ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ထုတ်ပြန်ပါတယ်။

မတ်လ ၅ ရက် မနေ့က မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ အချိန် ၅ မိနစ်ခြားပြီး ပေါင်(၂၅၀) ဗုံး (၂)လုံး လာရောက်ဗုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီ ကြဲချခဲ့တဲ့ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် (၂)လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၄)ရက် ညနေပိုင်းကလည်း အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့၊ ရပ်ကွက် (၇) ကို ဗုံး (၁)လုံးနဲ့ သုံးဆယ်ကျေးရွာကို ဗုံး (၁)လုံး လာရောက်ကြဲချခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

မြဝတီ ကျောက်ခက်ရွာ ဆေးရုံဟောင်းကို စစ်တပ် ဗုံးကြဲ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ရာ ကျေးရွာအတွင်းက ဆေးရုံဟောင်း ထိမှန်ပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကျောက်မဲမြို့နယ်တွင် ဘုန်းကြီးကျောင်းကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်၊ ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မူ၊ ၇ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲမြို့နယ်က ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆရာတော်တစ်ပါးပျံလွန်တော်မူပြီး ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အောက်တိုဘာ ၂၄ ရက် မနေ့က ညနေပိုင်းမှာ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ ထိတွေ့တိုက်ပွဲမရှိဘဲ ကောပေါင်ကျေးရွာထဲက ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အခုလိုကြဲချတိုက်ခိုက်ခဲ့လို့ ကျောင်းထိုင်ဆရာတော်တစ်ပါးပျံလွန်တော်မူပြီး (၄) နှစ်၊ (၁၇) နှစ်၊ (၁၄) နှစ်နဲ့ (၁၃) နှစ်အရွယ် ကိုရင်တွေအပါအဝင် (၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ ချပေးလိုက်တဲ့ ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေကို ဗျူဟာ ၄၂ တော်လှန်ရေးအဖွဲ့တွေ လက်ခံရရှိ

စစ်ကိုင်းတိုင်းအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ ဗျူဟာ ၄၂ တော်လှန်ရေးတပ်ဖွဲ့ စစ်ရေးလှုပ်ရှားမှု စတင်ချိန်မှာပဲ အကြမ်းဖက်စစ်တပ်က သူတို့ရဲ့ စစ်သားတွေဆီ လေယာဉ်နဲ့ ပို့ပေးတဲ့ ခဲယမ်းတချို့နဲ့ စားနပ်ရိက္ခာတွေကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။
Read More

မုံရွာတွင် ကျေးရွာ ၂ ရွာ မီးရှို့လာသည့် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၃ ဦး မျက်မြင်သေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ကျေးရွာတွေကို မီးရှို့လာတဲ့ စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

လောင်းလုံးမှာ တော်လှန်ရေးတပ်နဲ့ စစ်တပ်တို့ ပစ်ခတ်မှု ဖြစ်ပွားရာ စစ်သား ၁ ယောက် သေ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁ယောက် သေဆုံးသွားတယ်လို့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

စစ်ကောင်စီ အသက်သွေးကြောတစ်ခုဖြစ်သည့် ကပစစက်ရုံများ၏ တာဝန်ရှိသူများ စာရင်းကို တမာအင်စတီကျု ထုတ်ပြန် 

မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွေရဲ့ နောက်ကွယ်က အဓိက တာဝန်ရှိသူတွေကို တမာအင်စတီကျု ကနေပြီး “သေနတ်များနောက်ကွယ်မှ သွေးစွန်းလက်များ၊ မြန်မာစစ်တပ်၏ လက်နက်ထုတ်သူများအား ဖော်ထုတ်ခြင်း” အမည်နဲ့ သုတေသနအစီရင်ခံစာ တစ်စောင်ကို ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်မှာ ထုတ်ပြန်လာပါတယ်။