ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ပုဇွန်မြောင်းကျေးရွာမှာ အရပ်သားပိုင်ပစ္စည်းတွေ ခိုးယူသယ်ဆောင်နေတဲ့ စစ်အုပ်စုနဲ့ PDF တပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိခဲ့ကြောင်း Fire Dragon PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မေလ ၁ရက်၊ မနေ့က နေ့လယ်ပိုင်းမှာ ပုဇွန်မြောင်းကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်သားနဲ့ ပျူစောထီးတွေဟာ ကျေးရွာအတွင်း အရပ်သားပိုင်ပစ္စည်းတွေကို ခိုးယူသယ်ဆောင်နေချိန် တပ်ရင်း ၃၇၀၃ မီးနဂါးတိုက်ကင်းအဖွဲ့နဲ့ ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အဲ့ဒီနောက် ပုဇွန်မြောင်းကျေးရွာ ဆွဲဒလွဲပိုင်းမှာလည်း ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း Fire Dragon PDF တာဝန်ရှိသူက ပြောပါတယ်။

” ပုဇွန်မြောင်းရွာကို ဒီကောင်တွေ စစ်ကြောင်းထိုးပြီးကတည်းက ရွာထဲ ၃ နေရာလောက် ခွဲနေနေကြတယ်။ ခမရ ၂၀ ညောင်လေးပင်ရယ် ပျူတွေရယ် အင်အား ၆၀လောက်ရှိတယ်။ အဲ့ဒီနေ့က ရွာရဲ့တစ်နေရာမှာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးပြီး ပွဲစားနဲ့ချိတ်ပြီး ရောင်းစားဖို့လုပ်တယ်ပေါ့။ အဲ့မှာ ထိတွေ့မှုဖြစ်တာပါ။ ပရိဘောဂတွေ ယူတယ်။ အိမ်ပါဖျက်ယူတယ်။ မီးရှို့ယူတာများတယ်။ ရွာထဲ အိမ်တွေမီးရှို့ထားတာ ၃ပုံ၁ပုံလောက် ကုန်နေပြီ။ ရွာဦးကျောင်းကဘုရားဆင်းတုတော်တွေပါယူတာ” လို့ Fire Dragon PDF တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တိုက်ပွဲအတွင်းစစ်ကောင်စီရဲ့ ညောင်လေးပင်မ၂၀ (ခေါ်) ခမရ ၂၀ ကနေ လက်နက်ကြီး (၁၂၀မမ) ၂ လုံး ပစ်ကူပေးခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထိခိုက်မှုမရှိဘဲ စစ်အုပ်စုအဖွဲ့ဝင် ၃ ယောက်သာ ထိခိုက်ခဲ့ကြောင်း သိရပါတယ်။

ပုဇွန်မြောင်းကျေးရွာဟာ အိမ်ခြေ ၁၆၀၀ ဝန်းကျင်ရှိပြီး လူဦးရေ ၇ထောင်နီးပါးနေထိုင်တဲ့ စံပြရွာ၁ရွာဖြစ်​ခဲ့ပေမယ့် အာဏာသိမ်းပြီးချိန်ကစလို့ စစ်တပ်ရဲ့ စစ်ကြောင်းထိုး၊ ရွာမီးရှို့မှုတွေကြား ထောင်နဲ့ချီတဲ့​ဒေသခံတွေ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

Fire Dragon PDF တပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

တအာင်းပြည်မှာ TNLA ဖော်ဆောင်မယ့် ပြည်သူ့အစိုးရတစ်ရပ်ကို ကြိုဆိုကြောင်း MDY- PDF သဝဏ်လွှာပေးပို့

တအာင်းဒေသမှာ TNLA ဦးစီးဖော်ဆောင်မယ့် ပြည်သူ့အစိုးရတစ်ရပ်ကို ထောက်ခံကြိုဆိုကြောင်း မန္တလေး PDF က ဒီနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းလွှတ်တော်နဲ့ WHO ပူးပေါင်းပြုလုပ်တဲ့ ကွန်ဖရန့်ကို CRPH တက်ရောက်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့  နိုင်ငံတကာ ပါတီမန်များအဖွဲ့၊ ထိုင်းလွှတ်တော်နဲ့ WHO တို့ ပူးတွဲပြုလုပ်တဲ့ Regional Conference ကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က တက်ရောက်ခဲ့ပါတယ်။
Read More

သာယာဝတီထောင်မှာ နိုင်ကျဉ်း ၂ ယောက်ကို ထောင်အာဏာပိုင်တွေ အကြောင်းမရှိအကြောင်းရှာ တိုက်ပိတ်ထား

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၂ယောက်ကို ထောင်အာဏာပိုင်တွေက အကြောင်းပြချက်မဲ့စွာ တိုက်ပိတ်အရေးယူထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် PPNM က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေးမြို့နယ်မှာ စိုးမိုးနယ်မြေအတွင်း ရေးဘီလူးတပ်ဖွဲ့က လမ်းပိုင်းစစ်ဆေးရေး ပြုလုပ် (ဓာတ်ပုံသတင်း)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာ ရွာထိပ်က ဦးခွေးတံတားအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ တပ်ခွဲတစ်ခုဖြစ်တဲ့ ရေးဘီလူးတပ်ဖွဲ့က လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းနှင့်ကျောက်တော်မြို့မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ၁၀ နှစ်အောက် ကလေးငယ် ၂ ဦးအပါ ၁၄ ဦး သေဆုံးကြောင်း AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ ရသေ့တောင်နဲ့ ကျောက်တော်မြို့တို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အောက် ကလေးငယ် ၂ ယောက်အပါအဝင် အရပ်သား ၁၄ ယောက် သေဆုံးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မုဒုံမှာ စစ်ကောင်စီရဲ့ အမြောက်တပ်ကို ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ လက်နက်တိုက်ပျက်စီးပြီး စစ်ကောင်စီတပ်က ၃ ယောက် သေဆုံး

မွန်ပြည်နယ်၊ မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ အမြောက်တပ် အမတ - ၃၁၈ ကို ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ လက်နက်တိုက်ပျက်စီးပြီး စစ်ကောင်စီတပ်က ၃ ယောက်သေဆုံးကာ ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ က ဒီနေ့ ထုတ်ပြန်ပါတယ်။