မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်မှာ ဆိုင်ကယ်နဲ့ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ အဲ့လိုတိုက်ခိုက်ခံရအပြီး စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်တာတွေ လုပ်ဆောင်လာတယ်လို့ သာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စစ်ရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက် မနက်ပိုင်းက ပျော်ဘွယ်မြို့နယ်၊ ပေပင်ရှည်အုပ်စု၊ ပေပင်ရှည်ကျေးရွာအနောက်ဘက်မှာ ဆိုင်ကယ်နဲ့ထွက်လာတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီပစ်ခတ်မှုအတွင်း ရဲ ၂ ယောက်သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း သာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

” ပျော်ဘွယ်အနောက်ဘက် နတ်မောက်နယ်စပ်မှာ ဖြစ်ခဲ့တာပါ။ ညောင်ကုန်းတိုက်နယ်က ထွက်လာတဲ့ကောင်တွေကို ကင်းပုန်းဝပ်ပစ်ခဲ့တာပေါ့။ လက်နက်သိမ်းဆည်းရရှိမှုတော့ မရှိခဲ့ပါဘူး” လို့ သာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စစ်ရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။

အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုကို သာစည်မြို့နယ် ပကဖနဲ့အတူ ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် တိုက်ဒေါင်းပြည်သူကာကွယ်ရေးအဖွဲ့၊ ပျော်ဘွယ်လူငယ် အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

” စစ်ကြောင်း ပြန်လည်ထိုးလာခြင်းတော့ မရှိသေးပေမယ့် ဒီရက်ပိုင်းထဲ အခင်းဖြစ်တဲ့နားကရွာတွေမှာ စစ်တပ်က လုံခြုံရေးတိုးမြှင့်စစ်ဆေးတာတွေတော့ လုပ်လာပါတယ်” လို့ သာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စစ်ရေးတာဝန်ခံက ပြောပါတယ်။

ပုံစာ – အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်များ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

စစ်ကော်မရှင် တပ်သား ၁၀၀ ကျော်သေဆုံးပြီး ဗိုလ်ကြီး အဆင့်ရှိသူများ အပါအဝင် စစ်သုံ့ပန်း ၆၀ ကျော်ဖမ်းဆီး နိုင်ခဲ့ကြောင်း PRA -Magway ပြော၊ လေ့ကျင့်ရေးပိုင်းနှင့် အင်အားစုဆောင်းရေးကို ယခု နှစ်(၂၀၂၆) အတွင်း ပိုမိုလုပ်ဆောင် သွားမည်ဟု ဆို

ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ မကွေးတိုင်းအနောက်ခြမ်း၊ တောင်ပေါ်ဒေသ တွေမှာ ပြီးခဲ့တဲ့ (၂၀၂၅)တစ်နှစ်တာ အတွင်း အရှိန်အဟုန်မြင့် စစ်​ဆင်ရေးတွေ ဖော်ဆောင်နိုင်ခဲ့ကြောင်းနဲ့ အခြားတော်လှန်ရေး လုပ်ငန်းစဥ်တွေ တွဲဖက်လုပ်ကိုင် နိုင်ခဲ့တယ်လို့ လည်း PRA-Magway စစ်ဦးစီးချုပ် နောင်သူရိန်က မောင်းကို ပြောပါတယ်။
Read More

တပ်သားသစ်လိုအပ်ချက် များပြားနေတဲ့ စစ်တပ်က စစ်ကိုင်းနဲ့ မန္တလေးမှာ လူငယ်လူရွယ်တွေကို အလုံးအရင်းနဲ့ ဖမ်းဆီးနေ

စစ်ကိုင်းတိုင်း၊ ကလေး၊  ကလေးဝနဲ့ မန္တလေးတိုင်း ညောင်ဦး၊ မြင်းခြံ မြို့နယ်တွေမှာ တပ်သားသစ်လိုအပ်ချက်များပြားနေတဲ့ အကြမ်းဖက်စစ်တပ်က လူငယ်တွေကို အလုံးအရင်းနဲ့ဖမ်းဆီးနေတယ်လို့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ကောလင်းအရှေ့ခြမ်းရှိ ဆေးရုံနှင့်စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၃) ဦးသေဆုံးပြီး (၈) ဦးဒဏ်ရာရ…

စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့ အရှေ့ခြမ်းရှိ ဆေးရုံနဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူ ၃ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပကဖ အသံက မနေ့က သတင်းဖော်ပြပါတယ်။
Read More

မုံရွာမြို့နယ်မှာ စစ်အုပ်စုက Gyrocopter နဲ့ တိုက်ခိုက်ခဲ့လို့ အသက်မပြည့်သေးတဲ့ ကလေး ၂ ဦးအပါ ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်ထဲကို စစ်ကော်မရှင်တပ်က Gyrocopter နဲ့ လေကြာင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် အသက်မပြည့်သေးတဲ့ကလေး ၂ ဦးအပါ အရပ်သားပြည်သူ ၃ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ နိုဝင်ဘာ ၂၂ ရက် ဒီနေ့မနက် ၁၁ နာရီကျော်လောက်မှာ စစ်ကော်မရှင်တပ်က ထိတွေ့တိုက်ပွဲမရှိပဲ ရတုံရွာနဲ့ ဘူးတောင်းကန်ရွာကြားကနေရာတွေကို Gyrocopter နဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ အသက် (၅) နှစ်အရွယ်ကလေးတစ်ယောက်၊ အသက် (၈) နှစ်အရွယ် ကလေးတစ်ယောက် နဲ့ အသက် (၃၀) အရွယ် အမျိုးသားတစ်ယောက် ထိမှန်သေဆုံးသွားတယ်လို့ သိရတာပါ။
Read More

စစ်မှုထမ်းတာဝန် ကျေပွန်သူများကို ပြည်ပအလုပ်အကိုင် ရှာပေးမည်ဟု စစ်ကော်မရှင် ပြော

စစ်မှုထမ်းတာဝန် ကျေပွန်အောင် ထမ်းဆောင်ခဲ့သူတွေကို ပြည်ပနိုင်ငံတွေ သွားရောက်အလုပ်လုပ်ချင်ရင် အလုပ်အကိုင်ရှာပေးမယ်လို့ အာဏာသိမ်း စစ်ကော်မရှင်က ပြောဆိုလိုက်ပါတယ်။
Read More

မင်းဘူးခရိုင် PDF တပ်ရင်း (၂) ရဲ့ အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းက အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။