ပဲခူးတိုင်းမှာ ဇန်နဝါရီလကနေ ဧပြီလအထိ ၄ လတာအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၃၂ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်ကနေ ဧပြီလ ၃၀ ရက်အထိ ပဲခူးတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ အမျိုးသမီး (၁၄) ယောက်နဲ့ အမျိုးသား (၁၈) ယောက် စုစုပေါင်း (၃၂) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ AAPP က ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက်ကလေးငယ် (၂) ယောက် ပါဝင်ပြီး (၁၉) ယောက်က အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၂၈ ရက် မနက်ပိုင်းကလည်း ကျောက်ကြီးမြို့နယ်၊ မုန်းကျေးရွာအုပ်စုကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအုပ်စုအတွင်းရှိ ကညင်တိုင်းကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား ၃ ယောက် ဗုံးစထိမှန်သေဆုံးခဲ့ပါသေးတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ မေလ ၂ ရက် ဒီနေ့အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့တဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း အယောက် (၆၆၀၀) ရှိပြီဖြစ်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဗန်းမော်က စစ်ကောင်စီရဲ့ အမှတ် (၅၀၁၄) တင့်ကားတပ်ရင်းကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် (၅၀၁၄) တင့်ကားတပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

မောတောင် မြို့သိမ်းတိုက်ပွဲမှ စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းမိကာ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိကြောင်း BPLA ထုတ်ပြန်

တနင်္သာရီတိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ နိုဝင်ဘာ ၁၄ ရက်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က ထုတ်ပြန်ပါတယ်။
Read More

ရေစကြိုနယ်က ထွက်လာသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရပြီး ဗိုလ်ကြီးတစ်ဦးအပါ ၃ ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရတဲ့အတွက် ဗိုလ်ကြီးတစ်ယောက်အပါအဝင် ၃ ယောက်သေဆုံးသွားတယ်လို့ ရေစကြိုမြို့နယ် ပကဖ ရဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ နိုဝင်ဘာ ၇ ရက် မနေ့က နေ့လယ် ၂ နာရီလောက်မှာ ရေစကြိုမြို့နယ် တပ်၃တပ်က အင်အား (၅၀) ဝန်းကျင်နဲ့ စုပေါင်းထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ပေကုန်းကျေးရွာရေတံခါးအနီး လမ်းကင်းယူနေချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။
Read More

ပုလဲမြို့နယ်က တောင်ယမားဆည်ကို မြို့နယ် ပအဖ သွားရောက်ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်နဲ့ လူသားစာနာတာဝန်ခံ၊ တိုက်နယ် ပအဖ ခေါင်းဆောင်တွေပ တောင်ယမားဆည်ဆီ သွားရောက်ပြီး ဆည်ရေအခြေအနေ၊ ရေပိုလွှဲကနေ ရေကျော်နေမှုနဲ့ ရေလွှတ်မြောင်းမကြီးက ရေလွှတ်ထားရှိမှုတို့ကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ ပုလဲမြို့နယ် ပအဖ က ထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ
Read More

ပြင်းထန်စွာဖြစ်ပွားနေသည့် နတ်ရေကန်အနီးတိုက်ပွဲအတွင်း CDF တပ်သားတစ်ယောက် ကျဆုံး

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ အမ်း- ပဒါန်းလမ်းပေါ်ရှိ၊ မကွေးတိုင်း ၊ ငဖဲမြို့နယ်ထဲက နတ်ရေကန်အနီးတိုက်ပွဲအတွင်းမှာ CDF တပ်သားတစ်ယောက် ကျဆုံးသွားတယ်လို့ Chin Defence Force - Asho တပ်ဖွဲ့ဆီက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့မှာ ချင်းမျိုးနွယ်စုအားလုံးနဲ့ အဖိနှိပ်ခံပြည်သူလူထုတွေကို ကာကွယ်ဖို့ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရင်း ရှေ့တန်းစစ်မြေပြင်မှာ ရဲဘော်ဆလိုင်းရဲမင်းထွန်း ကျဆုံးသွားတယ် လို့ Chin Defence Force - Asho တပ်ဖွဲ့ရဲ့ အမိန့်ပြန်တမ်းမှာ ထုတ်ပြန်ထားတာပါ။
Read More

တစ်လအတွင်း ရန်ကုန်တွင် အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခြင်းခံရသူ ၁၀၀ ကျော်ရှိ

အကြမ်းဖက်စစ်တပ်က ရန်ကုန်တိုင်းမှာ တစ်လအတွင်း နည်းမျိုးစုံနဲ့ အဓမ္မ ဖမ်းဆီးခဲ့သူ လူ ၁၀၀ ကျော်ရှိတယ်လို့ Rangoon Scout Network က ထုတ်ပြန်ပါတယ်။ ဒီစာရင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခံရသူတွေအနက် ၁၁၄ ယောက်ရဲ့ ဖြစ်စဉ်ကို Rangoon Scout Network က သိရှိခဲ့ရပြီး အဲဒီလူတွေထဲက အယောက် ၂၀ ကို စစ်မှုထမ်းသင်တန်းကျောင်းနဲ့ အကျဉ်းထောင်တွေဆီ စစ်တပ်က ပို့ဆောင်ခဲ့တယ်လို့ Rangoon Scout Network က ဆိုပါတယ်။