မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် အညာကတင်းကျေးရွာစာသင်ကျောင်းကို မေလ ၁ ရက် မနေ့က မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် (၈)နှစ်အရွယ် ကလေးငယ် ၁ ယောက်အပါအဝင် အမျိုးသမီး ၄ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံများထံက သိရပါတယ်။

စာသင်ကျောင်းနဲ့ နေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး ကလေးငယ် ၂ ယောက်လည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းတံတားသစ် ကြံ့ခိုင်မှုမရှိတော့တဲ့အတွက် မန္တလေးဘက်ကူးသူများ စက်လှေများ အသုံးပြုနေရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ကနေ မန္တလေးဘက်ကိုကူးတဲ့ တံတားတွေဟာ အသုံးပြုဖို့ မသင့်တော်တော့တဲ့အတွက် ဒေသခံတွေဟာ စက်လှေကို အဓိကအားထားနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

KNLA တပ်ရင်း ၇ နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ယာလာ့ပွာစခန်းကို တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

KNU ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ KNLA တပ်မဟာ(၃)နယ်မြေ၊ KNLA တပ်ရင်း(၇) နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ယာလာ့ပွာစခန်းကို ဧပြီ ၇ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

မင်းကင်းမြို့နယ် သင်တောရွာအနီး စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား၊ စစ်သား ၄ ယောက်သေပြီး ၁ ယောက် အရှင်ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် သင်တောရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားနဲ့ ပျူစောထီး ၄ ယောက်သေကာ ၁ ယောက် ဖမ်းမိခဲ့တယ်လို့ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုထံက သိရပါတယ်။
Read More

ပခုက္ကူနယ် တင်းဂါတ်ရွာ ပြည်သူ့စစ်ဂိတ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ပျူစောထီး ၂ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် တင်းဂါတ်ရွာ ပြည်သူ့စစ်ဂိတ်စခန်းကို အောက်တိုဘာ ၂၇ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ယောက်သေခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။
Read More

မဲစာရင်းမှားနေကြောင်း ဖြေရှင်းတဲ့ ပြည်သူကို မှော်ဘီမြို့ထွေ/အုပ်တာဝန်ရှိသူက ခွေးနဲ့ ခိုင်းနှိုင်း (ရုပ်/သံ)

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက မင်္ဂလာဒုံမြို့နယ်နေ ပြည်သူများကို မဲစာ ရင်းအတွင်း ထည့်သွင်းထားတဲ့အတွက် ပြည်သူများက လာရောက်ဖြေရှင်းရာမှာ ခွေးနဲ့ ခိုင်းနှိုင်းပြော ဆိုခဲ့ပါတယ်။ မင်္ဂလာဒုံမြို့နယ်အတွင်း နေထိုင်တဲ့ ပြည်သူတွေဟာ မှော်ဘီမြို့နယ်မှာပါ မဲစာရင်းထပ်မံပါနေတဲ့အတွက် သွားရောက်‌ဖြေရှင်းခဲ့ကြတာဖြစ်ပါတယ်။ ဒေသခံတစ်ဦးရိုက်ကူးထားတဲ့ ဗီဒီယိုအတွင်း ပြည်သူများက မင်္ဂလာဒုံမှာ မဲစာရင်းပါပြီးသားဖြစ်ကြောင်း ပြောဆိုနေစဉ်အတွင်း အုပ်ချုပ်ရေးမှူးဆိုသူက ပြည်သူများကို လက်ညိုးထိုးပြီး ''အားလုံးကို ကျွန်တော်ပြောမယ်။ ခွေးလိုလိုက်မအူကြနဲ့''လို့ ပြောဆိုခဲ့တာပါ။
Read More

ပြည်သူ့ကာကွယ်ရေးတပ်သားတွေရဲ့ တော်လှန်သစ္စာ

တော်လှန်သစ္စာရဲ့ နောက်မှာ အမြဲရပ်တည်နေမယ့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်သားများရဲ့ တာဝန်ထမ်းဆောင်မှုကို မြေပြင်အရောက်ပို့ဆောင်ပေးနေပါတယ်။