနိုင်ဖို့ သက်ဆိုင်သူတွေဖြစ်ကြတဲ့ စစ်ကောင်စီ၊ NUG နဲ့ အထူးသဖြင့် ရခိုင်ဒေသ နေရာအနှံ့အပြားကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တို့အားလုံး ပူးပေါင်းနိုင်မှ ဖြစ်လိမ့်မယ်လို့ သူက အလေးပေးပြောဆိုခဲ့ပါတယ်။


မူရင်းသတင်း – Rohingya issue: Bilateral talks with Myanmar won’t lead to any result, says foreign adviser



0 Shares:
You May Also Like
Read More

NUG နိုင်ငံခြားရေးဝန်ကြီးနှင့် ဥရောပသမဂ္ဂ နိုင်ငံရေးရာ ဒုအထွေထွေအတွင်းရေးမှူး တွေ့ဆုံ၊ ဥရောပသမဂ္ဂက မြန်မာပြည်သူများနှင့် တသားတည်းရှိကြောင်း ပြောကြား

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဥရောပသမဂ္ဂ နိုင်ငံရေးရာ ဒု-အထွေထွေအတွင်းရေးမှူး H.E. Olof Skoog ကို စက်တင်ဘာလ (၁) ရက်မှာ တွေ့ဆုံခဲ့တယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ထရမ့်ရဲ့ အခွန်တိုးကောက်ကြောင်း ပေးပို့စာဟာ လူရာဝင်ချင်တဲ့ မင်းအောင်လှိုင်အတွက် အကောင်းဆုံးသတင်းစကား ဖြစ်နေပြီး၊ ၄င်းရဲ့ တုန့်ပြန်မှုက နိုင်ငံတကာမှာ ဟာသသဖွယ် ဖြစ်နေ

ကမ္ဘာ့ခေါင်းဆောင်အများစုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဆီက ပေးပို့လာတဲ့ အခွန်တိုးမြှင့် ကောက်ခံစာတွေဟာ ခေါင်းကိုက်စရာ ဖြစ်နေတာကတော့ အမှန်ပါ။
Read More

ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲကြား မြန်မာနိုင်ငံသားများ ဘေးကင်းလုံခြုံရေး အကြံပြုချက် NUG ထုတ်ပြန်

နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှု ပြဿနာကနေ ပစ်ခတ်မှုတွေအထိ ဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံ စစ်ရေးအခြေအနေတင်းမာမှုတွေကြား နယ်စပ်ဒေသတွေမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ ဘေးကင်းလုံခြုံစေဖို့အတွက် သတိပြုလိုက်နာရမယ့် အချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဘန်ကောက်မြို့ အဆောက်အဦး ပြိုကျမှုတွင် မြန်မာလုပ်သားများ အပါအဝင် ၄၃ ဦး ပျောက်ဆုံးနေ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Bang Sue ဒေသမှာ ဒီနေ့ (မတ် ၂၈) နေ့လယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ဆောက်လက်စ အဆောက်အဦး ပြိုကျသွားခဲ့ပါတယ်။
Read More

တရုတ်ကျားဖြန့်အလုပ်သမား ၃၀၀ ကျော်ကို ထိုင်းကတဆင့် တရုတ်ကိုနေရပ်ပြန်ပို့

မြန်မာကကျားဖြန့်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား လိမ်လည်အလုပ်သမား ၃၀၀ ကို ထိုင်းကတဆင့် တရုတ်နိုင်ငံကို ဖေဖော်ဝါရီလ ၂၁ ရက် သောကြာနေ့က လွှဲပြောင်းပေးခဲ့ပါတယ်။
Read More

မြန်မာအပါအဝင် ၄၁ နိုင်ငံကို အမေရိကန် ပြည်ဝင်ခွင့် ပိတ်ပင်ဖွယ်ရှိ

အမေရိကန် ထရမ့်အစိုးရက တားမြစ်ချက်အသစ်ရဲ့ တစိတ်တပိုင်းအဖြစ် မြန်မာအပါအဝင် နိုင်ငံပေါင်း ၄၁ နိုင်ငံကို ခရီးသွားလာခွင့် ကန့်သတ်ချက်တွေ ထုတ်ပြန်လိုက်ကြောင်း အဆိုပါကိစ္စနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ Reuters က မြင်တွေ့ရတဲ့ လှို့ဝှက်မှတ်စုတခုကို ကိုးကားပြီး Reutres သတင်းဌာနက သတင်းဖော်ပြထားပါတယ်။