မန္တလေးတိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ရဲ့ အနောက်ပိုင်း၊ ကသဲရပ်ကွက်ရှိ အနောက်ကျောင်းကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် ဒေသခံ (၁) ယောက် သေဆုံးခဲ့ပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

TNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စတဲ့ ဒေသတွေကနေ ပြန်လည်ဆုတ်ခွါပေးဖို့ စစ်ကောင်စီရဲ့တောင်းဆိုချက်ကို ငြင်းပယ်ခဲ့ကြောင်း ကြေညာပြီး နောက်တစ်ရက် မေလ (၃)ရက် ဒီနေ့ မနက်ပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၁)လုံး လာရောက် ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရရှိကာ နေအိမ်လည်း ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA က ဆိုပါတယ်။
မေလ (၂)ရက် မနေ့က ညသန်းခေါင်အချိန်ခန့်မှာလည်း မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ ပေါင်(၂၅ဝ)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့လို့အုတ်ပြင်ရပ်ကွက်ရှိ ဓမ္မာရုံနဲ့ ပြည်သူလူထုနေအိမ် (၆)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ (၃ဝ)ရက်ကလည်း မိုးကုတ်မြို့အနောက်ပိုင်း၊ သစ်စိမ့်ကုန်းနဲ့ ကျောက်ပုတ်ကျေးရွာကြား စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင်(၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့မြို့နယ်တွေမှာ စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနဲ့ တိုက်ပွဲမဖြစ်ပွားတဲ့ နေရာတွေမှာ ပြည်သူကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး ဗုံးကြဲချခြင်းတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်အောင် စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ဖို့လည်း လိုအပ်တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ပုသိမ်ကြီးနဲ့ မတ္တရာအစပ်က စစ်ကောင်စီတပ်စခန်းကို မန္တလေး PDF တိုက်ခိုက်သိမ်းပိုက်

မန္တလေးတိုင်း၊ ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်အစပ် ထန်းပင်ကုန်းရွာက စစ်ကောင်စီတပ်စခန်းကို အပြီးသတ်သိမ်းပိုက်လိုက်ပြီး၊ လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၏ အခြေခံစစ်ပညာသင်တန်းအပတ်စဥ် (၈) သင်တန်းဆင်းပွဲ

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ကြီးမှူးကျင်းပခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ ၂၃ ရက်က ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ယာယီဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

စျေးသည်တွေကို ဖိနှိပ်ဆက်ဆံတဲ့ တာမွေစည်ပင်ရုံး လက်ပစ်ဗုံးနဲ့ပစ်ခံရ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်က စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးပစ် တိုက်ခိုက်ခံရပြီး Non CDM ဝန်ထမ်းတွေ ထိခိုက်သွားကြောင်း သိရပါတယ်​။
Read More

စိုးမိုးနယ်မြေအတွင်း ဒေသခံပြည်သူတွေရဲ့ ရိတ်သိမ်းစပါးတွေကို PDF ရဲဘော်တွေ ကူညီချွေလေ့သိမ်းဆည်းပေးခဲ့

မကွေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် ၄ တပ်ရင်းက ရဲဘော်တွေဟာ စိုးမိုးနယ်မြေအတွင်းက ဒေသခံပြည်သူတွေရဲ့ ရိတ်သိမ်းစပါးတွေကို ကူညီချွေလေ့သိမ်းဆည်းပေးခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဇီးကုန်းနယ်တွင် ၃ နှစ်နီးပါး တပ်စွဲထားသည့် ပျူစခန်းတိုက်ခိုက်ခံရ၍ ၄ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် မီးကောက်ပင်ကျေးရွာမှာ သုံးနှစ်နီးပါးအ ထိုင်ချတပ်စွဲထားတဲ့ ပျူစခန်းကိုသွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် ၃၈၀၁တပ်ခွဲ ၁ တပ်ခွဲမှူးဆီက သိရ ပါတယ်။
Read More

တပ်မ(၁၀၁) မှာ အဓမ္မ စစ်မှုထမ်းစေခိုင်းခံထားရတဲ့ စစ်သား ၂ ​ယောက် ပခုက္ကူ ပကဖထံ ချိတ်ဆက်အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် စစ်ကောင်စီရဲ့ တပ်မဌာနချုပ် တပ်မ(၁၀၁)မှာ အတင်းအဓမ္မ စုဆောင်း ခံထားရတဲ့ စစ်သား ၂ ​ယောက် ချိတ်ဆက်အလင်းဝင်လာတယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ၊ တပ်ခွဲ (၁)၊ တပ်စိပ်(၁) - Burma Revolution Rangers တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။