မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် MNDAA ၊ ရက္ခိုင့်တပ်တော် AA နဲ့ တအာင်းတပ်မတော် TNLA တို့ဟာ အပစ်အခတ်ရပ်စဲရေးကာလကို ၁ လ ထပ်မံ သက်တမ်းတိုးကြောင်း မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ အဆောက်အအုံတွေ ရှင်းလင်းဖယ်ရှားဖို့နဲ့ အပျက်အစီး အဆောက်အအုံတွေအကြား အသက်ရှင်ကျန်ရစ်နေတဲ့ လူနဲ့အိမ်မွေးတိရစ္ဆာန်တွေ ရှာဖွေကယ်ဆယ်ရေးလုပ်နိုင်ဖို့အတွက် ညီနောင် ၃ ဖွဲ့က တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ဧပြီလ ၁ ရက်ကနေ ဧပြီလ ၃၀ ရက်အထိ ကြေညာခဲ့ပြီးနောက် လက်ရှိမှာ မေလ ၁ ရက်ကနေ မေလ ၃၁ ရက်အထိ ထပ်မံ သက်တမ်းတိုးကြောင်း ကြေညာလိုက်တာဖြစ်ပါတယ်။

၁ လတာ ကြာတဲ့အထိ ငလျင်ဒဏ် ရှင်းလင်းဖယ်ရှားရေးလုပ်ငန်းတွေ ထိရောက်စွာ မလုပ်ဆောင်နိုင်သေးတာကြောင့် ငလျင်နောက်ဆက်တွဲ လုပ်ငန်းတွေနဲ့ ဆက်စပ်လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်အောင် လူသားချင်းစာနာထောက်ထားမှုကို ရှေးရှုပြီး တစ်ဖက်သတ်အပစ်ရပ်ကာလကို နောက်ထပ် ၁ လ ထပ်မံသက်တမ်း တိုးတာဖြစ်တယ်လို့ ညီနောင် ၃ ဖွဲ့က ဆိုပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာ ခုခံကာကွယ်တဲ့ တုံ့ပြန်မှု မျိုးကလွဲပြီး စတင်ထိုးစစ်ဆင်တိုက်ခိုက်တာမျိုး ပြုလုပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီကတော့ ဧပြီလ ၂ ရက်ကနေ ဧပြီလ ၃၀ ရက်အထိ အပစ်အခတ်ရပ်စဲရေး ၂ ကြိမ်ကြေညာခဲ့ပေမယ့် လက်တွေ့မြေပြင်မှာ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ စစ်ကြောင်းထိုးတာတွေကို ဆက်တိုက် လုပ်ဆောင်နေခဲ့ပြီး မေလ ၁ ရက်မှာလည်း အပစ်အခတ်ရပ်စဲရေးကို ထပ်မံသက်တမ်းတိုးတာမျိုး လက်ရှိအချိန်အထိ မလုပ်ဆောင်သေးတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မူးယစ်ဆေးဝါးသယ်ဆောင်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် တာဝန်ခံတစ်ဦး SSTF တပ်ဖွဲ့ထံ လာရောက်အဖမ်းခံ

ချင်းပြည်နယ်မြောက်ပိုင်း၊ ဟားခါးမြို့နယ်မှာ CDF - Hakha တပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ မူးယစ်ဆေးဝါးသယ်ဆောင်မှုမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ တာဝန်ခံတစ်ယောက်ဟာ Salingyi Special Task Force (SSTF) တပ်ဖွဲ့ထံ လာရောက်အဖမ်းခံခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ် ။
Read More

ငလျင်ကြောင့် ကွယ်လွန်ခဲ့သည့် ပြည်သူများအတွက် ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ ကုသိုလ်ပြု

မြန်မာနှစ်ဆန်း (၁)ရက်နေ့မှာ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က စစ်ကိုင်းပြတ်ရွေ့ ငလျင်‌ကပ်ဘေးကြီးအတွင်း ကွယ်လွန်သွားတဲ့ ပြည်သူတွေအတွက် ရည်စူးပြီး ရန်ကုန်မြို့မှာ ကုသိုလ်ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ဝေါလေလမ်းပိုင်းမှာရှိတဲ့ ရွှေအေးမြိုင် ဘုရားကုန်းက အကြမ်းဖက်စစ်တပ် ကာကင်းစခန်းက စစ်သား ၁၆ဦးလတ်နတ်ခဲယမ်းများနဲ့အတူ အလင်းဝင်ရောက်လာ

ကရင်ပြည်နယ်၊ ဝေါလေလမ်းပိုင်းမှာရှိတဲ့ ဥကရစ်ထစခန်းရဲ့ ကာကင်းကုန်းဖြစ်တဲ့ ရွှေအေးမြိုင်ဘုရားကုန်းစခန်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ်က ဗိုလ်ကြီးအဆင့်အပါအဝင် စခန်းတခုလုံးက စစ်သားတွေ KTLA စစ်ကြောင်းဆီကို လက်နတ်ချအလင်းဝင်ရောက်ခဲ့တယ်လို့ KTLA တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ဖိအားပေး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုး NUG လက်ခံမှာမဟုတ်ဟု ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ပြော… နျူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဟာ မြန်မာနိုင်ငံတင်မက ဒေသတွင်းနိုင်ငံများနှင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိပါးလာနိုင်ဟု ဆို…

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံတစ်နိုင်ငံရဲ့ ဖိအားပေး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုးကို လက်ခံမှာမဟုတ်ဘူးလို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ်(Press Briefing) - ၁၀/၂၀၂၅" မှာ ပြောဆိုလိုက်ပါတယ်။
Read More

မော်လမြိုင်မှာ စစ်ကောင်စီခန့် အုပ်ကြီးတွေ ဦးဆောင်ပြီး အာဝါဒေးပွဲတွေ ကျင်းပကာ ပေါ်ပေါ်တင်တင် လောင်းကစားလုပ်နေကြ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ပြီး အာဝါဒေးပွဲ (လောင်းကစားပွဲ) တွေကို ကျင်းပပြုလုပ်နေတယ်လို့ဒေသခံတွေကမောင်းကိုပြောပါတယ်။
Read More

နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အောက်တိုဘာလအတွင်း ၁၈ နှစ်အောက် ပြည်သူ (၂၈) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အောက်တိုဘာလအတွင်း အသက် (၁၈) နှစ်အောက် အရပ်သားပြည်သူ (၂၈) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။