မကွေးတိုင်း ပခုက္ကူခရိုင် စိုးမိုးနယ်မြေတစ်နေရာမှာ ပခုက္ကူခရိုင် Localတပ်ရင်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့တယ်လို့ 𝐉𝐮𝐬𝐭𝐢𝐜𝐞 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐅𝐨𝐫𝐜𝐞 မှ မေ ၁ ရက်က ထုတ်ပြန်ထားပါတယ်။

သင်တန်းကို ရဲ‌ဘော် အယောက် ၄၀ တက်ရောက်ခဲ့ပြီး နိုင်ငံရေး သင်ခန်းစာ၊ CoC နှစ်ရပ်၊ ပြည်သူ့စစ်မဟာဗျူဟာနဲ့ စစ်ဘက်ဆိုင်ရာခေါင်းဆောင်မှု စတဲ့သင်ခန်းစာတွေကို ၄၅ ရက်ကြာ သင်ကြားပို့ချခဲ့တယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းကို Justice Revolution Force၊Earthquake People’s Defence Force၊ Thurain TR၊ Hunter Pakokkuနဲ့ Six Senses Guerrilla Force စတဲ့ အဖွဲ့ ၅ ဖွဲ့က ရဲဘော်တွေ တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ပခုက္ကူခရိုင်Localတပ်ရင်းကိုဖွဲစည်းရခြင်းမှာ ပခုက္ကူခရိုင် အတွင်း စစ်ရေးအရှိန်မြှင့်တင်ရန်နဲ့ ပခုက္ကူခရိုင်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ ( ၅ ) ဖွဲ့ တစုတစည်းတည်း ပေါင်းစည်းပြီး ပြည်သူ အားကိုးရတဲ့ တပ်ရင်းတပ်ဖွဲ့တခုအဖြစ် ပေါင်းစည်းချီတက်ပြီး ပျောက်ကြားစစ်မှ ပုံမှန်စစ်ကိုကူးပြောင်းရာမှာ တပ်ပုံစံကျဖို့ လိုအပ်တဲ့အတွက် ဖွဲစည်းခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မိုးကုတ်မြို့ အရပ်သားနေအိမ်တွေကို စစ်ကောင်စီတပ်ရဲ့ ပစ်မှတ်ထား လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူ ၃ ယောက်သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို နိုဝင်ဘာ ၁၁ ရက် မနေ့က ညနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားနေအိမ်တွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးအများအပြားကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းရှိ တောကျွဲအင်းမြို့ကို PDF ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့ရှိ စစ်အုပ်စုစခန်းတွေကို တိုက်ခိုက်ပြီး မြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

Taw Twin Tup Pee Local PDF အခြေခံစစ်ပညာရက်တိုသင်တန်းအပတ်စဉ် ၁၃ အောင်မြင်စွာ ပြီးစီး (ရုပ်/သံ)

Taw Twin Tup Pee Local PDF က အခြေခံစစ်ပညာ ရက်တိုသင်တန်း အပတ်စဉ် (၁၃) ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
Read More

တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း တောင်ငူမြို့က စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းကို အောက်တိုဘာ ၂၀ ရက် မနေ့ည ၈ နာရီခွဲဝန်းကျင်ခန့်မှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar-BWM အဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာမှ အရာတော်သို့ ရိက္ခာပို့လာတဲ့ စစ်ယာဉ်တန်းနဲ့ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမှအရာတော်သို့ ရိက္ခာပို့လာတဲ့စစ်ယာဉ်တန်းနဲ့ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ယောက် သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောကျွဲကြီးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပခုက္ကူတပ်မ ၁၀၁ ကို လက်နက်ကြီး ပစ်ခတ်မှုအတွင်း ရဲဘော်များ ပိတ်ဆို့တိုက်ခိုက်ခံရကာ ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တပ်မ ၁၀၁ ကို ၆၀ မမ လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ရဲ့ မြေပြင်ဝေဟင်ပိတ်ဆို့ခံရပြီး ‌ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Burma Revolution Rangers အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။