အကြမ်းဖက်စစ်အုပ်စုက မြို့တွေကို ပြန်ပေးဖို့ တောင်းဆိုထားတာကို သဘောမတူနိုင်သေးသလို စစ်အာဏာရှင်အမြစ်ပြတ်ရေး ရပ်တည်ချက်အတိုင်း ဆက်လက်ရှိနေမယ်လို့ တအာင်းတပ်မတော် TNLA က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

မေလ ၄ ရက် ဒီနေ့ မနက်ပိုင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လွေးယေဦး က သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာမှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။

“ စကစ ဘက်က တောင်းဆိုတာက မြို့ ၅ မြို့ကို ပြန်လည်ဆုတ်ခွာဖို့ တောင်းဆိုတာမျိုးတွေရှိတယ်။ ကျမတို့ကတော့ ဒါကို သဘောမတူနိုင်သေးဘူး။ ပြန်လည်ဆုတ်ခွာတာမျိုးတွေတော့ မရှိသေးဘူး။ ဒီနေ့ကျမတို့ ပြောနိုင်တာက ကျမတို့ ရပ်တည်ချက်အတိုင်း ပဲဆောင်ရွက်မှာဖြစ်ပါတယ်။” လို့ PSLF/TNLA ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လွေးယေဦး က ပြောပါတယ်။

TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး တားပန်လကလည်း “လားရှိုးမြို့လို မဖြစ်ရေးအတွက် ပြည်သူတွေ တက်တက်ကြွကြွ ပါဝင်ပေးကြပါ။ မြို့ကာကွယ်ရေးတပ်တွေမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ပေးကြပါ” လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် TNLA ဟာ စစ်အာဏာရှင်အမြစ်ဖြတ်ရေးအတွက် NUG အပါအဝင် မဟာမိတ်တွေ ဆက်လက်လက်တွဲသွားမယ်လို့ ဗိုလ်မှူးကြီး တားပန်လက ပြောဆိုထားပါတယ်။

” စစ်အာဏာရှင်အမြစ်ဖြတ်ရေးကို ကျနော်တို့က (NUG အပါအဝင်) မဟာမိတ်တွေနဲ့ ဆက်လက်လက်တွဲသွားပါမယ်။ ကျနော်တို့ မျိုးဆက်မှာ ဒါကို မလုပ်နိုင်ရင် နောင်လာနောင်သားတွေအထိ ဒါကို ဆက်ပြီး ခံရမှာပါ” လို့ ဗိုလ်မှူးကြီး တားပန်လက ပြောပါတယ်။

ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နိုင်ရေး ညီနောင် ၃ ဖွဲ့အနေနဲ့ အပစ်အခတ်ရပ်စဲရေး ၁ လ ထပ်မံသက်တမ်းတိုး ကြေညာထားပြီး ခုခံကာကွယ်စစ်ကိုသာ ဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

KNU ဌာနချုပ်နေရာကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ KNLA တပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

၂၀၂၄ ဟာ တော်လှန်ရေးအင်အားစုတွေ သမိုင်းတလျှောက် ပူးပေါင်းဆောင်ရွက်မှု အားအကောင်းဆုံးနှစ် ဖြစ်ခဲ့၊ တော်လှန်ရေးအင်အားစုများ၏ ဘုံသဘောထားများကို လိုက်နာနိုင်ပါက စစ်ကောင်စီနှင့် ဆွေးနွေးမည်ဟု ဆို

၂၀၂၄ ခုနှစ်ဟာ တော်လှန်ရေး အင်အားစုတွေအကြား ယုံကြည်မှု၊ နားလည်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု သမိုင်းတလျှောက် အားအကောင်းဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်ပါတယ်။  
Read More

ပေါင်းတည်၊ ပန်းသင်းရွာက ပျူစောထီးကို ပစ်ခတ်ရှင်းလင်း…

ပဲခူးတိုင်း၊ ပေါင်းတည်းမြို့နယ်၊ ပန်းသင်းရွာမှာ ပြည်သူတွေကို ဒုက္ခပေးတဲ့ ပျုစောထီးဖြစ်သူ အေးမင်းထွန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ (၂၁)၊ ကွပ်ကဲမှု အောက်ရှိ (၃၆၀၁) တပ်ရင်း တပ်ခွဲ (၂) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

MDY-PDF ထိန်းချုပ်နယ်မြေရှိ ပြည်သူများကို လေကြောင်းရန်နှင့် လက်နက်ကြီးအန္တရာယ်ကာကွယ်ရေး အသိပညာပေးစာစောင်များ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့  အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC - Mdy) တို့ပူးပေါင်းပြီး ဒေသတွင်းနေထိုင်သူ ပြည်သူတွေကို လေကြောင်းရန်နဲ့ လက်နက်ကြီးအန္တရာယ်ကာကွယ်ရေးအတွက် အသိပညာပေးစာစောင်တွေ ဖြန့်ဝေပေးခဲ့တယ်လို့ MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်္ဂလာဒုံမြို့နယ်ရှိ ကြံ့ခိုင်ရေးရုံးကို ပြောက်ကျားအဖွဲ့များ မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် လက်ဝေခံ ကြံ့ခိုင်ရေးပါတီရုံးကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက အောက်တိုဘာ ၁၅ရက် ဒီမနက်အစောပိုင်းမှာ လက်ပစ်ဗုံးတွေ၊ ပြင်းအားမြင့်မိုင်းတွေနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

“စက်လှေမှာက ဘဏ်ဝန်ထမ်း ၃ဦးလောက်နဲ့ စစ်တပ်လုံခြုံရေး ၆၀ နီးပါးလောက် ပါပါတယ်။ ကျနော်တို့ ခန့်မှန်းသိသလောက်ကတော့ ဌာနဆိုင်ရာ ငွေကြေးအလွှဲအပြောင်းတွေလုပ်ရတဲ့ မြန်မာ့စီးပွားရေးဘဏ်ဖြစ်မယ်လို့ ယူဆပါတယ်”

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ သရက်ချောင်းမြို့နယ်ကို စုန်ဆင်းသွားတဲ့ စစ်ကောင်စီရဲ့ ငွေစက္ကူတွေ တင်ဆောင်လာတဲ့ စက်လှေတစ်စီးကို တိုက်ခိုက်ချေမှုန်းရာ ၂၀ ကျော် သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက မောင်းကို ပြောပါတယ်။