Southern YSO PDF မှာ ရှေ့တန်းရဲဘော်တွေရဲ့ အသက်လုံခြုံရေးအတွက် ရဲဘော်အယောက် ၃၀ စာ ကျည်ကာဝတ်စုံတွေ တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။

ကုန်ကျစရိတ် ကျပ်သိန်း ၆၀၀ အတွက် ပြည်သူတွေရဲ့ လှူဒါန်းငွေ သိန်း ၂၅၀ နဲ့ ချေးငွေ သိန်း ၃၅၀ ကို အသုံးပြုပြီး တပ်ဆင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Southern YSO PDF ဟာ Local PDF အဖြစ် ရပ်တည်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

“ဌာနေပေါ် ပျံကာဝဲ ရင်း-၉ ဒရုန်းတို့ကမည့်ပွဲ ’’ ပရောဂျက်တွင် တော်လှန်ပြည်သူများ ပါဝင်အားဖြည့်ပေးကြဖို့ KNDF B-09 ရဲဘော်တွေ တိုက်တွန်းနှိုးဆော် (ရုပ်/သံ)

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် အမှတ်-၉ တပ်ရင်း (KNDF B-09) မှ ပြုလုပ်ထားတဲ့ “ဌာနေပေါ် ပျံကာဝဲ ရင်း-၉ ဒရုန်းတို့ကမည့်ပွဲ ’’  သိန်း (၅၀၀၀ ) ပရောဂျက်ကြီးမှ တော်လှန်ပြည်သူတွေ ပါဝင်အားဖြည့်ပေးကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
Read More

တရုတ်နိုင်ငံမှာ သမိုင်းဝင် မင်နန်းဆက် နန်းဆောင်မျှော်စင် အမိုးပြိုကျ (ရုပ်/သံ)

တရုတ်နိုင်ငံ အန်ဟွီပြည်နယ်မှာ မေလ ၁၉ ရက်က သမိုင်းဝင် မင်နန်းဆက် နန်း‌ဆောင်မျှော်စင် အမိုးပြိုကျမှုဖြစ်ပွားခဲ့တဲ့အတွက် လာရောက်လေ့လာတဲ့ ခရီးသွားတွေ အထိတ်တလန့် ထွက်ပြေးခဲ့ရပါတယ်။
Read More

နမ့်လန်မြို့ အရပ်သားနေအိမ်ပေါ်ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး နေအိမ်နဲ့ ဆိုင်ခန်း ထိခိုက်ပျက်စီးကာ အဘွားအို ၁ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့ရှိ အရပ်သားနေအိမ်ပေါ်သို့ ယနေ့ နိုဝင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းက လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး နေအိမ်နဲ့ ဆိုင်ခန်း ပျက်စီးကာ ဒေသခံအဘွားအို ၁ ‌ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၅၁၁) တပ်သား- ခန့်ဝင်းနိုင်၏ ပြောကြားချက် (ရုပ်/သံ)

''ရွှေတောင်မြို့နယ် သမန်ကုန်းကျေးရွာမှာ အုပ်ကြီးကို သတ်ပြီး ရှောင်ပြေးခဲ့ပါတယ်။ သတ်ရတဲ့ အကြောင်းအရင်းက အုပ်ကြီးက တစ်အိမ်တက်ဆင်း စစ်ကောင်စီထဲမဝင်ချင်ရင် ၂ သောင်းခွဲ ၃ သောင်း လိုက်ကောက်နေတဲ့အတွက် လုံးဝအဆင်မပြေတဲ့အချိန်မှာ သူ့ကို သတ်ပစ်ခဲ့ရတာပါ"
Read More

ကန့်ဘလူမှာ စစ်ကောင်စီက ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီးကာ ရွာသားတွေကို ဖမ်းဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမှာ  စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီက ကျေးရွာ ၂ ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ပြီး အိုင်ပေါင်းချောင်ရွာမှ ပြည်သူ ၃၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး မုံလှရွာရှိ ခရစ်ယာန်ဘုရားကျောင်းကို ဒရုန်းဖြင့် ဗုံးကြဲ ဖျက်ဆီး ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ငလျင်ဒဏ်သင့်ဒေသများသို့ ထောက်ပံ့နိုင်ရန် အထူးဒေသ ၄ အစိုးရ အလှူငွေများ ကောက်ခံ (ရုပ်/သံ)

ငလျင်ဒဏ်ခံစားနေရတဲ့ ပြည်သူလူထုကို ထောက်ပံ့နိုင်ဖို့ ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသအစိုးရနဲ့ ပြည်သူလူထုက အလှူငွေတွေထည့်ဝင်ပြီး လိုအပ်နေတဲ့ နေရာတွေကို ပို့ဆောင်ဖို့ ဆောင်ရွက်လျက်ရှိတယ်လို့ ရှမ်းပြည်အရှေ့ပိုင်းအထူးဒေသ ၄ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။