မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ၁ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

မေလ ၃ ရက် မနေ့က မနက်ပိုင်းမှာ မိုးကုတ်မြို့နယ်၊ ကသဲအနောက်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့​တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အမျိုးသားတစ်ယောက် ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ‌ကျပ်ပြင်တောင်ပေါ်ကုန်းရပ်နေ ပြည်သူတစ်ယောက် သေဆုံးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ က ဆိုပါတယ်။

ပြည်သူတွေအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီနဲ့ ဝေးရာမှာ နေထိုင်ဖို့နဲ့ လေကြောင်းရန်ကာကွယ်နိုင်ရေးအတွက် ဗုံးခိုကျင်းတွေ တူးထားဖို့ ပြင်ဦးလွင်ခရိုင် ပကဖ က တိုက်တွန်းထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါမြို့နယ်ကနေ ပုလဲမြို့နယ်အတွင်း ခိုလှုံနေတဲ့ အမြဲစစ်ရှောင်တွေကို ပုလဲ ပအဖ သွားရောက်ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်က ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ လူသားစာနာတာဝန်ခံနဲ့အတူ သစ်တောတာဝန်ခံ၊ မြို့နယ်ပအဖအဖွဲ့ဝင်တွေ၊ ပညာရေးဘုတ်အဖွဲ့ဝင်တွေ၊ မြို့နယ် ပလဖအဖွဲ့တွေ၊ တိုက်နယ်ပအဖ လူသားစာနာတာဝန်ခံ၊ တိုက်နယ်ပကဖ တာဝန်ခံနဲ့အဖွဲ့ဝင်တွေ၊ ကျောတိုက်နယ် အပဖ၊ ပကဖ တွေက ဂန်ဂေါမြို့နယ်၊ ကျောမြို့အနီးရှိ နေရပ်မပြန်နိုင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေဆီ သွားရောက်ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကလလတ တပ်ရင်းအမှတ် ၉၄၂၅ က အသက် ၁၉ နှစ်အရွယ် ရဲဘော် ကျဆုံးခဲ့ (ဓာတ်ပုံသတင်း)

ကရင်နီပြည်နယ်ရှိ ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ ဗျူဟာ(၂) ကလလတ တပ်ရင်းအမှတ် ၉၄၂၅ (KPLA B/9425) တပ်ခွဲ (၁) မှ ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ မိခင်တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမ်းမြို့ကို လာတဲ့ စစ်ကောင်စီ ရဟတ်ယာဥ် အပြန်မှာ ပစ်ခတ်ခံရလို့ အရေးပေါ်ဆင်းသက်ခဲ့ရ

ရခိုင်ပြည်နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့ဆီ လာတဲ့ စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး မကွေးတိုင်းအတွင်း အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။
Read More

TNLA ထိန်းချုပ်ထားသည့်မြို့များမှ အခြေခံပညာစာသင်ကျောင်းများတွင် တာဝန်ထမ်းဆောင်ရန် CDM ဆရာ၊ ဆရာမ ၅၀၀ ဦးနှင့် ဆရာ၊ ဆရာမ အသစ် ၁၀၀၀ ဦး ခေါ်ယူမည်…

တအာင်းတပ်မတော် TNLA ရဲ့ တအာင်းပြည်ပညာရေးကောင်စီ (TLEC) က လာမယ့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် TNLA စိုးမိုးနယ်မြေက အခြေခံပညာစာသင်ကျောင်းများ ဆက်လက်ဖွင့်လှစ်သွားနိုင်ဖို့ လိုအပ်နေတဲ့ ဆရာ၊ ဆရာမတွေ ခေါ်ယူသွားမယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

အုတ်ဖိုတွင် ပေါ်တာဆွဲဖို့ ထွက်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ဒုရဲအုပ် ဇော်ထွန်းဝင်းအပါ ၆ ဦး သေ

ပဲခူးတိုင်း အနောက်ခြမ်း၊ သာယာ၀တီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ပေါ်တာဆွဲဖို့ ထွက်လာတဲ့ စစ်သားနဲ့ ရဲတွေကို တိုက်ခိုက်ရာ ဒုရဲအုပ်အပါအဝင် ၆ယောက် သေဆုံးခဲ့တယ်လို့ မြေအောက်‌ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က သတင်းထုတ်ပြန်လာပါတယ်။
Read More

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၇ ယောက် ထိခိုက်ဒဏ်ရာရ… ဘီးလင်းမှာ စစ်ကောင်စီတပ်က တိုက်လေယာဥ်၊ ဒရုန်းတွေအပြင် လက်လုပ်အသေခံဒရုန်းတွေနဲ့ပါ ပြည်သူတွေကို တိုက်ခိုက်…

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။