တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်လည်ပတ်မှာ စခန်းထား တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဧပြီ ၂၇ ၇က်က တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရေဖြူမြို့နယ်ပူးပေါင်းမဟာမိတ်အဖွဲ့
ထံက သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဖြူပကဖ)၊ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း၊ T1 ၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်(TPLF) သာဂရစစ်ကြောင်း၊ ဒေါနစစ်ကြောင်း(၃) တပ်ခွဲ-၄(KBDF)၊ တပ်ခွဲ-၆(ဝေဟင်)၊ တပ်ခွဲ-၇(LPF) ၊ DNLA၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး(DDPDF) ၊ DGRF ၊ TPDF ၊ ဗထူးတပ်ရင်း ၊ နဂါးနီပြောက်ကျားတပ်ဖွဲ့၊ ရွှေဘီလုံးနဲ့ ရပ်ရွာလုံခြုံရေးအဖွဲ့(ပလဖ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စလင်းက စစ်တပ်ကင်းပုန်းကို တိုက်ခိုက် စစ်ကောင်စီတပ်သားများ သေဆုံးမှုများပြား (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းက စစ်တပ်ကင်းပုန်းကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ဒေါင်းစစ်အောင် LPDF က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲအတု ဆန့်ကျင်ရေးနှင့် အသံတိတ်သပိတ်အတွက် ဒေါက်တာ တေဇာဆန်းတို့အဖွဲ့ မန္တလေးဈေးချိုအနီး ဆန္ဒပြ

အာဏာသိမ်းစစ်တပ်ရဲ့ အတုအ‌ယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့အတွက် မန္တလေးက ထင်ရှားတဲ့ သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်းနဲ့ လူငယ်တချို့ဟာ မန္တလေးဈေးချိုအနီးမှာ ဆန္ဒပြခဲ့ကြပါတယ်။
Read More

ဒူဘိုင်းလေကြောင်းဆိုင်ရာပြပွဲမှာ အိန္ဒိယတိုက်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူးသေဆုံး (ရုပ်/သံ)

ဒူဘိုင်းမှာ ကျင်းပခဲ့တဲ့ လေကြောင်းဆိုင်ရာပြပွဲမှာ အိန္ဒိယတိုက်လေယာဉ်တစ်စင်း ပျက်ကျပြီး လေယာဉ်မှူးသေဆုံးသွားခဲ့ပါတယ်။ ပျက်ကျသွားတဲ့ တိုက်လေယာဉ်ဟာ အိန္ဒိယနိုင်ငံထုတ် တီဂျက်စ် တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး သေဆုံးသွားခဲ့ရတဲ့ တိုက်လေယာဉ်မှူးအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်း အိန္ဒိယလေ တပ်က ထုတ်ပြန်ထားပါတယ်။ အဆိုပါလေယာဉ်အမျိုးအစားဟာ ပြီးခဲ့တဲ့နှစ်ကလည်း ပျက်ကျခဲ့ဖူးတဲ့အတွက် ယခုတစ်ကြိမ် ပျက်ကျမှုဟာ ၂ နှစ်ဆက်တိုက်ပျက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

ရေဖြူအတွင်းရှိ စစ်အုပ်စုအထိုင်ချထားတဲ့ ဌာနဆိုင်ရာရုံးတွေကို တော်လှန်ရေးတပ်များ ဝင်ရောက်စီးနင်း၊ ထွေအုပ်ရုံးကို မီးရှို့ရှင်းလင်းခဲ့ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်း စစ်အုပ်စုအထိုင်ချ ဌာနဆိုင်ရာရုံးတွေကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး ထွေအုပ်ရုံးကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ ဒီဇင်ဘာလ ၁၂ ရက်မနေ့က ရေဖြူမြို့နယ်အတွင်း စစ်အုပ်စု အင်အား ၃၀ ကျော် ရှိနေတဲ့ မြို့နယ်ထွေအုပ်ရုံး၊ ဌာနဆိုင်ရာရုံးများရှိရာ စုပေါင်းရုံးနဲ့ မြို့မရဲစခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရတာပါ။
Read More

မိုးဗြဲမြို့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ် အဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက်ခိုက် (ရုပ်/သံ)

ကရင်နီပြည်နယ် မိုးဗြဲမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ အဆိပ်ငွေ့ဗုံးတွေ ကြဲချတိုက်ခိုက်နေတယ်လို့ KNDF - Pekhon Zone က ထုတ်ပြန်ထားပါတယ်။
Read More

မီတာကြေးလာကောက်သည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၂ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဂေါင်းကွဲရွာ ပျူအထိုင်စခန်းကနေ ကံရွာသို့ မီတာကြေးလာကောက် တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၂၂ ရက်က တိုက်ခိုက်ခဲ့တယ်လို့ Justice Warriors Force အဖွဲ့ထံက သိရပါတယ်။