ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် လယ်ဝိုင်းကြီးကျွန်းကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ် ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်း ၊ P2-3702မှ မေလ ၃ ရက်ညပိုင်းက ထုတ်ပြန်လိုက်ပါတယ်။

ဧပြီ ၂၈ ရက် နံနက် ၁ နာရီအချိန်က စတင်ပြီး လယ်ဝိုင်းကြီးကျွန်းကုန်းကျေးရွာရှိ အကြမ်းဖက်စစ် ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ နာရီဝက်အကြာမှာ စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး လေကြောင်း ကနေ ဗုံး ၁၀ ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ပွဲဖြစ်ပွားနေစဉ်နဲ့ တိုက်ပွဲပြီးနောက်မှာလည်း နတ်သံကွင်းနဲ့ ကျောက်တံခါးမြို့ရှိ စစ်တပ်စခန်းကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့ပြီး ဒရုန်းနဲ့ လာရောက်ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ဗိုလ်ကြီး ၁ ယောက်အပါအဝင် အလောင်း ၅ လောင်း တွေ့ရှိခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း MA1 ၁ လက်၊MA3 ၁ လက်၊MA11 ၃ လက်၊G3 ၃ လက်၊MA2 ၁ လက်၊MA5  ၁ လက်၊MA4 ၁ လက် ကျည်ဘောက် ၆ ဘောက်/အဝိုင်း ၂ ဘောက်၊G3ကျည် ၄ ဘောက်၊5.56ကျည် ၃၀၀တောင့်၊7.62ကျည်  ၅၀၀ တောင့်စတဲ့ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို ၃၇၀၂တပ်ရင်း၊ ဗျူဟာ(၂၅) ဒရုန်းအဖွဲ့နှင့် ရင်း(၉) KNLA ပူးပေါင်းတပ်တို့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး  အမှတ် – ၂ တပ်ရင်း ၊ P2-3702 တပ်ရင်းမှ ရဲဘော် ၁ ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

Video – ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်း ၊ P2-3702

0 Shares:
You May Also Like
Read More

ဆိပ်ဖြူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကြဲချပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်းရှိ အထမ္မကောက်ကျေးရွာနဲ့ တပေါင်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း၊ လက်ဆည်ကျေးရွာရဲစခန်းတွေကို ဒီဇင်ဘာ ၂၇ ရက်က ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကြဲချပြီး ရော့ကတ်တွေ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကျောက်မဲမြို့ စျေးသစ်ဝန်းကျင်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်နယ် ကျောက်မဲမြို့မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ TNLA  မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

သား သတိရတယ် မေမေ (ရုပ်/သံ)

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်စေချင်ကြောင်း ဗီဒီယိုအတိုလေးကို ဒီဇင်ဘာ ၂၂ရက်မှာ သားဖြစ်သူ ကိုထိန်လင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့ပါတယ်။
Read More

သာယာဝတီခရိုင် တပ်ရင်း ၃၊ ၃၈၀၃ တပ်ရင်း အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သာယာဝတီခရိုင် တပ်ရင်း ၃၊ ၃၈၀၃ တပ်ရင်း၊ အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Myanmar Defense Force မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

မြိတ်မှာ စစ်ကောင်စီ ရိက္ခာပို့ယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး (ရုပ်/သံ)

မြိတ်မြို့နယ်မှာ စစ်ကောင်စီရိက္ခာပို့ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။