မကွေးတိုင်း ၊ ဆိပ်ဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ကပစ ၂၁ ကို လာတဲ့ စစ်ကောင်စီကားတွေကို စောင့်ကြိုတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၁ ယောက်သေဆုံးပြီး ၃ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ်(၄)တပ်ရင်း၊ တပ်ခွဲ (၁) – Caf SpuPDF က မောင်းသတင်းဌာနကို ပြောပါတယ်။

ဧပြီလ ၂၇ ရက်က ဆိပ်ဖြူမြို့ပေါ်ကနေ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံရှိရာကို မောင်းနှင်လာတဲ့ စစ်ကောင်စီကား ၂ စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အသင့်စောင့်ကြိုပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RPG နဲ့စောင့်ကြို ပစ်ခတ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း လက်နက်ချို့ယွင်းမှုတွေ ရှိခဲ့တာကြောင့် လက်နက်ငယ်တွေနဲ့သာ ဝိုင်းဝန်းပစ်ခတ်ခဲ့ရပြီး ကား ၁ စီး လမ်းဘေးထိုးရပ်ကာ နာရီဝက်​ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ Caf SpuPDF ပခုက္ကူခရိုင် အမှတ်(၄)တပ်ရင်း၊ တပ်ခွဲ(၁) က ဆိုပါတယ်။

“ရန်သူ့ဘက်က ထိတာရော သေတာရောမြင်နေရတယ်။ တစ်ယောက်ပဲကျန်တော့တာပါ။ ကျနော်တို့ဘက်ကလည်း ရန်သူ့ကားနားကို အနီးကပ်ဝင်လုံးတဲ့ ရဲဘော်တယောက်ကျည်ထိမှန်ခဲ့ပါတယ် မစိုးရိမ်ရပါဘူး။ အဲ့လိုနဲ့ ခဏအကြာမာ စစ်ကောင်စီဘက်က စစ်ကူရောက်လာတယ်။ အဲ့မှာ ရဲဘော်တယောက် ထပ်ထိတယ်။ ကျနော်တို့လည်း ဒဏ်ရာရတဲ့ရဲဘော်ကို ကာပစ်ပေးထားပြီး ကယ်ထုတ်နိုင်ခဲ့ပါတယ် ၊ ကျည်အင်အားရော လက်နက် ချို့ယွင်းချက်တွေကြောင့်ရော ကျနော် ပြန်ဆုတ်ခဲ့ရတာပါ။” လို့ Caf SpuPDF ပခုက္ကူခရိုင် အမှတ်(၄)တပ်ရင်းတပ်ခွဲ (၁) ရဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။

အဲ့ဒီစောင့်ကြိုတိုက်ခိုက်မှုကို ပခုက္ကူခရိုင်အမှတ် ၄ တပ်ရင်း တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ နဲ့အတူ ပခုက္ကူခရိုင် အမှတ် ၈ တပ်ရင်း တို့က ပူပေါင်းလုပ်ဆောင်ခဲ့တာလို့လည်းသိရပါတယ်။

ပခုက္ကူခရိုင် တပ်ရင်း ၄ တပ်ခွဲ (၁) ၊ တပ်ခွဲ(၂) နဲ့ တပ်ရင်း(၈) တပ်ဖွဲ့ဝင်တွေ စစ်ရေးဖော်ဆောင်နေစဥ် (ဓာတ်ပုံCaf SpuPDF)

0 Shares:
You May Also Like
Read More

ညောင်ဦးတွင် ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၈ ဦးသေကာ ဒရုန်း ၁စီး ပျက်စီး၊ ဂျိုးကန်ရွာကို စစ်ကောင်စီ မွှေနှောက်ဖျက်ဆီးခဲ့

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ကျေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ဒရုန်းတွေပစ်ချနိုင်ခဲ့သလို စစ်ကောင်စီတပ်သား ၈ယောက်ထိခိုက်သေဆုံးခဲ့ကြောင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကျောက်မဲမြို့တွင် တိုက်ပွဲမဖြစ်ပွားဘဲ စစ်‌ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၁)လုံး လာရောက်ကြဲချ တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၂) မှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမှာ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ စစ်အုပ်စုတွေ ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခံရပြီး နေရာတင်သေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပျူစောထီးရွာကို ဆိုင်ကယ်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ အသင့်စောင့်ကြိုပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ဖေဖော်ဝါရီလအတွင်း ဗိုလ်မှူးအပါ စစ်ကောင်စီတပ်သား ၆၄ ဦး ပြည်သူ့ရင်ခွင် ခိုလှုံ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ အရာရှိအဆင့် ဗိုလ်မှူး (၁) ယောက်အပါအဝင် တပ်သားနဲ့ရဲ (၆၄) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ကော့သောင်းခရိုင်အတွင်း မူးယစ်ဆေးဝါး လွယ်လင့်တကူ သုံးစွဲလို့ရနိုင်သည်အထိ ဖြန့်ဖြူးရောင်းချမှုများ ဆိုးရွားလာနေ

"ဒီဘက်မှာ သုံးကြတာကတော့ အစုံပဲ။ WYသုံးတယ်။ ရေခဲသုံးတယ်။ အာစီယံ လို့ခေါ်တဲ့ ဘိန်းစာရွက်ပြုတ်ရည်သောက်တယ်။ နောက်ပြီး တချို့ဆို ကော်တွေပါ ရှုလာကြတယ်။ ပိုက်ဆက်တဲ့ကော်တို့ ဘီးဖာတဲ့ကော်တွေကို ရှုကြတာပေါ့။ ကြွပ်ကြွပ်အိပ်ထဲထည့်ပြီး ရှုရတယ်ပြောတယ်။ စျေးလည်းသက်သာတယ်လေ။ ပြောရရင် ဒီဘက်မှာ မူးယစ်ဆေးတိုင်းက လူတိုင်းနီးပါးနဲ့ အကုန်လက်လှမ်းမှီနေတယ်။ ဘာလို့ဆို လူတိုင်းနီးပါး ရောင်းဝယ်ဖောက်ကားနေကြလို့ပါပဲ။ စျေးတွေကလည်း ပေါချင်းလောချင်း ဖြစ်လာတယ်။ အရင်က WY တစ်ပြားကို ဘတ်၁ရာ ၂ရာလောက်အထိ စျေးပေါက်တာကနေ အခုဆို ဆယ်ဂဏန်းလောက်ပဲရှိတော့တယ်။ ဒီတော့ လူငယ်တွေ သာမန်လက်လုပ်လက်စား၊ ကျောင်းသားကအစ ဝယ်ဖို့လွယ်လာတယ်။ တချို့လက်လုပ်လက်စားတွေဆို တစ်နေ့ရတဲ့ငွေကို ဆေးဝယ်ဖို့သုံးလို့ မိသားစုနဲ့ ပြဿနာဖြစ်ကြတာတွေ ရှိလာတယ်။ " လို့ ကော့သောင်းဒေသခံ ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

ဆီမီးခုံဆေးရုံကို အကာအကွယ်ယူ တပ်စွဲထားသည့် စစ်ကောင်စီတပ် လက်ပစ်ဗုံးစာမိလို့ ၃ ဦး သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့ပေါ်က ဆေးရုံအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီးတဲ့နောက် လုံခြုံရေး အထူးတင်းကြပ်ထားကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။