ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီက ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေ တရုတ်အစိုးရ ကြားဝင်စီစဉ်မှုနဲ့ ပြုလုပ်တဲ့ ကူမင်းတွေ့ဆုံဆွေးနွေးပွဲ ပြီးဆုံးခဲ့ပြီဖြစ်တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်မှုနဲ့ ဧပြီလ (၂၈) ရက်နဲ့ (၂၉)ရက်တွေမှာ TNLA ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေဟာ အပစ်အခတ်ရပ်စဲနိုင်ဖို့အတွက် တရုတ်ပြည်၊ ကူမင်းမြို့မှာ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကိုယ်စားလှယ်တွေက TNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စတဲ့ ဒေသတွေကနေ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တဲ့ နမ့်ဆန်နဲ့ မန်တုံမြို့နယ်အတွင်းထိ TNLA တပ်ဖွဲ့အားလုံး ပြန်လည်ဆုတ်ခွါဖို့ တောင်းဆိုမှုကို PSLF ကိုယ်စားလှယ်တွေ သဘောမတူနိုင်တာကြောင့် နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှု ထပ်ဆင့်မတိုးနိုင်သေးဘဲ ပြီးဆုံးခဲ့တယ်လို့ TNLA က ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ TNLA တပ်တွေ နှစ်ဖက်အပစ်အခတ်ရပ်စဲနိုင်ဖို့အတွက် လာမယ့်ဩဂုတ်လမှာ ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာ လေကြောင်းဗုံးကြဲခြင်း၊ လက်နက်ကြီးတွေ ပစ်ခတ်ခြင်း၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင်ခြင်းစတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေအားလုံးရပ်တန့်ဖို့၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့၊ ဒေသတည်ငြိမ်အေးချမ်းဖို့နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA လို တစ်ဆင့်တိုး အပစ်ခတ်ရပ်စဲရေး ပြုလုပ်နိုင်ဖို့အတွက် တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းက ကမကထပြု အလေးထားကြိုးပမ်းပြီး နှစ်ဖက်တွေ့ဆုံမှုတွေ အလျင်အမြန်တိုးတက်လာစေအောင် ဆောင်ရွက်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မိုးဗြဲတိုက်ပွဲမှာ နေပြည်တော် ပကဖ ရဲ့ စစ်ကြောင်းမှူးနှင့် ရဲဘော် ၁ ဦး ပြင်းထန်ဒဏ်ရာရ

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့နယ်တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော် (နေပြည်တော် ပကဖ) ရဲ့ တိုက်ခိုက်ရေးအဖွဲ့က စစ်ကြောင်းမှူးနဲ့ ရဲဘော် ၁ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပဲခူးခရိုင် PDF အမှတ် (၂) တပ်ရင်းဆီ စစ်ကောင်စီ၏ စစ်မှုထမ်းဆင်း တပ်သားသစ် ၁ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းက စစ်မှုထမ်းဆင်း စစ်သားသစ်တစ်ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်၊ အမှတ် ( ၂ ) တပ်ရင်း ၊ P2-3702 က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးတိုင်းအတွင်း တိုက်ပွဲတစ်နေရာတွင် ဥဒေါင်းမင်းစစ်ကြောင်း ရဲဘော် ၂ ဦး ကျဆုံး

မန္တလေးတိုင်းထဲက ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း ဖက်ဒရယ်ပြည်ထောင်စု လွတ်မြောက်ရေးတပ်တော် တပ်ရင်းအမှတ် ၁၇၅ ဥဒေါင်းမင်းစစ်ကြောင်းက ရဲဘော် ၂ယောက် ကျဆုံးခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်အာဏာသိမ်း ၄နှစ်တာအတွင်း နိုင်ငံက အဆိုးဘက်ကနေ အကောင်းဘက်ကို ဦးတည်နေသည်ဟု အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး မြင့်စိုးက ဝါဒဖြန့်

စစ်တပ်ကတာဝန်ယူထားတဲ့  ၄နှစ်တာအတွင်း တိုင်းပြည်ဟာ အဆိုးဘက်ကနေအကောင်းဘက်ကိုပြောင်းလာတာကြောင့် ပြည်သူကအကဲခတ်နိုင်ပြီလို့ အာဏာသိမ်း စစ်တပ်က အငြိမ်းစားရယူထားတဲ့ ဒုဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောပါတယ်။
Read More

ဒေါ်ကြည်ပြာအမှု အမှန်တရား ဖော်ထုတ်မည်ဟု ဒေါက်တာဇော်ဝေစိုး ပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ပတ်သက်တဲ့ အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေပြီး အမှန်တရားအတိုင်း ဖော်ထုတ်သွားမယ်လို့ ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောလာပါတယ်။
Read More

သန်းခေါင်စာရင်းကောက်နေသူ ၉ယောက်ကို လောင်းလုံး ပကဖ ဖမ်းဆီး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့မှာ စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်းကောက်ယူနေတဲ့ လူ၉ ယောက်ပါတဲ့ အဖွဲ့ကို ဖမ်းဆီးခဲ့တယ်လို့ လောင်းလုံးပကဖ သတင်းပြန်ကြားရေးတာ၀န်ခံက အတည်ပြုပြောဆိုပါတယ်။