မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အညာကတင်းကျေးရွာက ၈နှစ်အရွယ် မိန်းကလေးငယ် အပါအဝင် အမျိုးသမီး ၄ ယောက် သေဆုံးခဲ့ကြောင်း ယောအလင်းတန်းအဖွဲ့က မောင်းကို ပြောပါတယ်။

မေလ ၁ ရက်၊ မနေ့က မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာက ဆောမြို့နယ်၊ အညာကတင်းကျေးရွာကို ပေါင် ၂၅၀ ဗုံး၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အညာကတင်းကျေးရွာ စာသင်ကျောင်း အပါအဝင် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ အညာကတင်းကျေးရွာကို တိုက်ပွဲလုံးဝဖြစ်ပွါးခြင်းမရှိဘဲ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အသက် ၈နှစ်အရွယ် မိန်းကလေးငယ် ၁ယောက် အပါအဝင် အမျိုးသမီး ၄ ယောက် ထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

“တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူများဖြစ်ကြတဲ့ ဒေါ်မကြည်လေး အသက် (၆၅) နှစ်ခန့်၊ ဒေါ်တင်တင်ခိုင် အသက် (၅၂) နှစ်၊ ဒေါ်ပြားသာ အသက် (၃၈) နှစ်တို့ နေရာတွင်ပွဲချင်းသေဆုံးခဲ့ပြီး မခွန်းဆက်ချို အသက် (၈)နှစ်အရွယ်မိန်းကလေးတစ်ယောက်လည်း နီးစပ်ရာဆေးခန်းကိုပို့ဆောင်ချိန်လမ်းမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာစာသင်ကျောင်းအပါအဝင် အိမ် (၅) လုံးခန်း ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်ခင်ဗျာ” လို့ ယောအလင်းတန်းအဖွဲ့က ​ပြောပါတယ်။

ပြီးခဲတဲ့ ဧပြီလ ၃၀ ရက်နေ့ကလည်း စစ်ကောင်စီက ယောနယ်အတွင်း ထီးလင်းမြို့နယ်၊ တောတွင်းတစ်နေရာကို လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ပေမယ့် လူအထိအခိုက်တော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

“၃၀ ရက်နေ့ကတစ်ခါ ထီးလင်းနယ်ထဲ ပစ်ပါတယ်။တောထဲကျလို့ အထိအခိုက်မရှိပါဘူး။ အခုပစ်ခဲ့သမျှ AS တွေလည်း ထီးလင်းနယ်ကိုတော့ အခေါက်တိုင်းလိုလို ဖြတ်တာဆိုတော့ အားလုံးကသတိထားနေကြရပါတယ်” လို့ ထီးလင်းနယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းကိုပြောပါတယ်။

စစ်ကောင်စီက အခုရက်ပိုင်းအတွင်း ယောနယ်ကို လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏလုပ်ဆောင်နေတာကြောင့် အရပ်သားတွေအနေနဲ့ ဗုံးခိုကျင်းတွေ မဖြစ်မနေတူးထားကြဖို့နဲ့ လေကြောင်းသတင်းတွေကို မပြတ်နားစွင့်ထားကြဖို့ ယောအလင်းတန်းက တိုက်တွန်းထားပါတယ်။

စစ်ကောင်စီလေကြောင်းကြောင့် အညာကတင်းကျေးရွာအတွင်း ထိခိုက်ပျက်စီးခဲ့မှုများ (ဓာတ်ပုံ ယောအလင်းတန်း)

0 Shares:
You May Also Like
Read More

လူထုခေါင်းဆောင် အပါအဝင် နိုင်ကျဉ်းအားလုံး လွတ်မြောက်ရေးနှင့် ပန်းသပိတ် (ဓာတ်ပုံသတင်း)

ကလေးဒေသခံ ပြည်သူလူထုဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် လမ်းပေါ်ထွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
Read More

စစ်ကောင်စီရဲ့ အောင်ဇေယျ ရှေ့တန်းစခန်းကို ဝင်ရောက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများစွာ ရရှိ

မြဝတီ ကော့ကရိတ် အာရှလမ်းပိုင်းမှာ အောင်ဇေယနာမည်နဲ့ စစ်ကြောင်းထိုးဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ရဲ့ ယာယီစခန်းတစ်ခုကို ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

သင်္ဃန်းကျွန်း၊ ကြီးပွားရေးရပ်ကွက်က စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူတွေရှိရာကို လက်ပစ်ဗုံး ပစ်ခတ် သတိပေး

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်က အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ ပျူစောထီးတွေရှိရာကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်သတိပေးတိုက်ခိုက်ခဲ့တယ်လို့ Mother Son မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ဗိုလ်နိုင်က မောင်းကို ပြောပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေသည့် ရဲဘော်များကို နေပြည်တော် ပကဖ တိုင်းတာဝန်ခံနှင့်အဖွဲ့ သွားရောက်တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုင်း-တာဝန်ခံ ရဲဘော်နောင်ချိုနဲ့အဖွဲ့ဟာ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ နေပြည်တော် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

PLA တပ်ဖွဲ့ရဲ့ စစ်ရေးပြလေ့ကျင့်မှု (ဓာတ်ပုံသတင်း)

ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA ရဲ့ အ နောက်မြောက်စစ်ဒေသ ၁/၂၀၂၄ အခြေခံစစ်ပညာသင်တန်း စစ်ရေးပြလေ့ကျင့်မှု နဲ့ ၃ မိုင် မနားတမ်း ချီတက်ခြင်း ကိုပြုလုပ်ခဲ့ကြောင်း PLA ကထုတ်ပြန်ပါတယ်။
Read More

CDM ကျောင်းဆရာမ ဒေါ်အေးသီအောင်နှင့် ခင်ပွန်းဖြစ်သူအား သတ်ခဲ့သည့် တရားခံများကို ဖမ်းမိကြောင်း KNU ထုတ်ပြန်

တနင်္သာရီတိုင်း၊ ပုလောမြို့မှာ နေထိုင်တဲ့ CDM ပညာရေးဝန်ထမ်း ဒေါ်အေးသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ အသတ်ခံရမှုအတွက် တရားခံတွေကို ဖမ်းမိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ဒီနေ့ည ထုတ်ပြန်ပါတယ်။