ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အရှေ့ပိုင်းမှာရှိတဲ့ ဒမငယ်ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မေလ ၂ ရက်၊ ဒီနေ့ မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

စစ်တပ်နဲ့ ပျူစောထီးတွေရှိနေတဲ့ ဒမငယ်ရွာရဲကင်းစခန်းကို ဒီနေ့မနက် ၄နာရီဝန်းကျင်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိကာ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Phoenix DF တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒမငယ်ရဲကင်းစခန်းကို ပဲခူးတိုင်းစစ်ဌာန၊ အမှတ်(၂၂) ဗျူဟာ၊ သာယာဝတီခရိုင်၊ အမှတ်(၁)တပ်ရင်း (P23801) တပ်ခွဲ (၂) Phoenix DF၊ တပ်ခွဲ(၆) Ayeyar Nyi Naung နဲ့ နတ်တလင်းမြို့ ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန် တစ်နာရီအတွင်း စစ်ကောင်စီဘက်က ၂ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိထားတဲ့ ပျူ‌စောထီး၂ ယောက် တောင်ညိုကွက်သစ် ဆေးရုံမှာ ဆေးကုသမှုခံယူနေကြောင်းနဲ့ ၁ယောက်ကတော့ ဆေးကုသနေချိန် သေဆုံးသွားကြောင်း Phoenix DF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒါ့အပြင် ဒမငယ်ရဲကင်းစခန်းတိုက်ပွဲက​နေ G3 ၁ လက်၊ MA3 ၁ လက်၊ ကာဘိုင် ၃ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ၆၀ သီး ၉ လုံး၊ ပလတ်စတစ်နင်းမိုင်း ၅ လုံး၊ ယာဉ်ဖျက်မိုင်း ၄ လုံးနဲ့ G3 ကျည် ၁၂၀ တောင့်တို့ကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒမငယ်ရဲစခန်းတိုက်ပွဲအတွင်း ပါဝင်ခဲ့သည့် သာယာဝတီခရိုင် PDF တပ်ရင်းတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ Phoenix DF)

0 Shares:
You May Also Like
Read More

မိုးဗြဲနှင့် စလင်းဘက်တွင် အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းထိုးနေသည့်အတွက် လမ်းပိုင်းအချို့ကို ကာကွယ်ရေးတပ်ဖွဲ့များ ပိတ်ထား

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တွင်း နေရာတော်တော်များများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတဲ့အတွက် လမ်းပိုင်းတချို့ကို ပိတ်ထားတယ်လို့ ရှမ်းတောင် - (ကယား) ကရင်နီတပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။
Read More

တာဝန်ရပ်စဲခံခဲ့ရသည့် ကနီမြို့နယ် လျှပ်စစ်စွမ်းအင် ဆောက်လုပ်ရေးတာဝန်ခံဟောင်း ကိုကျော်ဇေထွန်းကို ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့က လာရောက်ဖမ်းဆီး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနကနေ တာဝန်ရပ်စဲခံခဲ့ရတဲ့ ကနီမြို့နယ် လျှပ်စစ် စွမ်းအင် ဆောက်လုပ်ရေးတာဝန်ခံ ကိုကျော်ဇေထွန်းကို ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မင်းအောင်လှိုင် ဦးဆောင်သည့် ဟန်ပြရွေးကောက်ပွဲနှင့် စစ်ကော်မရှင်ကို အမြစ်ဖြတ် နှိမ်နင်းရမည်ဟု KNPP ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က နိုင်ငံရေးလှည့်စားမှုအဖြစ် ကျင်းပဖို့ စီစဥ်နေတဲ့ အတုအယောင် ဟန်ပြရွေးကောက်ပွဲကို ကန့်ကွက်တားဆီးကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်နေတဲ့ စစ်ကော်မရှင်ကို အမြစ်ဖြတ် ဖြိုခွဲနှိမ်နင်းသွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျောက်မဲမြို့နယ် တအာင်းစာအဖွဲ့ – TLA ၏ အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပန်ဖျက်ကျေးရွာမှာ တအာင်းစာအဖွဲ့-TLA က အခြေခံတအာင်းရုံးသုံးစာ သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံးများ ပစ်ခတ်မှု ၆ဦး ဒဏ်ရာရကာ အဆောက်အအုံများ ထိခိုက်ပျက်စီး

ငလျင်လှုပ်ခတ်မှုအပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့ နေပြည်တော် အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှုမှာ ၆ယောက် ထိခိုက်ဒဏ်ရာရရှိကာ အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) က ဒီနေ့ ထုတ်ပြန်လာပါတယ်။
Read More

တောင်သာမြို့မှာ စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့ အနောက်ဘက်က ရွာတွေကို စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၁၀ ရက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။