ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ရဲ့ ဗျူဟာအမှတ်(၇) တပ်ဖွဲ့  ဖွဲ့စည်းခြင်းတစ်နှစ်ပြည့် အခမ်းအနားကို မေလ ၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

KNDF ဗျူဟာအမှတ်(၇)ရှိ တပ်ရင်းတွေ ဖြစ်တဲ့ တပ်ရင်း ၂၅ ၊ ၂၆ ၊ ၂၇ နဲ့ ၂၈ က တပ်ဗိုလ်တပ်မှူးတွေနဲ့ ရဲဘော်ရဲဘက်တွေက တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားမှာ အလံတင်အလေးပြုခြင်း အစီအစဥ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် KMDF ဗျူဟာ အမှတ် (၇) ရှိ ကျဆုံးရဲဘော်တွေအတွက် အောက်မေ့သတိရခြင်း အစီအစဥ် ပြုလုပ်ခဲ့ပြီး ရှေ့ဆက်တော်လှန်ရေးလုပ်ငန်းစဉ်တွေအတွက်ပါ အမှာစကားပြောကြားတာတွေနဲ့ ရဲဘော်ရဲဘက်တွေ တွေ့ဆုံပွဲတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်မှာ ရဲ ၁ ယောက်ကို ရှင်းလင်းခဲ့သူတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် လက်နက်နဲ့တကွ ပကဖထံ ထွက်ပြေးခိုလှုံ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရဲ၁ယောက်ကို ပစ်ခတ်ရှင်းလင်းပြီး အလင်းဝင်လာသူတွေအပါအဝင် စစ်​ကောင်စီတပ်သား၄ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ခိုလှုံလာကြောင်း မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
Read More

မိုးမောက်နဲ့ ဗန်းမော်ကြား KIA သိမ်းပိုက်ထားတဲ့ တပ်စခန်းကို စစ်ကောင်စီ ပြန်လည်ထိုးစစ်ဆင်နေ

စစ်ကောင်စီက မိုးမောက်နဲ့ ဗန်းမော်မြို့ကြားက KIA ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်စခန်းကို ပြန်လည်ရရှိဖို့ ထိုးစစ်ဆင်နေတယ်လို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။ 
Read More

သီပေါမြို့ကို အကြမ်းဖက်စစ်တပ် ဗုံး ၄ လုံး ကြဲချမှုကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၁၃ လုံး ပျက်စီး

ရှမ်းပြည်နယ်အတွင်း တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားရာ သီပေါမြို့ကို အကြမ်းဖက်စစ်တပ်က ထပ်မံလေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၃ လုံး ပျက်စီးသွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ရေနံချောင်းမြို့နယ်ကို စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး အရာရှိ ၁ဦးသေ၊ အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ People’s Defence Force – Yenangyaung (YNG-PDF) က ထုတ်ပြန်ပါတယ်။
Read More

စစ်ကော်မရှင်ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်ရင်း အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့၏ စခန်းမှူး ဥသြ ကျဆုံး

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကော်မရှင်ယာဥ်တန်းကို မိုင်းဆွဲပစ်ခတ်ရင်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ စခန်းမှူး ရဲဘော် အောင်ဇင်မျိုး (ခ) ဥသြ ကျဆုံးခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်းမှ စစ်သား ၃ဦး လက်နက်ယူဆောင် အလင်းဝင်လာခဲ့

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက စစ်သား ၃ ယောက်ဟာ လက်နက်အချို့ကို ယူဆောင်ကာ အလင်းဝင်ရောက်လာတယ်လို့ ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲက ဒီနေ့ ထုတ်ပြန်ပါတယ်။