ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချပြီး ဒရုန်း၊ ဟောင်ဝေဇာတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

မေလ (၁)ရက် မနေ့က ညနေပိုင်းမှာ နောင်ချိုမြို့နယ်၊ လုံခံကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က တောင်ခမ်းကျေးရွာရှိ (၃၅၄)တပ်စခန်းကနေ တအာင်းအမျိုးသားလွတ်မြောက်တပ်မတော်-TNLA တည်ရှိရာကို ဒရုန်းတွေနဲ့ ဗုံးကြဲချခြင်း၊ ဟောင်ဝေဇာလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့နယ်အတွင်း လက်နက်ကြီး (၂၆)လုံး၊ အဆိပ်ငွေ့ ဗုံး (၃၇)လုံး ပစ်ခိုက်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က TNLA အုပ်ချုပ်တဲ့ မြို့နယ်တွေကို စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနဲ့ တိုက်ပွဲမဖြစ်ပွားတဲ့ နေရာတွေမှာ လေကြောင်းကနေ ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး ဗုံးကြဲချခြင်းတွေ ပြုလုပ်နေတယ်လို့ TNLA က ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်အောင် စစ်ရေးသတိအမြဲရှိဖို့ လိုအပ်ပြီး လေကြောင်းရန်ကနေ ကာကွယ်နိုင်အောင် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ကြဖို့ TNLA က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

သေနတ် ၂ လက်နဲ့ အလင်းဝင်လာတဲ့ စစ်သားကို ငွေကျပ်သိန်း ၁၀၀၊ Redmi Note 13 Pro ဖုန်းတစ်လုံး ဆုချီးမြှင့်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က စစ်ကောင်စီရဲ့ ခလရ (၂၅၂) မှာ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံခဲ့ရတဲ့ စစ်သား ၁ ယောက်ဟာ သေနတ် ၂ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ Burma Revolution Rangers က ထုတ်ပြန်ထားပါတယ်။
Read More

ကော့သောင်းတွင် စစ်မေးဖို့ခေါ်လာသည့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်မှာ စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်လာတဲ့ အကြမ်းဖက်စစ်တပ်လက်ဝေခံ ပျူစောထီးတွေ ပြန်လည်ခုခံထွက်ပြေးတာကြောင့် အသေပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး ကျားကြီးက မောင်းကို ပြောပါတယ်။
Read More

မြင်းခြံတွင် စစ်အုပ်စုဂိတ်စခန်း ပြောက်ကျားတိုက်ခိုက်ခံရပြီး စစ်သား ၂ ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ပေါ်က စစ်အုပ်စုအထိုင်စခန်းကို ပြောက်ကျားသွားရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား၂ယောက် သေဆုံးကြောင်း Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

ရိုဟင်ဂျာ ၆၀၀ ကျော်သတ်ဖြတ်ခံရကြောင်း စွပ်စွဲခံရမှုအပေါ် သေဆုံးသူများသည် စစ်ကောင်စီတပ်သားများသာ ဖြစ်ကြောင်း AA ငြင်းဆို

ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေကနေ စွပ်စွဲထားသလို အာရက္ခတပ်တော် (AA) ဟာ ရိုဟင်ဂျာတွေကို သတ်ဖြတ်ခဲ့တာ မဟုတ်ကြောင်း AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ်လ ၁၁ ရက် ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

ရသေ့တောင်မြို့နယ်တွင် စစ်တပ် ဗုံးကြဲမှုကြောင့် ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်ကို အကြမ်းဖက်စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နတ်မြစ်ထဲ ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေကို AA ပစ်ခတ်ဟုဆို

“မနက်က (ပြီးခဲ့တဲ့တနင်္လာနေ့) ဂျလီယာပရာ တဖက်ကမ်း နတ်မြစ်ထဲကို ငါးဖမ်းသမား ၃ ယောက် ငါးသွားဖမ်းပါတယ်။ ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ထဲကနေ မြန်မာပိုင်နက်ထဲကျော်သွားတော့ အာရက္ခတပ်က သူတို့ကို ပစ်လိုက်တာ ၂ ဦး ဒဏ်ရာရသွားတယ်”လို့ တက္ကနက်ဒေသ အုပ်ချုပ်ရေးမှူး Sheikh Ehsan Uddin က ပြောပါတယ်။