မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။

မေလ(၂)ရက်က မတ္တရာမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီရဲ့ ခမရ (၇၀၃)တပ်ရင်းမှ စစ်သား(၂) ယောက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဆီ လက်နက်ကိုယ်စီနဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီကို စွန့်ခွါပြီး အလင်းဝင်ရောက်လိုသူတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က လက်ခံကြိုဆိုနေပြီး အသက်အာမခံချက် အပြည့်အဝပေးအပ်သွားမယ့်အပြင် ဆုငွေတွေပါ ပေးအပ်ချီးမြှင့်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

မှော်ဘီလေတပ်စခန်း အရာရှိ လင်မယားချင်း စကားများပြီး မိန်းမကို သေနတ်နဲ့ပစ်သတ်ကာ ခိုးချောင်ခိုးဝှက် နာရေးလုပ်

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံအနီးက သမာဓိ ၁ လမ်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်း ပိုင်းလော့ ဗိုလ်ကြီးအဆင့်ရှိသူဟာ လင်မယားချင်း စကားများရာကနေ ဇနီးဖြစ်သူကို သေနတ်နဲ့ ပစ်သတ်ခဲ့သလို ဇနီးဖြစ်သူရဲ့ နာရေးကိုလည်း တိုးတိုးတိတ်တိတ် ခိုးလုပ်ခဲ့ကြောင်း မှော်ဘီလေတပ်စခန်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

တရားမျှတမှုဆီသွားသည့် သမိုင်းဝင်ခြေတစ်လှမ်း – မြန်မာနိုင်ငံအား ILO ပုဒ်မ (၃၃) ဖြင့် အရေးယူရန် ဆုံးဖြတ်ခြင်း

ပြီးခဲ့တဲ့ သီတင်းပတ်က ဂျီနီဗာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံ (ILC) မှာ မြန်မာစစ်ကောင်စီကို နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ ပြဋ္ဌာန်းချက် ပုဒ်မ (၃၃) အရ အရေးယူပြီး သမိုင်းဝင် ခြေတစ်လှမ်း လှမ်းခဲ့ပါတယ်။ ဒီလို ရှားပါးတဲ့လုပ်ဆောင်ချက်ဟာ အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆိုးဆိုးရွားရွားနဲ့ ဆက်တိုက်ဆိုသလို ကျူးလွန်ခြင်းအတွက် စစ်ကောင်စီကို တာဝန်ခံစေတာဖြစ်ပါတယ်။
Read More

မရမ်းကုန်းက တပ်ထိန်းတပ် ဂိတ်ပေါက်ဝကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်က တပ်ထိန်းတပ် ဂိတ်ပေါက်ဝကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Yangon UG People Army - YUPA က ထုတ်ပြန်လာပါတယ်။ 
Read More

နာမည်ကျော် အဆိုတော် မာရဇ္ဇ ကွယ်လွန်

ကိုယ်ပိုင်သံစဉ် သီချင်းတွေနဲ့ နာမည်ကျော်တဲ့ အဆိုတော် မာရဇ္ဇဟာ ဇန်နဝါရီလ ၂၃ ရက် မနေ့ညက ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
Read More

ရာမညမွန်တပ်တော်၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၄) သင်တန်းသားများကို ဆေးတပ်ဖွဲ့က လက်တွေ့သင်တန်းပို့ချခဲ့ (ဓာတ်ပုံသတင်း)

ရာမညမွန်‌တပ်တော် (NMSP(AD)/ RMA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၄) သင်တန်းသားတွေကို ရာမညမွန်တပ်တော်နဲ့ Ye Guerrilla Force ဆေးတပ်ဖွဲ့က လက်တွေ့သွားရောက်ပြသသင်တန်းပေးခဲ့တယ်လို့ Ye Guerrilla Force က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူ သင်တောရွာအတွင်း စစ်အုပ်စု တပ်စွဲထားမှုကြောင့် အရပ်သား တစ်သောင်းနီးပါး မိုးထဲရေထဲ စစ်ရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်မှာ အကြမ်းဖက်စစ်အုပ်စု အထိုင်ချတပ်စွဲဲထားမှုကြောင့် တိုက်နယ်၂ ခုက အရပ်သား ၁ သောင်းနီးပါး မိုးထဲရေထဲ စစ်ဘေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။