မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အရှေ့တောင်ပိုင်းမှာ ထိတွေ့တိုက်ပွဲတွေရှိနေပြီး အကြမ်းဖက်စစ်ကောင်စီက လေ​​ကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း- မြိုင် အဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

စစ်ကောင်စီက မြိုင်မြို့နယ်ကို ပြီးခဲ့တဲ့ မေလ ၂ရက်နေ့ကတည်းက Y12 ထောက်ပို့၊ ဂျက်ဖိုက်တာ၊ ပါရာမော်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေခဲ့တာဖြစ်ပြီး ကျေးရွာပေါင်း ၂၀ရွာထက်မနည်းက အရပ်သား ထောင်နဲ့ချီဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့လည်း အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း- မြိုင်အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“နှစ်ရက်ပေါင်းကို အလုံးရေ ၁၀၀ ကျော်မယ်။ ၂ရက်နေ့ညက ကြဲတာ ၄၀ ကျော်၊ ၃ရက်နေ့မနက်ကျ ၃၀ ကျော််မယ်။ Y12 ရော ဂျက်ဖိုက်တာရော ပါရာမော်တာတွေရောပါပဲ။ ” လို့ အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း- မြိုင်အဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

မြိုင်မြို့နယ်အတွင်း စစ်ဘေးတိမ်းရှောင်နေရသူများ



အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဧပြီလ ၁ ရက်ကတည်းက မြိုင်မြို့နယ်၊ စိုးတွင်းကြီးကျေးရွာမှာ ဝင်ရောက်တပ်စွဲရင်း စစ်ကြောင်းထိုးနေရာ ပခုက္ကူ-မြိုင် ကားလမ်း တောင်ဘက်ပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့လည်း ထိတွေ့တိုက်ပွဲတွေ ရှိနေတယ်လို့ သိရပါတယ်။

” တိုက်ပွဲကတော့ဖြစ်နေတယ်။ သက်ဆိုင်ရာအဖွဲ့တွေကထုတ်ပြန်ပါလိမ့်မယ်။ အဲ့နားတစ်ဝိုက်ကရွာတွေအကုန်ရှောင်နေရတယ်။ လူဦးရေ ၅ထောင်နဲ့ ၁သောင်း​ကြားလောက်ရှိမယ်။ “လို့ အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း- မြိုင် တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ လေကြောင်းက တိုက်ခိုက်တာအပြင် လေးတန်းနဲ့ သစ်ကြီးတောရွာတွေကို ၂ ရက်ဆက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီကြောင့် မြိုင်မြို့နယ်အရှေ့တောင်ပိုင်းက မင်းကန်း၊ မြေနု၊ ပေါက်တော၊ ပေါက်ပင်ကိုင်း၊ မြို့သာ၊ သစ်ကြီးတော၊ လေးတန်း၊ ထတောကြီး၊ သင်းပေါင်းကန်စတဲ့ ကျေးရွာပေါင်း ၂၀ နီးပါးက အရပ်သား၇ထောင်နီးပါးဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထီးလင်းက စစ်ကောင်စီတပ်သား ၁ ယောက် ဂန့်ဂေါခရိုင် တပ်ရင်း ၁၈ ဆီ လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာလို့ ကျပ်သိန်း ၅၀ ဆုချီးမြင့်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် (၁၈) တပ်ရင်း - Yaw National Revolution Force ဆီကို ထီးလင်းမြို့က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ သိရပါတယ်။
Read More

လေးကေ့ကော်ကို အကြမ်းဖက်စစ်တပ် စစ်ကြောင်းများခွဲကာ ထိုးစစ်ဆင်နေ၊ လက်နက်ကြီးများလည်း အဆက်မပြတ် ပစ်ခတ်နေ

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ လေးကေ့ကော်ကို အကြမ်းဖက် စစ်ကော်မရှင်က စစ်ကြောင်းတွေခွဲကာ ထိုးစစ်ဆင်လာတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ ပါပုတ်ကျေးရွာတွင် အကြမ်းဖက်စစ်တပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦး ထိမှန်သေဆုံး…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ ဒရုန်းနဲ့ ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်သေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
Read More

မိုးဗြဲမြို့ လက်လွှတ်ရခြင်းအတွက် စိတ်ဓာတ်မကျရန်နှင့် စတေးမှုများ အလဟသမဖြစ်စေရေး ပြန်လည်သိမ်းယူဖို့ ကြိုးပမ်းရန် မိုးဗြဲ PDF ကယ်ဆယ်ရေး ဆေးတပ်ဖွဲ့ ထုတ်ပြန်…

"မိုးဗြဲမြို့ ကျဆုံးသွားခြင်းဟာ မည်သူမည်ဝါရဲ့ အမှားကြောင့် လုံးဝမဟုတ်ခဲ့ပါ။ အားလုံး တာဝန်​ကျေကြပါတယ်။ တာဝန်​ကျေတယ်ဆိုတာထက် ပိုကြပါတယ်။ စစ်တပ်နဲ့ PNA ရဲ့ ၆လကျော် ထိုးစစ်ကို ခုခံကာကွယ်ရင်း ရလိုက်တဲ့ သင်ခန်းစာတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ လိုအပ်ချက်တွေကို ပြန်လည် ဖြည့်စွက်ပြီး အကောင်းဆုံး ပြန်လာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။" လို့ MPRT က ဆိုပါတယ်။
Read More

မိခင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း ယုံစေချင်ရင် သက်သေပြပါ ဟု ကိုထိန်လင်းပြော

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို့ အာဏာသိမ်းစစ်တပ်က သက်သေတစုံတရာ ပြသခြင်းမရှိဘဲ ထုတ်ပြန်ခဲ့ပေမယ့် စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ ဘာမှယုံကြည်စရာမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ပြောဆိုလိုက်ပါတယ်။
Read More

လူငယ် ၃ ယောက်ကို ဝှက်ထားတယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် အကျဉ်းချခံထားရသည့် ၆၅ နှစ်အရွယ် ဒေါ်စန်းရီ ကွယ်လွန်

မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်မှာ အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် ၂၂ နှစ်အထိ ချမှတ်ထားရတဲ့ နိုင်ငံရေးအကျဥ်းသူ ဒေါ်စန်းရီ ကွယ်လွန်သွားပြီဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ထားပါတယ်။