ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ပူးပေါင်းတပ်စွဲထားတဲ့ ရဲကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်မျိုးစုံ ၆ လက် သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ တရားဝင် ထုတ်ပြန်ပါတယ်။

စစ်တပ်နဲ့ ပျူစောထီးတွေရှိနေတဲ့ ဒမငယ်ရွာရဲကင်းစခန်းကို မနေ့က မနက် ၄နာရီဝန်းကျင်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ (၁)နာရီဝန်းကျင်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်(၂) ယောက် သေဆုံးကာ ကျန်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်း စွန့်ခွာ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိထားတဲ့ ပျူ‌စောထီး၂ ယောက် တောင်ညိုကွက်သစ် ဆေးရုံမှာ ဆေးကုသမှုခံယူနေချိန်မှာ ၁ ယောက် သေဆုံးသွားခဲ့တယ်လို့လည်း သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီက (၆၀)မမစိန်ပြောင်း (၁)လက်၊ လက်နက်ငယ် (၅)လက်နဲ့ ခဲယမ်းတွေ၊ နင်းမိုင်း၊ ယာဥ်ဖျက်မိုင်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ အမှတ်(၃၈၀၁)တပ်ရင်း၊ တပ်ခွဲ (၂)၊ တပ်ခွဲ(၆)၊ နတ်တလင်းမြို့နယ်(ပကဖ)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

အေဂျင်စီများ ထိုင်းနိုင်ငံအတွက် တစ်လကို အလုပ်သမား ၅၀ သာ ခေါ်စာတင်ဖို့ စစ်ကောင်စီ ကန့်သတ်

ထိုင်းနိုင်ငံကို အလုပ်သမားတွေ စေလွှတ်မယ့် အေဂျင်စီတွေအနေနဲ့ တစ်လကို အလုပ်သမား ၅၀ သာ ခေါ်စာတင်ဖို့ စစ်ကောင်စီ ကန့်သတ်လိုက်ပြီ ဖြစ်ပါတယ်။
Read More

ဘောပွဲအပြီး ပရိတ်သတ်ကိုပြန်ဆဲခဲ့တဲ့ မြန်မာအသင်းခေါင်းဆောင် မောင်​မောင်လွင်ကို ပရိတ်သတ်တွေ ဝေဖန်နေကြ

မနေ့က ကစားခဲ့တဲ့ အာဆီယံမစ်ဆူဘီရှီဖလား အုပ်စုအဖွင့်ပွဲစဥ်အပြီး ပရိတ်သတ်တွေကို ရိုင်းပြတဲ့အမူအရာနဲ့ ဆဲရေးတိုင်းထွာခဲ့တဲ့ မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင်ရဲ့ လုပ်ရပ်အပေါ် ပရိတ်သတ်တွေက အပြင်းအထန် ဝေဖန်နေကြတယ်လို့ သိရပါတယ်။
Read More

မဟာဗျူဟာနည်းလမ်း(၆)ခုကို အရှိန်မြှင့်ဖော်ဆောင်ပြီး ဒေသအလိုက်လွတ်မြောက်မှုကနေ ပြည်ထောင်စုကြီးလွတ်မြောက်တဲ့အထိ ကြိုးပမ်းသွားမည်ဟု NUG ဆို

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မဟာဗျူဟာနည်းလမ်း(၆)ခုကို ဟန်ချက်ညီညီ အရှိန်မြှင့်တင် ဖော်ဆောင်ပြီး ဒေသအလိုက် လွတ်မြောက်မှုကနေ ပြည်ထောင်စုတစ်ခုလုံး လွတ်မြောက်တဲ့အထိ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ NUG အစိုးရရဲ့ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

စစ်အုပ်စု၏ ကျောက်မဲနှင့် သီပေါပြန်လည်သိမ်းပိုက်သည့် စစ်ဆင်ရေး SSPP ကူညီလမ်းကြောင်းဖွင့်ပေးခဲ့ကြောင်း TNLA ပြောဆိုမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း SSPP ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်းက အကြမ်းဖက် စစ်အုပ်စု ပြန်လည် ထိုးစစ်ဆင်ပြီး ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့တဲ့ ကျောက်မဲနဲ့ သီပေါတိုက်ပွဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က စစ်ကောင်စီတပ်ကို ကူညီလမ်း‌ကြောင်းဖွင့်ပေးတာဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA ရဲ့  ပြောဆိုမှု​အပေါ် ကန့်ကွတ်ရှုတ်ချကြောင်း အောက်တိုဘာ ၁၈ ရက် ဒီနေ့မှာ SSPP က ထုတ်ပြန်ပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲ ဖန်တီးခြင်းသည် ပြည်သူ့အချုပ်အခြာအာဏာကို မတရားရယူရန် ကြိုးစားခြင်းဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ပြော

ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဖန်တီးပြုလုပ်တာဟာ ဒီမိုကရေစီကျင့်စဥ်ကို ချိုးဖောက်ပြီး ပြည်သူလူထုရဲ့ အချုပ်အခြာအာဏာကို မတရားရယူဖို့ ကြိုးစားတာဖြစ်တယ်လို့ “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ် - ၁၃/၂၀၂၅" မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုလိုက်ပါတယ်။