ကရင်ပြည်နယ် ကျုံဒိုးမြို့ကို ဧပြီ ၃၀ ရက်က စစ်ကြောင်း ၂ ကြောင်းခွဲပြီး ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို KNLA နဲ့ တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ အများအပြားသေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ကျုံဒိုးမြို့အတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမှတ် ၃ ရပ်ကွက်နဲ့ သိမ်ကုန်းချောင်းနေထိုင်သူ အရပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ကျုံဒိုး၊ ကော့ကရိတ်၊ အာရှလမ်းတွေမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ် ကြောင်းနဲ့ KNLA မဟာမိတ်တော်လှန်ရေးတပ်တွေ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဘုတလင်တိုက်ပွဲက အောင်ပွဲရ ရဲဘော်တွေကို ဂုဏ်ပြု ဆုငွေများချီးမြှင့် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီ  စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်နိုင်ခဲ့တဲ့ရဲဘော်တွေကို ဂုဏ်ပြုဆုငွေချီးမြှင့်ပေးခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

ဆောမြို့မရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေ၊ ၂ ယောက် အရှင်ဖမ်းမိ (ရုပ်/သံ)

မကွေးတိုင်း ဆောမြို့မရဲစခန်းကနေ အင်အား ၅၄ ယောက်နဲ့ လောင်းရှည်မြို့သို့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို လောင်းရှည်တိုက်နယ်အတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်အမှတ် - ၃ တပ်ရင်းထံက သိရပါတယ်။
Read More

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ စက်သုံးဆီဆိုင်ပိုင်ရှင် ၅ ရက်ကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ်ပြတ်နေ (ရုပ်/သံ)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက် မြို့ပတ်လမ်း ၃၃ လမ်းနဲ့ ၃၄ လမ်းထောင့်က စားသောက်ဆိုင်အနီးမှာ ဇန်နဝါရီ ၃ ရက် ညနေပိုင်းက စတားပါဝါစက်သုံးဆီဆိုင်ပိုင်ရှင် ဦးထွန်းလင်းနိုင်ဦးကို လူတစ်စုက ပြန်ပေးဆွဲဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ရှမ်း-မန်း စစ်ဆင်ရေးပြန် ‌ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းရဲဘော်တွေကို ဒေသခံပြည်သူများ အောင်သပြေနဲ့ ကြိုဆို (ရုပ်/သံ)

ရှမ်း-မန်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းက ရဲဘော်တွေကို ဒေသခံပြည်သူတွေက ဆုတောင်းစကားတွေပြောဆိုပြီး အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့  အမှတ် ၁ စစ်ဒေသ၊ ရွှေဘိုခရိုင် အမှတ် ၈ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဘားအံတွင် ဆေးကြောင်နေသည့် လူငယ် ကြော်ငြာဆိုင်းဘုတ်ပေါ်မှ ခုန်ချ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-လှိုင်ဘွဲ့ကားလမ်းဘေး မဲဘောင်တံတားအနီးရှိ ကြော်ငြာဆိုင်းဘုတ်ပေါ်ကနေ ဆေးကြောင်နေတဲ့ လူငယ် ၁ ယောက် ခုန်ချမှု ဖြစ်ပွားခဲ့ပါတယ်။
Read More

ထိုင်းနိုင်ငံတောင်ပိုင်း နရသီဝပ်ပြည်နယ် စစ်ဆေးရေးဂိတ်တွင် ထိုင်းစစ်သား ၁ ဦး အနီးကပ်ပစ်ခတ်ခံရ (ရုပ်/သံ)

ထိုင်းနိုင်ငံတောင်ပိုင်း နရသီဝပ်ပြည်နယ် စစ်ဆေးရေးဂိတ်မှာ ထိုင်းစစ်သားကို ဆိုင်ကယ် စီးနင်းလာတဲ့ သူက သေနတ်နဲ့ အနီးကပ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။