စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အပြစ်မဲ့ ပြည်သူနေထိုင်နေရာတွေဖြစ်တဲ့ ကောလင်းမြို့နယ် အနောက်ခြမ်းရှိ ချောင်းနားကျေးရွာက နေရာတစ်နေရာနဲ့ ဥက္ကံစာသင်ကျောင်းအနီးကို ပစ်မှတ်ထားပြီး မေလ ၃ ရက် မနေ့က ညပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ရော့ကတ်နဲ့ နှစ်ကြိမ်ပစ်ခတ်ခဲ့ရာ အရပ်သားပြည်သူနေအိမ်တွေပေါ် ကျရောက်ပြီး အရပ်သားပြည်သူ အမျိုးသမီး (၁) ယောက်နဲ့ အမျိုးသား (၁) ယောက် ထိခိုက်ဒဏ်ရာရကာ နေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးတာတွေ ရှိတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ မြေပြင်မှာ တိုက်ပွဲမဖြစ်ပွါးဘဲ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ကောလင်းမြို့နယ် ပအဖ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီလက်အောက်တွင် တပ်/ဌာနတွင်း အမာခံသတင်းပေး (PreCDM) အဖြစ် အမျိုးသမီးဝန်ထမ်း များစွာရှိနေ

အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ စစ်တပ်၊ ရဲနှင့် ဝန်ကြီးဌာနအသီးသီးမှာ အမျိုးသမီး တပ်/ဌာနတွင်း အမာခံသတင်းပေး(PreCDM) နဲ့ PreCDM အရေး ကူညီပေးနေသူ တပ်/ဌာနမိသားစုဝင် အမျိုးသမီးများစွာ ရှိပြီး လေးစားဂုဏ်ယူကြောင်း ပြည်သူ့ရင်ခွင်က ဒီနေ့ ထု​တ်ပြန်ကြေညာပါတယ်။
Read More

NLD တည်ထောင်ခြင်း ၃၇ နှစ်မြောက်အခမ်းအနားကို ‘နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး” ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ဖြင့် ကျင်းပမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တည်ထောင်ခြင်း ၃၇ နှစ်မြောက် အခမ်းအနားကို ‘နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး” ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ထားပြီး ကျင်းပသွားမယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။ 
Read More

ရေနံချောင်းမှာ ၁၈ ရက်ကြာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် မိုင်း ၂ ခါဆွဲခံရပြီး ၇ ယောက် သေဆုံး…

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ ကျေးရွာတွေထဲ ၁၈ ရက်ကြာ စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက်သေဆုံးပြီး အများအပြားထိခိုက်သွားတယ်လို့ TAMAR MYAY Special Column (တမာမြေအထူးလှုပ်ရှားစစ်ကြောင်း) တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

x ဘားအံထောင်တွင် တိုက်ပိတ်ခံရရင်း ညှင်းပန်းရိုက်နှက်မှုကြောင့် နိုင်ကျဥ်း ၁ ဦး သေဆုံးခဲ့

ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၂ယောက်ကို ၃လတာ တိုင်ပိတ်ထားပြီးနောက် သူတို့ထဲ နိုင်ငံရေးအကျဉ်းသား ၁ယောက်ဟာ ထောင်ပိုင်တွေရဲ့ ညှင်းပန်းနှိပ်စက်မှုကြောင့် အသက်သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ပွင့်လင်းရာသီ ပွဲတော်ကာလတွေမှာ လေကြောင်းအန္တရာယ်ရှိနေလို့ ပွဲတော်တွေမပြုလုပ်ဖို့ AA ကသတိပေး

မကြာခင်ရောက်ရှိလာတော့မယ့် သီတင်းကျွတ်၊ တန်ဆောင်တိုင်ပွဲတော်ကာလတွေမှာ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်း အန္တရာယ်ရှိနေလို့ လူစုလူဝေးနဲ့ ပွဲလန်းသဘင်တွေ မပြုလုပ်ဖို့ အာရက္ခတပ်တော် AA က သတိပေးတိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရသူ အများဆုံးအဖြစ် မြန်မာနိုင်ငံ စံချိန်တင်

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးရသူအများဆုံးဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း ပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ ICBL ရဲ့ စစ်တမ်းကဆိုပါတယ်။