အကြမ်းဖက်စစ်ကောင်စီတပ်ဟာ နိုင်ငံတကာမှာ ပိတ်ပင်ကန့်သတ်ထားတဲ့ ကလပ်စတာဗုံး အမျိုးအစားတွေကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ရဲ့ စစ်ဘက်သုတေသနဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ရက်ပိုင်းထဲမှာ ဗုံးကြဲတိုက်ခိုက်ခဲ့အပြီး တွေ့ခဲ့ရတဲ့ ဗုံးခွံအစိတ်အပိုင်းတွေဟာ စစ်ကောင်စီ ကပစထုတ် MAB-26 C 6 Cluster Bomb အမျိုးအစား ဖြစ်တာကို တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
MAB-26 C 6 Cluster Bomb ဟာ 26-lb အလေးချိန်ရှိရှိတဲ့ ၁၂၀ မမ ဗုံး (၁၀) လုံး ပါရှိတဲ့ ပဒေသာဆင့်ကွဲ ကလပ်စတာဗုံးအမျိုးအစား ဖြစ်ပြီး အဆိုပါဗုံးတွေကို မကွေးတိုင်း၊ ဆိပ်ဖြူအခြေစိုက် စစ်ကောင်စီလက်နက်စက်ရုံ ကပစ-၂၁ မှာ တရုတ်နည်းပညာအကူအညီနဲ့ တပ်ဆင်ထုတ်လုပ်နေတာဖြစ်တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့က ဆိုပါတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ကလပ်စတာဗုံးတွေ တောက်လျှောက်ဆိုသလို အသုံးပြုနေတာဖြစ်တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ကလေးမြို့နယ်တောင်ပိုင်းက ဆေးရုံ ၂ ရုံကို စစ်တပ် ၂ ရက်အတွင်း ဗုံးကြဲတိုက်ခိုက်၊ ကျန်းမာရေးစေတနာ့ဝန်ထမ်း ၅ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ ဆေးရုံ ၂ ရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ နှစ်ရက်အတွင်း ဗုံးကြဲတိုက်ခိုက်ရာ ကျန်းမာရေးစေတနာ့ ဝန်ထမ်း ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ People's Healthcare Network (Kalay) က ထုတ်ပြန်ထားပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ်(ACDF) အခြေခံစစ်သင်တန်း အပတ်စဉ်(၆) သင်တန်းဆင်းပွဲနှင့်သစ္စာရေသောက် အခမ်းအနား

အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲ့ အပတ်စဉ်(၆) စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ (၁၀) ရက်က (ACDF) နောက်တန်း‌လေ့ကျင့်ရေးကွင်းမှာ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် ပြည်သူများ ဒုက္ခဝေနေချိန် နိုင်ငံတစ်ဝန်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ​အင်အားပြင်း ၇.၇ ရစ်ချက်တာစကေး ငလျင်ဒဏ်ကြောင့် ပြည်သူတွေ ဒုက္ခပင်လယ်ဝေနေချိန်မှာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် ပြုလုပ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

လားရှိုး နားမခေါ်ကားဂိတ်အနီးကို စစ်တပ်က ဗုံးကြဲလို အရပ်သားပြည်သူတစ်ဦးသေဆုံး၊ နှစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၇ ကြိမ်အထိ ရှိလာ

MNDAA ကထိန်းချုပ်ထားတဲ့  လားရှိုးမြို့ကို စစ်ကောင်စီက မနေ့က အောက်တိုဘာ ၁၄ ရက်ညနေပိုင်းမှာ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

သံတွဲနှင့် ဂွမြို့အနီး ပင်လယ်ပြင်တွင် ညအချိန် ငါးဖမ်းမှု AA တားမြစ်မိန့် ထုတ်ပြန်၊ ပင်လယ်ကမ်းဝေး ငါးမဖမ်းရန် ပြည်သူများကို မေတ္တာရပ်ခံ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နဲ့ သံတွဲမြို့နယ်မှာ ပြည်သူတွေ ပင်လယ်ပြင်မှာ ညအချိန် ငါးဖမ်းတာကို တားမြစ်ကန့်သတ်ကြောင်း အာရက္ခတပ်တော် (AA) က အောက်တိုဘာ ၁၉ ရက် မနေ့က အသိပေးတားမြစ်မိန့် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်လာပါတယ်။  
Read More

ဓနုလူမျိုးများဆုံစည်းရာနေ့ အခမ်းအနားကို DPLF/DPLA လှုပ်ရှားနယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်

တပေါင်းလဆန်း(၁၄)ရက်မှာ ကျရောက်တဲ့ ဓနုလူမျိုးများဆုံစည်းရာနေ့ အခမ်းအနားကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF/DPLA) ရဲ့ လှုပ်ရှားနယ်မြေ တစ်နေရာမှာ DPLF/DPLA က ဦးဆောင်ပြီး အကျဥ်းရုံး ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။