မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အင်အား ၉၀ ပါ အကြမ်းဖက်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ဒီနေ့ ထုတ်ပြန်ပါတယ်။

မေလ(၃)ရက် မနေ့က ရေစကြိုမြို့နယ်အခြေစိုက် ခလရ ၂၅၈ က အင်အား ၉၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းဟာ ရေစကြိုမြို့ပေါ်ရှိ စီမံရုံးပေါင်းစုံထဲ ခဲယမ်းပို့ပြီးအပြန် ညနေပိုင်းမှာ ရေစကြိုမြို့အထွက် တစ်နေရာအရောက် ပကဖ ရဲဘော်တွေ အသင့်စောင့်ဆိုင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိတယ်လို့ စုံစမ်းသိရှိရတယ်လို့ ရေစကြိုမြို့နယ် ပကဖ က ဆိုပါတယ်။

မိုင်းဆွဲခံရပြီးနောက်မှာတော့ အဆိုပါ အကြမ်းဖက်စစ်ကြောင်းက ခလရ ၂၅၆ နဲ့ ခလရ ၂၅၈ တပ်ရင်းစခန်းတွေဆီ ၂ ဖွဲ့ခွဲပြီး ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကူမရတာကြောင့် စစ်ကောင်စီတပ်များ ဆုတ်ခွာတော့မည်ဟု သတင်းထွက်နေသည့် ညောင်ကျိုးစခန်း 

ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်း နယ်စပ်မှာရှိတဲ့ ညောင်ကျိုးစခန်းကို စစ်ကောင်စီတပ်တွေက စစ်ကူ ထပ်မပို့နိုင်တော့တာကြောင့် အဲဒီစခန်းကို လက်လွှတ်လိုက်တော့မယ် အခြေအနေ ဖြစ်နေတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

အကြမ်းဖက်စစ်အုပ်စုကို အပြီးသတ် အနိုင်ယူရေး PDF တပ်မှူးကြီးများ အစည်းအဝေး ပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်မှူးကြီးများအစည်းအဝေး (၁/၂၀၂၅) ကို အောင်မြင်စွာ ၃ရက်တာ ပြုလုပ်ခဲ့တယ်လို့ NUG ကာကွယ်‌ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မြစ်အတွင်း ခရီးသည်တင်စက်လှေ တိမ်းမှောက်၊ တစ်ဦး ပျောက်ဆုံးနေ

ရန်ကုန်မြစ်အတွင်း ခရီးသည်တင်စက်လှေတစ်စီး တိမ်းမှောက်ခဲ့လို့ ၁၁ ယောက်ကို ကယ်ဆယ်ထားပြီး ၁ ယောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
Read More

လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်သူ မောက်ခမ်းဝါကို အရေးယူရန် ဂျန်ဒါတရားမျှတရေးဆိုင်ရာ အဖွဲ့အစည်းများ တောင်းဆိုထား

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ကျူးလွန်ခဲ့တဲ့ လူသိများတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလည်းဖြစ်၊ ဓာတ်ပုံဆရာတစ်ယောက်လည်းဖြစ်တဲ့ မောက်ခမ်းဝါ (ခေါ်) မင်းသူကျော်ကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ တရားဥပဒေတွေနဲ့ စံနမူနာပြု အရေးယူပေးဖို့ ဂျန်ဒါတရားမျှတရေးဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်တောင်းဆိုထားပါတယ်။
Read More

NUG ရဲ့ စွမ်းဆောင်ရည်တွေကို ပြည်သူလူထုကိုယ်စား ကောင်းစွာအသိအမှတ်ပြုသည်ဟု CRPH က သဝဏ်လွှာပေးပို့

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ထွက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုများအတွက် ပြည်သူလူထုကိုယ်စား မိမိတို့အနေဖြင့် ကောင်းစွာ အသိအမှတ်ပြုတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကထုတ်ပြန်ပါတယ်။
Read More

စလင်းမှာ စစ်ကောင်စီ ရွာလုံးကျွတ်မီးရှို့လို့ ဒေသခံထောင်နဲ့ချီထွက်ပြေးနေရ၊ ဒီဇင်ဘာ အအေးဒဏ်နဲ့အတူ မင်းဘူးခရိုင်ထဲက စစ်ရှောင်တွေ ကျန်းမာရေးချို့တဲ့နေကြ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ထိတွေ့တိုက်ပွဲမရှိဘဲ စမ်းကလေးကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့လို့ ရွာလုံးကျွတ် မီးလောင်ပြာကျခဲ့ပြီး ဒေသခံ ထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မင်းဘူးခရိုင် ပကဖ DIA သတင်းနှင့်ထောက်လှမ်းရေးတာဝန်ခံ ကိုအညာသားက မောင်းကို ပြောပါတယ်။